Heart Blackened (2017) ဒီတစ်ခါမှာတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေဖြစ်တဲ့ Choi Min Sik, Park Shin Hye, Ryu Jun Yeol, Lee Hanee နဲ့ Lee Soo Kyung တို့ ပါဝင်ထားတဲ့ Heart Blackened ဆိုတဲ့ မှုခင်းဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးဟာ Silent Witness ဆိုတဲ့ တရုတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ဖခင်တစ်ယောက်ရဲ့ သမီးအပေါ် ထားရှိတဲ့မေတ္တာကို အလေးပေးရိုက်ကူးပြသထားတာဖြစ်ပါတယ်.. ဇာတ်လမ်းလေးထဲမှာတော့ .. အင်ထယ်ဆန်း (Choi Min Sik)ဟာ ငွေကြေးဥစ္စာ၊ အောင်မြင်မှုတို့ကို ရရှိထားတဲ့ ထယ်ဆန်းလုပ်ငန်းစုရဲ့ ဥက္ကဌဖြစ်ပြီး .. ဘတ်ယူနာ (Lee Hanee) ဟာ မကြာခင်မှာ အင်ထယ်ဆန်းနဲ့ လက်ထပ်မယ့် နာမည်ကြီးအဆိုတော်မလေး ဖြစ်ပါတယ်။ ဒါကြောင့် အင်ထယ်ဆန်းဟာ သူ့ရဲ့ဇနီလောင်းကို သမီးဖြစ်သူ အင်မီရာ (Lee Soo Kyun)နဲ့ မိတ်ဆက်ပေးခဲ့ပါတယ် .. သူတို့နှစ်ယောက် လက်ထပ်ခါနီးမှာ အင်မီရာက ဘတ်ယူနာရဲ့အတိတ်ကကိစ္စတစ်ခုကို သိသွားခဲ့လို့ နှစ်ယောက်သား တွေ့ဖို့ ချိန်းခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာ ဘတ်ယူနာဟာ သေဆုံးသွားခဲ့ပြီး အင်မီရာကို တရားခံအနေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အင်ထယ်ဆန်းဟာ သမီးဖြစ်သူမှာ အပြစ်မရှိကြောင်း သကသေပြဖို့အတွက် ကြိုးစားနေခဲ့ပြီး မီရာဟာ အဲဒီနေ့ညက ဖြစ်ရပ်တွေကို မမှတ်မိကြောင်းပဲ ထွက်ဆိုနေခဲ့ပါတယ်။ ဘာကိုမှ သက်သေမပြနိုင်တာကြောင့် ရှေနေချွဲဟီဂျောင်( Park Shin Hye)ကို မီရာ့အတွက် အမှုလိုက်ပေးဖို့ ငှားရမ်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဘတ်ယူနာရဲ့ပရိသတ်ဖြစ်တဲ့ ဂင်ဒုံမြောင်( Ryu Jun Yeol)ဟာ စီစီတီဗွီကို ရရှိထားကြောင်း သတင်းရသွားတဲ့အခါ .. အမှုနဲ့ ပတ်သက်တဲ့လမ်ကြောင်းတွေဟာ ဘယ်လိုတွေပြောင်းလဲသွားမလဲ။ ဘတ်ယူနာကို သတ်ခဲ့တဲ့ တရားခံဟာ ဘယ်သူဖြစ်မလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦနော် .. File size…2.01 GB / 908 MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 5 min. Genre ….. Thriller, Mystery, Law, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်