ဇာတ်ကားများ ရွေးရန်

Me, Myself & Irene

2000ဇာတ်ကားအမှတ် 6.6/10116 မိနစ်

ကျွန်တော်တို့ အချစ်တော်ကြီး Jim Carrey ရဲ့ နောက်ထပ် အလန်းစားရုပ်ရှင်တစ်ကား ထပ်မံ တင်ဆက်ပေးလိုက်ပါတယ် 2000 ခုနှစ်က ရိုက်ကူးခဲ့ တဲ့ Old But Gold ရုပ်ရှင် တစ်ကားဖြစ်ပါတယ် IMDb rating 6.6 ရရှိထားပြီး ရုပ်ရှင် ဘတ်ဂျက် ၅၁ သန်းအသုံးပြုထားကာBox Office မှာ ဝင်ငွေ ၁၄၉ သန်း ပြန်လည်ရရှိထားပါတယ် ရိုးသားတဲ့ စိတ်စေတနာကောင်းတဲ့ ပြည်နယ်သေးသေးလေးက ရဲတပ်ဖွဲ့ဝင်လေးတယောက်အရမ်းဉာဏ်ကောင်း IQ မြင့်တဲ့ ချောချောလှလှ မိန်းကလေးတယောက်နဲ့အိမ်ထောင်ကျရာက မိန်းမ က ဖောက်ပြန်လို့ စိတ်ဒဏ်ရာ ရတဲ့အကြောင်းတွေကို Jim Carrey ပီသစွာပဲပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပါတယ် မိန်းမထွက်သွားပြီး တခြားသူနဲ့ မွေးတဲ့ သား ၃ယောက်နဲ့ သူ့ကိုချန်ခဲ့ပုံလူတစ်ကိုယ်စိတ် နှစ်မျိုး အဖြစ်ကြုံလာရပုံတာဝန်အရ လိုက်စောင့်ရှောက်ပေးရတဲ့ မိန်းကလေးတယောက်နဲ့အလွဲတွေကြုံရပုံ အစရှိတာတွေကို တသောသောရယ်မောနေရင်းကြည့်ရှုရမှာပါ တခုပြောစရာရှိတာက တစ်ကားလုံး ညစ်ညမ်းတဲ့ စကားပြောခန်းတွေအများကြီးပါဝင်ပါတယ် ဘာမှ မပြင်ဆင် ဆင်ဆာမဖြတ်ပဲ ဒဲ့ပဲ ဘာသာပြန်ပေးထားပါတယ် Hitman's bodyguard ကို ခင်ဗျားတို့ ဆဲလှပြီလို့ထင်နေပါသလားဒီရုပ်ရှင်သာကြည့်လိုက်ပါ ? ? ဇာတ်လမ်းကတော့ ကျွန်တော့်အကြိုက်မို့လို့ သေချာလေး ဂရုစိုက်ဘာသာပြန်ရေးထားပေမဲ့လွဲနေတာများ မတော်တဆ ပါလာခဲ့ရင် ဘာသာပြန်သူကျွန်တော့်အပြစ်သာဖြစ်ပါတယ် encode လုပ်ပေးထားတာကတော့ Than Htike Zaw ဖြစ်ပီး Translate ကတော့ Yewai Lynnhtut ပါ ကြည့်ရှုပြီးတဲ့အခါအားရပါးရရယ်နိုင် မောနိုင် ဆဲဆိုနိုင်ကြပါစေဗျာ File Size : (900 M Quality : Blu-Ray 720p Running Time : 1h 56min  Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDChina Translated by Ye Wai LynnHtut Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း