ဇာတ်ကားများ ရွေးရန်

Snoopy Presents: A Summer Musical

2025ဇာတ်ကားအမှတ် 7.7/1040 မိနစ်

Snoopy Presents: A Summer Musical (2025) စနူးပီးနဲ့ ဝုဒ်စတော့ခ် တို့ရဲ့ ရတနာလိုက်ရှာရင်း သီချင်းအလန်းစားတွေ၊ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ Animated ကာတွန်းရုပ်ရှင်ကားတိုလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နွေရာသီ စခန်းချပွဲ ကို အလွန်နှစ်သက်တဲ့ "ချာလီဘရောက်" အကြောင်းကနေ စတင်ထားတာပါ။ ချာလီဘရောက်ဟာ ဒီနှစ် စခန်းချပွဲဟာ သူ့အတွက် နောက်ဆုံးနှစ် ဖြစ်တာကြောင့် ပိုမိုထူးခြားပြီး အမှတ်တရဖြစ်အောင် ဖန်တီးဖို့ သန္နိဋ္ဌာန် ချထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ညီမလေး "ဆာလီ" ကတော့ စခန်းချပွဲကို ပထမဆုံးအကြိမ် လိုက်လာရတာဖြစ်လို့ ပတ်ဝန်းကျင်သစ်ကြီးကို ကြောက်လန့်နေပြီး သံသယတွေ ဝင်နေခဲ့ပါတယ် အဖွဲ့သားတွေ စခန်းမှာ အခြေကျအောင် ပြင်ဆင်နေကြချိန်မှာတော့... ခွေးလိမ္မာလေး "စနူးပီး" နဲ့ သူ့ရဲ့ သူငယ်ချင်း ငှက်ကလေး "ဝုဒ်စတော့ခ်" တို့ဟာ အနီးအနားမှာ ရှိတဲ့ ဝှက်ထားသော ရတနာမြေပုံ တစ်ခုကို မထင်မှတ်ဘဲ တွေ့ရှိသွားခဲ့ကြပါတယ်။ ဒီလိုနဲ့ စနူးပီးတို့ တစ်ဖွဲ့ဟာ နွေရာသီ ရတနာလိုက်လံရှာဖွေတဲ့ စွန့်စားခန်းကြီးဆီကို ထွက်ခွာသွားကြတော့တာဖြစ်ပြီး... တစ်ဖက်မှာလည်း ဆာလီတစ်ယောက် စခန်းချပွဲရဲ့ ပျော်စရာတွေကို သီချင်းသံစဉ်တွေနဲ့အတူ ဘယ်လိုမျိုး သဘောပေါက်သွားမလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း