Fantasy Life (2026) +++++++++++ ဇာတ်လိုက်မင်းသား ဆမ် (Sam) က ဥပဒေကျောင်းကနေ ထွက်ထားပြီး အလုပ်အကိုင်မရှိ၊ စိတ်ဓာတ်တွေကျ၊ စိုးရိမ်စိတ်တွေလွန်ကဲနေတဲ့ ကောင်လေးတစ်ယောက်ပေါ့။ တစ်နေ့တော့ သူက သူ့စိတ်ကျန်းမာရေးဆရာဝန်ရဲ့မြေးမလေး သုံးယောက်ကို ကလေးထိန်းပေးရတဲ့ အလုပ်တစ်ခုကို မထင်မှတ်ဘဲ ရသွားပါလိမ့်ရော။ အဲဒီမှာတင် ပြဿနာကစတာပဲ။ ကလေးတွေရဲ့အမေ ဖြစ်သူ ဒီယန် (Dianne) နဲ့ တွေ့ပြီး မင်းသားက ကြွေမိသွားတယ်။ ဒီယန်က အိမ်ထောင်ရေးအဆင်မပြေဖြစ်နေပြီး မင်းသမီးက ဘဝမှာလည်း အောင်မြင်မှုတွေ ပျောက်ဆုံးနေတဲ့အိမ်ထောင်ရှင် မတစ်ယောက်ပေါ့။ သူတို့နှစ်ယောက်က စိတ်ဒဏ်ရာချင်း၊ စိတ်ကျန်းမာရေးပြဿနာချင်း တူညီကြတော့ စကားတွေပြောရင်းနဲ့ ပိုပြီး ရင်းနှီးလာကြပါတယ်။ ဇာတ်လမ်းက ပိုကမောက်ကမဖြစ်လာတာက သူတို့တစ်မိသားစုလုံး (ကလေးတွေ၊ ယောက်ျားဖြစ်သူနဲ့ အဘိုးအဘွားတွေအပါအဝင်) Martha's Vineyard ကို နွေရာသီအပန်းဖြေခရီးထွက်တဲ့အခါ မင်းသားပါ လိုက်သွားရတဲ့ အပိုင်းပါပဲ။ နယူးယောက်မြို့ရဲ့အငွေ့အသက်တွေနဲ့ ရိုက်ကူးထားပြီး မိသားစုကြားက ရှုပ်ထွေးမှုတွေ၊ အချစ်တွေ၊ ဟာသတွေကို တစ်ပြိုင်နက်တည်း ခံစားရမှာပါ။ ဒါက SXSW ရုပ်ရှင်ပွဲတော်မှာ Audience Award (ပရိသတ်အကြိုက်ဆုံးဆု) အပြင် တခြားဆုတွေပါ ရထားတာဆိုတော့ အရည်အသွေးကတော့ ပြောစရာမလိုဘူးပေါ့။ ဝါရင့်မင်းသမီး Amanda Peet နဲ့အတူ Alessandro Nivola, Judd Hirsch, Holland Taylor စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ အများကြီးပါဝင်ထားပါတယ်။ သာမန်အချစ်ဟာသကားတွေလိုမျိုး ပေါ့ပျက်ပျက်မဟုတ်ဘဲ လူတွေရဲ့စိတ်ဒဏ်ရာနဲ့ ဆက်ဆံရေးတွေကို သဘာဝကျကျ၊ ရယ်စရာလေးနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။ File Size… (973MB) / (634MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 31m Genre ….Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်