Mulholland driveဇာတ်ကားက ၂၀၀၁ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီးတော့Hollywood ရဲ့ဆွဲဆောင်မှုနဲ့ကြမ်းတမ်းတဲ့ အခက်အခဲတွေကြားကအိပ်မက်တစ်ပုဒ်ကိုပုံဖော်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းကတော့ သရုပ်ဆောင်အဖြစ် မျှော်လင့်ချက်တွေနဲ့ ရောက်လာတဲ့ Betty Elms နဲ့ မှတ်ဉာဏ်ပျောက်နေတဲ့Rita တို့ရဲ့ လျှို့ဝှက်စုံစမ်းခန်းနဲ့ စခဲ့ပါတယ် အိပ်မက်ဆန်တဲ့ ပုံပြင် တစ်ဝက်လောက်ရောက်မှ ဇာတ်လမ်းဖွဲ့စည်းပုံတစ်ခုလုံး ရုတ်တရက် လုံးဝပြောင်းပြန်လှန်သွားတာကိုတွေ့ရပါလိမ့်မယ် အဲ့ဒီလို ပြောင်းလိုက်တဲ့အခါမှ ပထမပိုင်းက ဇာတ်လမ်းအားလုံးဟာ ဆက်ဆံရေးပျက်သုဉ်းမှု၊ မနာလိုစိတ်နဲ့ အနုပညာနယ်ပယ်မှာ ကျရှုံးမှုတွေကြောင့် နာကျင်နေရတဲ့ Diane Selwyn ရဲ့ စိတ်ကူးယဉ် အိပ်မက်တစ်ခု သာဖြစ်တယ်ဆိုတာ ပေါ်လွင်လာပါတယ် ထူးခြားဆန်းပြားတဲ့ ရိုက်ကူးဟန်ကြောင့် ရုပ်ရှင်ထဲက မြင်ကွင်းတိုင်းဟာ ပဟေဠိဆန်ပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ် ဒီ Mulholland Drive ဟာ ပရိသတ်ကို ဖြေရှင်းခိုင်းတာထက် ရုပ်ရှင်ကို စိတ်ထဲနှစ်ပြီး ခံစားစေချင်တဲ့ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ် ပျက်စီးသွားတဲ့ အိပ်မက်တွေနဲ့ စွဲလမ်းမှုရဲ့ အန္တရာယ်ကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ပြထားတဲ့ လက်ရာမို့လို့ မဖြစ်မနေ ကြည့်ရှုသင့်တယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။ File size… 2 GB / 904 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်