ဒီဇာတ်ကားလေးကတော့ ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားတွေမှကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ အပစ်အခတ်အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်နော် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ ငရဲလေ့ကျင့်ရေးစခန်းဟာ နိုင်ငံတကာ အကြမ်းဖက်တိုက်ဖျက်ရေးဌာနရဲ့လက်အောက်ခံ လေ့ကျင့်ရေးစခန်းတစ်ခုဖြစ်ပါတယ် ။ တစ်နေ့မှာ တရုတ်ပြည်မှာ ချစ်ကြည်ရေးမိန့်ခွန်းပြောဖို့ ရောက်လာတဲ့ စန်ဒါဆိုတဲ့ သံအမတ်ကို မိန့်ခွန်းမပြောခင်နေ့ တစ်ရက်အလိုမှာ ဘာလန်တို့ လူဆိုးဂိုဏ်းတစ်ခုက ကြားဖြတ်ဖမ်းစီးသွားပြီး လုပ်ကြံဖို့ကြံစည်ပါတော့တယ် ။ အားလက်ရက်ကိုကောင်းကောင်းပျော်ရွှင်နေကြတဲ့ ငရဲလေ့ကျင့်ရေးစခန်းက ရဲမေတွေဟာလည်း အထူးစစ်ဆင်ရေးတာဝန်ကို အလောတကြီးလက်ခံရရှိခဲ့ကြတာကြောင့် စခန်းကို ချက်ချင်းပြန်လာပြီး စန်ဒါကိုကယ်တင်ဖို့စတင်လုပ်ဆောင်ကြရပါတော့တယ် ။ အထူးစစ်ဆင်ရေးဖြစ်တဲ့အလျောက် ဘယ်လိုမမြင်ရတဲ့ အန္တာယ်တွေက သူတို့ကိုစောင့်ကြိုနေမလဲ ။ တကယ့်စစ်မြေပြင်မှာ မိန်းကလေးတွေဖြစ်ကြတဲ့ သူတို့ ဘယ်လောက်ထိရဲစွမ်းသတ္တိအပြည့်နဲ့ တာဝန်ကိုအောင်မြင်ကိုလုပ်ဆောင်သွားမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ စိတ်ဝင်စားစွာ ကြည့်ရမှာပဲဖြစ်ပါတယ် Filesize : 1.45 GB / 842 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : War, Crime, and Action Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်