This Time (2023) IMDb Rating (7.4) ဒီဇာတ်ကားက "Before Sunset" ဒါမှမဟုတ် "Past Lives" လိုမျိုး ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ရင်ထဲထိမယ့် အချစ်ဇာတ်လမ်းမျိုး ကြိုက်တဲ့သူအတွက် အကြိုက်တွေ့စေမယ့်ကားပါ။ အချစ်ဦးနဲ့ ပြန်ဆုံရင် ဘာဖြစ်မလဲ" ဆိုတဲ့ လူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက်ကို ပုံဖော်ထားလို့ ကြည့်ရှုသူတိုင်းကို ရင်ခုန်စေမှာပဲ။ Laela နဲ့ Colin တို့ဟာ အထက်တန်းကျောင်းတုန်းက တစ်ယောက်ကိုတစ်ယောက် အသည်းအသန် ချစ်ခဲ့ကြတဲ့ ငယ်ချစ်ဦးတွေပါ။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် သူတို့နှစ်ဦးဟာ အဆက်အသွယ်ပြတ်ပြီး ဝေးကွာသွားခဲ့ကြတယ်။ နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးဟာ မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ အချိန်တွေအကြာကြီး ကွာဝေးသွားခဲ့ပေမဲ့ သူတို့နှစ်ဦးကြားကဆွဲဆောင်မှုနဲ့ သံယောဇဉ်တွေကတော့ လျော့ပါးမသွားခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာရော သူတို့ဟာ အတိတ်ကအမှားတွေကို ပြင်ဆင်ပြီး အချစ်သစ်ကို ပြန်လည်တည်ဆောက်နိုင်မလား? ဒါမှမဟုတ် အချိန်တွေက သူတို့ကို အရမ်းဝေးကွာသွားစေခဲ့ပြီလား ဆိုတာကို ရိုက်ကူးထားတဲ့ လွမ်းဆွေ့ကြည်နူးစရာအချစ်ကားလေးပဲဖြစ်ပါတယ် File size… (2.4 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:29:34 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်