ရှန်းရှဇာတ်လမ်းတွဲတွေကိုမျှော်နေတဲ့ CM ပရိသတ်တွေအတွက် အသစ်ထွက်ရှိလာတဲ့ ရှန်းရှဇာတ်ကားလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ Main Cast တွေကတော့ မကြာသေးခင်ကမှ ဇာတ်သိမ်းသွားတဲ့ A romance of little forest ထဲက မင်းသား Jiang Bin Bin နဲ့ Love Scenery ထဲက မင်းသမီး Xu Lu တိုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Liu Shao က ဘဝကိုအပူအပင်ကင်းကင်းဖြတ်သန်းနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာသူမဟာ ထူးဆန်းပြီးလျှိဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး သူမရဲ့အနာဂတ်ကို သုံးရက်တာပျော်ရွှင်မှုနဲ့လဲလှယ်ခဲ့ပါတယ်။ ထိုသူဟာ လျှိဝှက်တဲ့နတ်ဘုရား Lu Li ဖြစ်ပြီး သူမဟာ ထိုသူနဲ့ပတ်သက်မိရာကနေ နတ်ဘုရားနဲ့ မိစ္ဆာတွေရဲ့ အရှုပ်အထွေးတိုက်ပွဲတွေကြားကို ကျရောက်သွားခဲ့ရပါတယ်။ သူမဟာ အခက်အခဲမျိုးစုံကို ကြုံတွေ့ဖြတ်သန်းရပါတော့တယ်။ ဒီလိုနဲ့ Liu Shao နဲ့ နတ်ဘုရား Lu Li ကြားသံယောဇဥ်တွေရစ်ပတ်ပြီး အချစ်တစ်ခုပေါက်ဖွားလာတဲ့အခါ... ချစ်ရတဲ့သူတွေကိုကာကွယ်ဖို အခက်အခဲဒုက္ခမျိုးစုံကို ဖြတ်သန်းရပြီး ၊ မိမိနှလုံးသားဆန္ဒများကိုဘေးဖယ်ထားပြီး၊ လောကရဲ့ဘေးကင်းအေးချမ်းမှုကို ဦးစားပေးရချိန်မှာတော့... သူတို ကံကြမ္မာကိုပြောင်းလဲနိုင်မလား။ ရှန်းရှကားတိုရဲ့ထုံးစံအတိုင်း အချို အရို အငို ရသမျိုးစုံခံစားကြည့်ရှုရမှာမို မလွတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။ (အညွှန်းရေးသားထားသူကတော့ Yin Wai Phyo ဖြစ်ပါတယ်) Quality : WEB-DL 720p,1080p Total Episodes : 40 Format : mp4 Genres : Romance, Wuxia, Drama, Fantasy Duration : 45 min per Episode Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
ဇာတ်ကားကြည့်ရန်