The Honest Realtor (2026) ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Honest Realtor MINERVA Special ရဲ့အဆက်လို့လည်း ပြောလို့ရတဲ့ Comedy-Drama ဖြစ်ပါတယ်။ ဒါရိုက်တာ Taisuke Kawamura က ရိုက်ကူးထားပြီး Tomohisa Yamashitaနဲ့ Haruka Fukuhara တို့နဲ့ The Honest Realtor MINERVA Special က သရုပ်ဆောင်များ ပြန်လည်ပါဝင်ထားကြပါတယ်။ တိုဆာကာအိမ်ခြံမြေကုမ္ပဏီက ယာယီအရောင်းမန်နေဂျာ နာဂါဆဲ ဆအိချီဟာဟာ လူလိမ်ကြီးနာဂါဆဲဆိုတဲ့ အမည်ပြောင်ပါရတဲ့အထိ လိမ်ညာပြောပြီး အိမ်ခြံမြေအကျိုးဆောင်အလုပ်ကို လုပ်ကိုင်နေခဲ့သူပါ။ ဒါပေမဲ့ သူ တာဝန်ယူထားတဲ့နေရာက အဆောက်အဦ စတင်ဆောက်လုပ်တဲ့အခမ်းအနားမှာ ရှေးဟောင်းနတ်ကွန်းတစ်ခုကို မထင်မှတ်ဘဲ ဖျက်ဆီးမိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူဟာ ကျိန်စာမိပြီး လိမ်ညာပြောဆိုလို့မရတဲ့ အရမ်းကို ရိုးသားတဲ့အကျိုးဆောင်မန်နေဂျာဖြစ်လာခဲ့ရပါတယ်။ ဆုကိရှီတာကတော့ နာဂါဆဲလက်အောက်က နံပါတ် ၁ ဖြစ်လာတဲ့ အရောင်းဝန်ထမ်းပါ။ ကုမ္ပဏီတစ်ခုတည်းကဖြစ်တဲ့ နာဂါဆဲရဲ့ သူငယ်ချင်းကီရိယာမာဆိုတဲ့ သူငယ်ချင်းဟာ ကုမ္ပဏီကနေထွက်သွားပြီး တစ်ကိုယ်တော်အကျိုးဆောင်လုပ်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ စီမံကိန်းအကြီးကြီးတစ်ခုကို လုပ်ကိုင်ချင်လာတဲ့အတွက် တိုဆာကာကုမ္ပဏီဥက္ကဋ္ဌဆီကို အကူအညီလာတောင်းခဲ့ပါတယ်။ ဥက္ကဋ္ဌက ကီရိယာမာရဲ့စီမံကိန်းကို လက်ဦးမှုရယူနိုင်အောင် စကားနှိုက်ဖို့ နာဂါဆဲကို တာဝန်ပေးခဲ့ပါတယ်။ စီမံကိန်းအကြီးကြီးကို ကြံစည်နေတဲ့ တစ်ကိုယ်တော် အကျိုးဆောင် ကီရိယာမာ၊ တစ်ခွန်းမှ အလိမ်အညာ ပြောဆိုလို့မရတော့တဲ့ နာဂါဆဲနဲ့ အကျိုးဆောင်အရောင်းဝန်ထမ်းအလုပ်ကို ရိုးရိုးသားသားလုပ်ကိုင်ပြီး ဖောက်သည်တွေကို အဆင်ပြေအောင် ကူညီပေးချင်သူ ဆုကိရှီတာတို့ဟာ .. ပြိုင်ဘက်အိမ်ခြံမြေကုမ္ပဏီ အကျိုးဆောင်တွေက အိမ်ရှင်တွေ အိမ်ငှားတွေ မြေပိုင်ရှင်တွေအပေါ် ဖျံကြတာ ဖိအားပေးတာ ကလိမ်ကျတာတွေ မလုပ်နိုင်အောင် ဘယ်လိုကြိုးစားပေးကြမလဲဆိုတာ... File size…1.66GB / 757MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Business, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်