Hot Spot (2026) IMDb Rating (4.3) / Rotten Tomatoes (17%) ရာသီဥတုဖောက်ပြန်မှုတွေနဲ့အစိုးရတွေပြိုလဲပျက်စီးသွားတဲ့ အနာဂတ်ကမ္ဘာမြေပေါ်မှာ လက်ကျန်လူသားအနည်းစုဟာကန္တာရလိုပတ်ဝန်းကျင်မှာ အသက်ဆက်နေရပါတယ်။ အဲ့ဒီနေရာမှာ လူသားတွေရဲ့ရှင်သန်မှု၊ ရေနဲ့အာဟာရရရှိမှုတွေကိုတင်းကျပ်စွာထိန်းချုပ်ထားတာကတော့ Head ဆိုတဲ့ ဉာဏ်ရည်တုစနစ်ကြီးပါပဲ။ အဲ့ဒီစနစ်ကလူသားတွေကိုစိတ်ချင်းဆက်သွယ်ခွင့်ပေးထားသလို စည်းကမ်းဖောက်ဖျက်သူတွေကိုလည်းရက်ရက်စက်စက်ကွပ်မျက်တတ်ပါတယ်။ စုံထောက်ဂျွန်နီကတော့ Head ကိုအပြည့်အ၀နာခံတဲ့သူတစ်ယောက်ဖြစ်ပေမယ့် သူ့ဇနီးသည်ကတော့ ဒီစနစ်ကိုမယုံကြည်ပဲစနစ်ကနေမကြာခဏထွက်ပြေးလေ့ရှိပါတယ်။ တစ်နေ့တော့ သူတို့အဖွဲ့အစည်းထဲမှာ မသင်္ကာစရာလူသတ်မှုတစ်ခုဖြစ်သွားခဲ့ပြီး Head စနစ်ကို လျှပ်စစ်ဓာတ်အားဖြတ်တောက်နိုင်စွမ်းရှိတဲ့ တော်လှန်ရေးသမား ဆိုင်ဘာစုန်းမ ရာနာနဲ့ အဲ့ဒီအမှုကိုတာဝန်ပေးခံရတဲ့ ဂျွန်နီတို့ထိပ်တိုက်တွေ့ပြီး အကဲစမ်း အားပြိုင်ဖို့ဖြစ်လာပါတော့တယ်။ ဆက်တင်အပြင်အဆင်တွေ အထူးပြုလုပ်ချက်တွေအတော်ခမ်းခမ်းနားနားနဲ့ရိုက်ထားတဲ့ကားပါ။ ရာနာအဖြစ်သရုပ်ဆောင်သူကလည်း Noomi Rapace ဖြစ်တဲ့အတွက်သရုပ်ဆောင်မှုကလည်းပြောစရာမရှိပါဘူး။ 1980 လောက်က ရိုက်ထားတဲ့ သိပ္ပံဇာတ်ကားတွေရဲ့အငွေ့အသက်မျိုးတွေသဘောကျတဲ့သူတွေနှစ်သက်မယ့် ကားမျိုးပါပဲ။ File size… (1.7 GB) / (950 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Crime,Fantasy,Science Fiction,Thriller Duration…. 01:41:23 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်