Showing Up
ပန်းပုပညာရှင် လစ်ဇီဟာ အရည်အချင်းရှိသူတစ်ယောက်ပေမယ့် သူ့ပြိုင်ဘက်လည်းဖြစ်၊ အိမ်ပိုင်ရှင်လည်းဖြစ်တဲ့ ဂျိုနဲ့တော့ ဆက်ဆံရေး သိပ်မပြေလည်ပါဘူး။ တစ်နေ့မှာ ဂျိုက ဒဏ်ရာရနေတဲ့ခိုတစ်ကောင်ကို ကယ်တင်ပြီး လစ်ဇီကို ခဏကြည့်ပေးထားဖို့ အပ်ခဲ့တယ်။ အဲဒီနေ့က လစ်ဇီရဲ့ ပန်းပုရုပ်တွေ အပြီးလုပ်ရမယ့်နေ့နဲ့ တိုက်နေတော့ အလုပ်တစ်ဖက်၊ ခိုကို စောင့်ရှောက်ရတာတစ်ဖက်နဲ့ မအားမလပ် ဖြစ်နေပါတော့တယ်။ နောက်တစ်နေ့မှာ အပူပေးထားတဲ့ ပန်းပုရုပ်တွေကို သွားကြည့်ရာက အရုပ်တစ်ရုပ် လောင်သွားတာကို တွေ့လိုက်ရတယ်။ ပြပွဲမှာ အဲဒီပန်းပုရုပ်ကိုပဲ ပြသဖြစ်မလား၊ လစ်ဇီနဲ့ ဂျိုတို့ကြားက ဆက်ဆံရေး ဘယ်လိုပြောင်းလာမလဲဆိုတာနဲ့အတူ လစ်ဇီရဲ့ ရှုပ်ထွေးတဲ့ မိသားစုဆက်ဆံရေးတွေကိုလည်း ပြထားပါတယ်။ ၂၀၂၂ ခုနှစ်ထွက် ဒရာမာဟာသကားဖြစ်ပြီး အနုပညာကျောင်းမှာ သင်ကြားကြပုံနဲ့ ဖန်တီးမှုလက်ရာတွေကို ထည့်သွင်းထားပါတယ်။ ရိုက်ချက်နဲ့ အလင်းအမှောင်အသုံးအနှုန်းတွေမှာလည်း ပန်းချီကားတစ်ချပ်လို ခံစားရစေတဲ့ တင်ဆက်ပုံကို သုံးထားပါတယ်။
ဇာတ်လမ်းအကြောင်း