Season 1 [Complete] ဒီတစ်ခါ cm ပရိသတ်ကြီးကို ဥပဒေရေးရာ စီးရီးတစ်ခုဖြစ်တဲ့ Judge Me Not နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB မှာ Rating 7.8အထိ ရထားတဲ့ အပိုင်း ၈ ပိုင်းပါတဲ့ Legal Drama စီးရီးကောင်း တစ်ခု ဖြစ်ပါတယ်။ ဇာတ်ကြောင်း အသက် ၃၁ နှစ်အရွယ်နဲ့တင် တရားသူကြီး နေရာကို မဲအနိုင်ရရှိပြီး ရောက်လာတဲ့ ဇယ်မာဂျေးဂျွန်ဆန် ဟာ ဒီလိုရာထူးနေရာအတွက် ပထမဆုံး လူငယ် လူမည်းအမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ သူမဟာ ကိုယ်တိုင် စိတ်ကျန်းမာရေး ပြဿနာ၊ လက်တွဲဖော် အမျိုးသားနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်တာတွေ၊ ရှုပ်ထွေးတဲ့ မိသားစုဘဝတွေ ရှိနေပေမယ့် သူမကြုံဆုံရတဲ့ အမှုကိစ္စတွေကို ဘယ်လိုကျော်လွှား ဖြေရှင်းဖို့ ကြိုးစားလဲဆိုတာကို ရိုက်ကူးတင်ဆက် ပြထားပါတယ်။ ဒီစီရီးက တရားသူကြီး လင်းတိုလာရဲ့ အမှန်တကယ် ဘဝ ဇာတ်ကြောင်းတွေကို တစ်စိတ်တပိုင်း မှီငြမ်းပြီး ရိုက်ကူးထုတ်လုပ် ထားတာပါ။ ရုံးခွင်တွင်းမှာ သာမက လက်တွေ့ပြင်ပလောကမှာ သူမ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ထည့်သွင်းရိုက်ကူးထားတာကြောင့် အမျိုးသမီး Inspiring ဇာတ်ကောင်တစ်ဦးအနေနဲ့ ကြည့်ရှုသင့်တဲ့ စီးရီးလေးတစ်ခုလို့ Recommand ပေးချင်ပါတယ်။ File Size – 734 MB / 317 MB Quality –WEB-DL 1080p , 720p Episodes - 8 Eps Duration - 42 min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Translator – Aoi , Alice , Austin , Muse , Aung Khant Paing Encoder – Min Wai
ဇာတ်ကားကြည့်ရန်