Knock at the Cabin
အဲရစ်နဲ့ အန်ဒရူးတို့ဟာ ဝန်လင်ဆိုတဲ့ ကလေးမလေးကို မွေးစားထားပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြတဲ့ လိင်တူစုံတွဲပါ။ တစ်နေ့မှာ မိသားစုအတူ အားလပ်ရက်ခရီးထွက်ရင်း ရှုခင်းလှပြီး လူသူကင်းတဲ့နေရာက သစ်လုံးအိမ်လေးတစ်လုံးမှာ လာနေကြပါတယ်။ အဲဒီအိမ်ကို လူစိမ်းလေးယောက် ရောက်လာတဲ့အခါ သူတို့ရဲ့ အေးချမ်းတဲ့ခရီးက ပျက်စီးသွားတော့တယ်။ ရောက်လာသူတွေက ထူးဆန်းတဲ့လက်နက်တွေ ကိုယ်စီကိုင်ထားပြီး အဲရစ်တို့ကို ဖမ်းချုပ်လိုက်ကြတယ်။ သူတို့ရောက်လာရတဲ့ အကြောင်းပြချက်ကလည်း ထူးဆန်းနေသလို တောင်းဆိုလာတဲ့အရာတွေကလည်း ယုံနိုင်ဖို့ ခက်နေပါတယ်။ The Sixth Sense ကို ရိုက်ကူးခဲ့တဲ့ M. Night Shyamalan ရဲ့ ထိတ်လန့်ပဟေဠိဇာတ်ကားဖြစ်ပြီး ဘယ်အရာကို ယုံရမလဲဆိုတဲ့ သံသယတွေနဲ့ ဇာတ်လမ်းကို ဆက်သွားထားပါတယ်။ ဒေးဗစ် ဘာတစ်စတာကလည်း ဟာသဘက်မသွားတဲ့ လေးနက်တဲ့ဇာတ်ရုပ်နဲ့ ပါဝင်ထားတယ်။
ဇာတ်လမ်းအကြောင်း