Kill Your Darlings (2013) IMDB : 6.4 Rotten Tomatoes : 78% Genre : Thriller / Biographical Drama ဒီရုပ်ရှင်က နာမည်ကြီးစာရေးဆရာတွေဖြစ်ကြတဲ့ Allen Ginsberg Jack Kerouac နဲ့ William S. Burroughs တို့ရဲ့ ငယ်ဘဝ ကိုလံဘီယာတက္ကသိုလ်မှာ ကြုံဆုံခဲ့ရတဲ့ အစောပိုင်းဘဝကို အခြေခံရိုက်ထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ပြောရရင် ဒီရုပ်ရှင်က စာရေးဆရာတွေအကြောင်းရိုက်ထားတာဆိုတော့ စာပေကိုရူးသွပ်မှု၊ ကဗျာစံစားမှုတွေကို ဦးတည်ရိုက်ကူးထားတော့ တကယ်မဖြစ်ခဲ့သလိုမျိုး ခံစားချက်မျိုးရကောင်းရနိုင်ပေမဲ့ ရုပ်ရှင်ထဲမှာပါတဲ့ ဖြစ်ရပ်တွေကတော့ တကယ်ကို အပြင်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ သရုပ်ဆောင်တွေကလည်း မျက်နှာသိ၊ နာမည်ကြီးတွေမလို့ ကြည့်ရတာ တော်တော်လေးကို တန်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ စာပေကို နှလုံးသားနဲ့ဖန်တီးသူတွေကြားထဲမှာ ဆိုးရိုးတစ်ခုရှိတယ်။ အဲဒါက “Kill Your Darlings” ပါတဲ့။ ဆိုလိုတာက “ကိုယ့်အကြိုက်ဆုံး ဇာတ်ကောင်၊ ဇာတ်ကွက်၊ စာပိုဒ်တွေကို ဇာတ်လမ်းပိုကောင်းဖို့အတွက် နှမြောမနေနပဲ သ-တ်ပစ်ပါ”တဲ့။ ဆိုတော့ ရုပ်ရှင်နာမည်ကိုက စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ဇာတ်ညွှန်း ၁၉၄၄ ခုနှစ်မှာ ကိုလံဘီယာတက္ကသိုလ်ကို ပထမနှစ်လာတတ်တဲ့ ကျောင်းသားလေးတစ်ယောက်ရှိခဲ့တယ်။ သူကတော့ နောက်တစ်ချိန်မှာ ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်လာမယ့် အယ်လန်ဂင်းဘ်ဘာ့စ်ဖြစ်ပါတယ်။ သူအဲဒီမှာ ကြုံခဲ့ရတာကတော့ လူရှန်ကားလို့ အမည်ရတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ လူရှန်က တော်တော်လေးကို ဉာဏ်ပြေးတယ်။ နှစ်လိုဖွယ် အသွင်အပြင်ရှိတယ်။ သူများဒီလမ်းဆို သူက ဟိုလမ်းလျှောက်တတ်တဲ့လူမျိုး။ ဒီလိုမျိုး တစ်ခုခုကို ထိုးဖောက်ချင်နေတဲ့ လူငယ်တစ်ယောက်နောက်ကို ကောက်ကောက်ပါအောင် လိုက်မိသွားတာက အယ်လန်ဖြစ်ပါတယ်။ စာပေလောကကို ပြောင်းလဲပစ်ချင်တဲ့ အတွေးအခေါ်တွေ၊ ဥပဒေကိုကျော်လွန်သွားတဲ့အတွေးအခေါ်တွေက သူတို့ရဲ့နောက်ကို လိုက်မှန်းမသိလိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့ဦးတည်သွားတာကတော့ လျှို့ဝှက်တဲ့ အမှုတစ်ခုဆီကိုပါပဲ။ “ပိုကောင်းတဲ့ ဇာတ်လမ်းဖြစ်ဖို့ ဇာတ်ကောင်ကို သ-တ်ဖို့ ဝန်မလေးရဘူးတဲ့လေ” ဟုတ်တယ်မလား…. ခံစားကြည့်လိုက်ကြပါ။ အယ်လန်အဖြစ် ဟယ်ရီပေါ်တာ မင်းသား Daniel Redcliffe လူ အဖြစ် ဒီလိုမျိုး “ဟာ..ဟင်”ဖြစ်ရမယ့်ကားတွေရဲ့ ပင်တိုင်စံ မင်းသားချော Dane DeHaan အက်ဒီပါကာအဖြစ် မင်းသမီး Elizabeth Olsen ဝီလီယံအဖြစ် မင်းသား Ben Forster ဂျက်ခ်အဖြစ် မင်းသား Jack Huston ဒေးဗစ်အဖြစ် Daxter ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသား Michael C. Hall တို့က ပါဝင်သရုပ်ဆောင်ထားတာမလို့ သရုပ်ဆောင်ပိုင်းက တော်တော်လေးကိုပြီးပြည့်စုံတယ်လို့ပြောရပါမယ်။ ခံစားကြည့်လိုက်ကြပါ။ File size… 1.8 GB / 600 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ..... Thriller / Biographical Drama/ Mystery
ဇာတ်ကားကြည့်ရန်