Snoopy Presents: There's No Place Like Home, Snoopy (2026) Peanuts မိသားစုရဲ့ ဂန္ထဝင် ခွေးနီအိမ်လေး မတော်တဆ ရောင်းချခံလိုက်ရပြီးနောက်... အိမ်လေးကို ပြန်လည်ရှာဖွေရင်း "အိမ်ဆိုတာ ဘာလဲ" ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်သွားကြတဲ့ Apple TV+ ရဲ့ ရသမြောက် Peanuts Special တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အိမ်သုံးပစ္စည်းဟောင်း ရောင်းချပွဲ (Yard Sale) တစ်ခုမှာ မတော်တဆ အမှားအယွင်း ဖြစ်သွားခဲ့ရာကနေ စတင်ထားတာပါ။ စနူးပီး မြတ်မြတ်နိုးနိုး နေထိုင်ခဲ့တဲ့ ခွေးနီအိမ်လေးဟာ အဆိုပါ ရောင်းချပွဲမှာ ရောင်းချခံလိုက်ရတာကြောင့် စနူးပီးတစ်ယောက် စိတ်ထိခိုက် ဝမ်းနည်းသွားခဲ့ရပါတယ် ဝမ်းနည်းနေတဲ့ သူငယ်ချင်း ခွေးလိမ္မာလေးကို အားပေးဖို့အတွက်သခင် "ချာလီဘရောက်" က ဦးဆောင်ပြီး... စနူးပီး၊ ဝုဒ်စတော့ခ် နဲ့ Peanuts အဖွဲ့သားတွေဟာ ပျောက်ဆုံးသွားတဲ့ ခွေးအိမ်လေးကို ပြန်လည်ရှာဖွေဖို့ ခရီးစဉ်တစ်ခု စတင်ခဲ့ကြပါတော့တယ်။ အဆိုပါ လိုက်လံရှာဖွေရေး ခရီးစဉ်အတလျှောက်မှာပဲ... "အိမ်ဆိုတာ သာမန် အုတ်၊ သစ်သားနဲ့ ပြုလုပ်ထားတဲ့ အဆောက်အအုံတစ်ခု မဟုတ်ဘဲ၊ ချစ်ရတဲ့သူတွေ သံယောဇဉ်ရှိရှိ အတူတူရှိနေတဲ့ နေရာသာလျှင် စစ်မှန်တဲ့ အိမ်ဖြစ်ကြောင်း" ကို သင်ခန်းစာ ရရှိသွားကြပုံကို ရိုက်ပြထားတာ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်