ဇာတ်ကားများ ရွေးရန်

Bachelorette

2012ဇာတ်ကားအမှတ် 5.4/1087 မိနစ်

ရီဂန်၊ ဂျန်နာနဲ့ ကေတီတို့ဟာ ငယ်သူငယ်ချင်း ဘက်ကီရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံ လုပ်ပေးကြရမှာပါ။ ဒါပေမယ့် မင်္ဂလာပွဲမတိုင်ခင်ည ပါတီမှာ သုံးယောက်သား ပျော်ပါးသောင်းကျန်းလွန်သွားရင်း သတို့သမီးရဲ့ မင်္ဂလာဝတ်စုံကို ပြဲသွားစေမိကြတယ်။ မင်္ဂလာပွဲကလည်း နောက်နေ့ဆိုတော့ ဝတ်စုံအသစ်တစ်စုံကို ညတွင်းချင်း စီစဉ်ပေးဖို့ လုံးပန်းကြရပါတော့တယ်။ သူတို့အစီအစဉ် အဆင်ပြေမလား၊ ထပ်ပြီး ဘယ်လိုကမောက်ကမတွေ ဖြစ်ကြဦးမလဲဆိုတာကနေ ဟာသတွေ ဆက်ဖြစ်လာတာပါ။ Hang Over နဲ့ ဇာတ်လမ်းသွား ခပ်ဆင်ဆင်ရှိတဲ့ ဒီအမေရိကန်ဟာသဇာတ်ကားမှာ ရီဂန်အဖြစ် Kristen Dunst၊ ဂျန်နာအဖြစ် Lizzy Caplan၊ ကေတီအဖြစ် Isla Fisher နဲ့ ဘက်ကီအဖြစ် Rebel Wilson တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း