A Tale of Two Cities (2026) Season 01 (Complete) IMDb Rating (7.3) ဒီဇာတ်လမ်းတွဲကတော့ Historical Drama နဲ့ Romance အမျိုးအစား ဗြိတိသျှ သမိုင်းနောက်ခံ မီနီစီးရီးပဲ ဖြစ်ပါတယ်။ Charles Dickens ရဲ့ နာမည်ကျော် ဂန္ထဝင်ဝတ္ထုကြီးကို အခြေခံပြီး Daniel West က ဇာတ်ညွှန်းရေးသား ဖန်တီးထားကာ ဒါရိုက်တာ Richard Clark က အပိုင်း ၄ ပိုင်းပါဝင်တဲ့ စီးရီးအဖြစ် ရိုက်ကူးတင်ဆက်ထားတာပါ။ အဓိက သရုပ်ဆောင်တွေအဖြစ် Game of Thrones မင်းသား Kit Harington, ပြင်သစ်မင်းသား François Civil နဲ့ မင်းသမီးချော Mirren Mack တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ ၁၇၈၂ ခုနှစ် လန်ဒန်မြို့ကို အခြေခံပြီး စတင်ပါတယ်။ Lucie Manette ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက သေဆုံးသွားပြီလို့ ထင်ထားတဲ့ သူ့ဖခင်ကြီး ပါရီမြို့မှာ အသက်ရှင်လျက် ရှိနေသေးတယ်လို့ သတင်းရလာတဲ့အခါ သူ့ဘဝကြီး ပြောင်းလဲသွားပါတော့တယ်။ အဲဒီသတင်းကို ယူဆောင်လာပေးတဲ့ ပြင်သစ်လူငယ် Charles Darnay ဟာ နိုင်ငံတော်ပုန်ကန်တဲ့ စွဲချက်နဲ့ မမျှော်လင့်ဘဲ အဖမ်းခံလိုက်ရပါတယ်။ Darnay လွတ်မြောက်ပြီး ပါရီမြို့ကို လိုက်ပို့ပေးနိုင်ဖို့အတွက် Lucie ဟာ ထက်မြက်ပေမဲ့ အရက်စွဲနေတဲ့ ရှေ့နေလူငယ် Sydney Carton ဆီမှာ အကူအညီသွားတောင်းရာကနေ သူတို့သုံးယောက် ဆုံတွေ့ကြပါတော့တယ်။ Darnay ရော Carton ပါ Lucie ကို ချစ်မိသွားကြတဲ့အခါ အချစ်ရေးက ရှုပ်ထွေးလာပါတော့တယ်။ ဗြိတိန်နဲ့ ပြင်သစ်ကြားက နိုင်ငံရေး တင်းမာလာတာတွေ၊ မကြာခင် ပေါ်ပေါက်လာတော့မယ့် ပြင်သစ်တော်လှန်ရေးရဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကြားမှာ သူတို့ သုံးယောက်ရဲ့ အချစ်၊ သစ္စာစောင့်သိတာတွေနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံတာတွေကို သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်း ဖြစ်ပါတယ်။ ဒီစီးရီးဟာ ဂန္ထဝင်ဝတ္ထုကို ရုပ်ရှင်ကားဟောင်းတွေထက် ပိုပြီး ခေတ်မီတဲ့ အမြင်နဲ့ အသက်သွင်းထားတာပါ။ မင်းသား Kit Harington ရဲ့ Sydney Carton အဖြစ် သရုပ်ဆောင်ချက်ဟာ ပရိသတ်တွေကို အထူးဆွဲဆောင်နိုင်သလို ပြင်သစ်တော်လှန်ရေး အငွေ့အသက်တွေကိုလည်း အကောင်းဆုံး ပုံဖော်ပေးထားတာကြောင့် သမိုင်းနောက်ခံ အချစ်ဒရာမာ ဇာတ်လမ်းတွဲတွေကို နှစ်သက်တဲ့ ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ မီနီစီးရီးအသစ် တစ်ခုပဲ ဖြစ်ပါတယ်။ File size… (1.8 GB) / (570 MB) / (420 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Mystery Duration…. 01:00:11 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်