Little Lorraine (2026) ဒီတခါမှာတော့ IMDb 7.6/10 ရရှိထားပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Stephen Amell, Sean Astin နဲ့ နာမည်ကျော်ဂီတပညာရှင် J Balvin တို့ ပါဝင်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးကတော့ 1980s ကာလအတွင်း ကနေဒါနိုင်ငံရဲ့ ဆင်းရဲတဲ့ တံငါသည်ရွာလေးအကြောင်း crime ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဆိုးရွားတဲ့ မတော်တဆတစ်ခုကြောင့် နယ်ခံကျောက်မီးသွေးတွင်းကြီး ပိတ်လိုက်ရပြီးတဲ့နောက်မှာ မြို့သားတွေ အလုပ်ပြုတ်ကုန်ကြပြီး သူတို့မိသားစု စားဝတ်နေရေးအတွက် ပိုက်ဆံအသည်းအသန် လိုလာကြပါတယ်။ အသက်ရှင်သန်နိုင်ဖို့အတွက် နယ်ခံတံငါသည်တွေက သူတို့ရဲ့လှေတွေကိုသုံးပြီး ရာဇဝတ်သားတွေ တောင်အမေရိကကို ကိုကိန်းမှောင်ခိုရောင်းဝယ်နိုင်ဖို့အတွက် စပြီး ကူညီပေးလာကြပါတော့တယ်။ သူတို့တွေက ဆေးတွေကို ရဲတွေဆီကနေ ဖွက်ဖို့အတွက် အခေါင်းတလားတွေထဲမှာ ထည့်ပြီး မသိအောင် နိုင်ငံအနှံ့ ကုန်ကူးကြပါတယ်။ အဲဒီထဲမှာ Tommy ဆိုတဲ့ မိသားစုရှိတဲ့အမျိုးသားတစ်ယောက်ကလည်း မလွှဲသာလို့ ဒီဒုစရိုက်လုပ်ငန်းကြီးထဲမှာ ပါနေမိတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ရဲတွေနဲ့ အန္တရာယ်များတဲ့ ရာဇဝတ်သမားတွေ ထိပ်တိုက်တွေ့ခါလုနီးပါးဖြစ်လာချိန်မှာတော့ နယ်ခံမြိုသားတွေက သူတို့အသက်လည်းချမ်းသာပြီး ထောင်ကပါလွတ်အောင် ကြိုးစားနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲ ဆက်ပြီးကြည့်ရှုလို့ရပါတယ်။ File size… (1.9 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama Duration…. 01:55:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်