ဇာတ်ကားများ ရွေးရန်

The Gray Man

2022ဇာတ်ကားအမှတ် 7.0/10128 မိနစ်4K

ကော့ထ်ဂျန်ထရီဟာ လူသတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်ကျနေသူပါ။ တစ်နေ့မှာ စီအိုင်အေရဲ့ လျှို့ဝှက်တရားမဝင် စစ်ဆင်ရေးတွေမှာ အလုပ်လုပ်ပေးဖို့ အပေးအယူရပြီး ထောင်က လွတ်လာခဲ့တယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်နဲ့ လူသိများလာပါတယ်။ တစ်ရက်မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီက မရသင့်တဲ့အချက်အလက်တွေ ရသွားခဲ့တယ်။ အဲဒီအခါ ကိုယ့်အဖွဲ့အစည်းကပါ သူ့ကို ပြန်လိုက်သတ်လာလို့ ထွက်ပြေးရတော့တာပါ။ သူ့နောက်ကို တရားမဝင် လိုက်သတ်ဖို့ အေဂျင်စီက ငှားလိုက်သူက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကြေးစား လွိုက်ဟန်ဆန် ဖြစ်ပါတယ်။ Six အဖြစ် ရိုင်ယန်ဂို့စလင်းနဲ့ လွိုက်ဟန်ဆန်အဖြစ် ခရစ်စ် အီဗန်တို့ သရုပ်ဆောင်ထားပြီး နှစ်ယောက်ကြား အပြန်အလှန် လိုက်လံတိုက်ခိုက်ကြတဲ့ အက်ရှင်ဇာတ်လမ်းပါ။ နက်ဖလစ်ရဲ့ ဒီရုပ်ရှင်ကို ရက်ဆိုညီအစ်ကိုက ရိုက်ကူးထားပြီး အဗန်ဂျာဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းဆရာတွေက ရေးသားထားပါတယ်။ အန်နာ ဒီအာမက်စ်၊ ဂျက်ဆီကာဟန်းဝစ်နဲ့ တမီးလ်သရုပ်ဆောင် Dhanush တို့လည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း