ဇာတ်ကားများ ရွေးရန်

The K2

2016ဇာတ်လမ်းတွဲအမှတ် 7.4/1060 မိနစ်4K

IMDb Rating (7.8) The K2 ဆိုတဲ့ ကိုရီးယား ဇာတ်လမ်းတွဲလေးကို 4K Quality ထိ Quality Update တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားဟာ အပိုင်း ( ၁၆ ) ပိုင်းတိတိထုတ်လွင့်မှာဖြစ်ပြီးတော့ ထုတ်လွင့်တဲ့ Network ကတော့ TVN ရုပ်သံလိုင်းဖြစ်ပါတယ်။ ရိုက်ကူးသူဒါရိုက်တာကတော့ Kwak Jung-Hwan ဖြစ်ပြီးဇာတ်လမ်းရေးသားသူကတော့ Jang Hyeok-Rin ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ 2015 တုန်းက Healer ( K- Drama ) မှာသရုပ်ဆောင်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Ji Chang-Wook နဲ့အတူ မင်းသမီးအနေနဲ့ Korea နာမည်ကြီး K Pop Girl Group တစ်ခုဖြစ်တဲ့ Girl's Generation (SNSD) အဖွဲ့က အဆိုတော်မလေး Yoona ကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း အထူးတပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ကင်မ်ဂျယ်ဟာ က အီရတ်မှာ မတရားချောက်ချခံရပြီးရာထူးမှ ထုတ်ပယ်ခံရချိန်မှာ ထွက်ပြေးခဲ့တာကြောင့် Interpol ကအလိုရှိတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ စပိန် နိုင်ငံ ဘာစီလိုနာမြို့မှာ တိမ်းရှောင်နေရင်းကိုရီးယားပြန်လာဖို့ ကြိုးစားနေတဲ့အချိန်မှာ ချုပ်နှောင်ခံရမှုကနေလွတ်မြောက်ပြီး ဖခင်ဖြစ်သူနဲ့တွေ့ရှိနိုင်ဖို့ကြိုးစားနေတဲ့မိန်းမငယ်လေး အန်နာ နဲ့ စတင်ဆုံဆည်းခဲ့ပါတယ်။ ဒီလိုနဲ့ ကင်မ်ဂျယ်ဟာ ကိုရီးယားကို ပြန်ရောက်ချိန်မှာတော့ သာမန်နေ့စားလုပ်သားတစ်ယောက်အနေနဲ့အသက်မွေးဝမ်းကြောင်းပြုရင်း အမှုမဲ့အမှတ်မဲ့ အမတ်လောင်းတစ်ဦးရဲ့အရှုပ်အရှင်းကို မမြင်သင့်ပဲ မြင်ခဲ့လို့ သမ္မတလောင်းရဲ့ဇနီးသည် ချွဲယူဂျင်း က သူ့ကို အပြတ်ရှင်းထုတ်ပစ်ဖို့စီစဉ်ခဲ့ပါတယ်။ ဒါကို ပါးနပ်လွန်းတဲ့ ကင်မ်ဂျယ်ဟာက လက်ဦးမှုယူပြီး သမ္မတလောင်းကတော်ကိုပြန်ပေးဆွဲကာ သူနဲ့ပတ်သက်တဲ့သူတွေနဲ့သူ့ကိုထပ်မံပြီး ဒုက္ခပေးတာမျိုးမရှိအောင် သတိပေးဖို့ကြိုးစားစဉ်မှာ ထပ်ဆင့်လုပ်ကြံမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်။ သူ့ကို ထပ်မံလုပ်ကြံသူတွေက တစ်ချိန်ကအီရတ်မှာ သူ့ချစ်သူ ရာနီယာ ကိုသတ်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတာသိပြီး လက်စားချေဖို့အတွက် ချွဲယူဂျင်းနဲ့လက်တွဲပြီး JSS အဖွဲ့ရဲ့အထူးသက်တော်စောင့် တစ်ယောက်အနေနဲ့သူမုန်းတီးတဲ့ နိုင်ငံရေးလောကနဲ့ပြန်လည်ပတ်သက်ဖို့အကြောင်းဖန်လာခဲ့တယ်။ ချွဲယူဂျင်း က တော့ JB ကုမ္ပဏီဥက္ကဌကြီးရဲ့ သမီးကြီးတစ်ယောက်ဖြစ်ပါတယ်။ JSS အဖွဲ့မှာ K2 ဆိုတဲ့ Code Name ကို လက်ခံရရှိခဲ့တဲ့ ကင်မ်ဂျယ်ဟာတစ်ယောက် သူ ကာကွယ်ပေးရမဲ့သမ္မတလောင်းရဲ့သမီးက ဘာစီလိုနာမှာဆုံတွေ့ခဲ့ဖူးတဲ့ အန်နာ ဆိုတဲ့ မိန်းမငယ်လေးဖြစ်နေတာကို သိခဲ့ရပြီး သူတို့သားအဖ နှစ်ယောက်ရဲ့ဒုက္ခတွေကိုပါ ကူညီနိုင်ဖို့ကြိုးစားရင်း အန်နာ ကို ကာကွယ်ပေးရတဲ့ သက်တော်စောင့်တစ်ဦးဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ချွဲယူဂျင်းရဲ့ရက်စက်လွန်းလှတဲ့ အစီအစဉ်တွေ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလှည့်ကွက်တွေနဲ့ စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ JB ကုမ္ပဏီ ရဲ့ ပြဿနာ အရှုပ်အရှင်းတွေကြားထဲမှာ K2 တစ်ယောက် အန်နာ ကိုကာကွယ်ပေးနိုင်ပါ့မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အက်ရှင် ဇာတ်လမ်းတွဲပြီးပြီး Romance ဆန်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတာကြောင့် CM ပရိသတ်တို့အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲလေးဖြစ်မယ်ထင်ပါတယ်။ File size…(3 GB) / (1.7 GB) / (600 MB) Quality….WEB-DL UHD 4K HEVC/ 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance, Thriller Duration….01:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း