Sunny Dancer (2026) IMDb Rating (7.1) / Rotten Tomatoes (85%) ဒီဇာတ်ကားလေးကတော့ Bella Ramsey (The Last of Us, Game of Thrones), Neil Patrick Harris (How I Met Your Mother), Jessica Gunning (Baby Reindeer) နဲ့ James Norton တို့ ပါဝင်ထားပြီး IMDb Rating: 7.1 / 10 အထိ ရထားတဲ့ ကားကောင်းလေး ဖြစ်ပါတယ်။ ကင်ဆာရောဂါ ပျောက်ကင်းသွားတဲ့ ၁၇ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး Ivy ရဲ့ ဘဝအလှည့်အပြောင်းကို ရိုက်ကူးထားတဲ့ ဗြိတိန် Comedy, Drama & Romance ရုပ်ရှင်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း အသက် ၁၇ နှစ်အရွယ် Ivy က သွေးကင်ဆာရောဂါကို အောင်မြင်အောင် တိုက်ဖျက်နိုင်ခဲ့ပြီး ရောဂါပျောက်ကင်းသွားတာ ၁၀ လလောက် ရှိနေပါပြီ။ ဒါပေမဲ့ ရောဂါကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာကြောင့် သူမက ဘယ်သူနဲ့မှမရောဘဲ တစ်ယောက်တည်း အထီးကျန်ဆန်နေခဲ့ပါတယ်။ ဒါကို စိတ်ပူတဲ့ မိခင်နဲ့ဖခင်ဖြစ်သူက သူမကို စကော့တလန်မှာရှိတဲ့ အထူးနွေရာသီစခန်းတစ်ခုကို ပို့လိုက်ပါတယ်။ အဲဒီစခန်းက ကင်ဆာရောဂါ ခံစားခဲ့ရတဲ့ လူငယ်လေးတွေ ပုံမှန်ဘဝထဲ ပြန်ဝင်ဆံ့နိုင်အောင် ဖွင့်ထားတဲ့စခန်း ဖြစ်ပြီး၊ အစပိုင်းမှာတော့ Ivy တစ်ယောက် အဲဒီစခန်းကို အရမ်းမုန်းပြီး အကျဉ်းထောင်တစ်ခုလို သဘောထားခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ စခန်းထဲက စည်းကမ်းဖောက်ဖျက်ရတာ ဝါသနာပါတဲ့ လူငယ်တစ်စုနဲ့ ဆုံတွေ့ပြီး ပါတီတွေကဲ၊ စည်းကမ်းတွေချိုးဖောက်ရင်းနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်လာပါတယ်။ အဲဒီအပြင် Jake လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ပါ ချစ်ကြိုက်မိသွားတဲ့အခါမှာတော့... Ivy ရဲ့ အထီးကျန်ကမ္ဘာလေးက ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ရင်ခုန်စရာ၊ ဝမ်းနည်းစရာတွေနဲ့အတူ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size… (5.8 GB) / (1.7 GB) / (1.1 GB) Quality…. WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:46:49 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်