The Womb (2025) IMDb Rating (5.3) ဆာမီဟာ နားမကြားတစ်ယောက်ဖြစ်ပြီး ဗို့အားမြင့်လျှပ်စစ်ဓာတ်အားလိုင်းကြီးတွေအောက်ကခြောက်ကပ်ပြီး လူသူကင်းမဲ့နေတဲ့ ဆင်ခြေဖုံးအရပ်မှာ တစ်ဦးတည်းနေထိုင်ပါတယ်။ အဲ့ဒီဒေသမှာ သက်ရှိမှန်သမျှကိုလိုက်ပြီးသတ်ဖြတ်နေတဲ့ ကြောက်စရာသတ္တဝါဆိုးကြီးတစ်ကောင်ရှိပြီး ဆာမီကတော့ သူ့နားကြားကိရိယာက ထွက်လာတဲ့ တုန်ခါမှုကြောင့် ကြိုသိနိုင်ပြီး အမြန်ပုန်းအောင်းနိုင်တဲ့အတွက် အခုထိလွတ်မြောက်နေသေးတာပါ။ အဲ့ဒီအန္တရာယ်ကြောင့် စစ်တပ်က ဒေသတစ်ခုလုံးကို ဖျက်ဆီးဖို့ပြင်ဆင်နေပေမယ့်ဆာမီကတော့ ပျောက်ဆုံးနေတဲ့ သူ့မိသားစုဝင်တွေပြန်လာမယ်ဆိုတာကိုယုံကြည်စိတ်နဲ့ ပေပြီး အိမ်ထဲကမထွက်ပဲစောင့်နေခဲ့ပါတယ်။ ဒါပေမယ့်.. Sci-fi action လို့ထင်စရာရှိပေမယ့် တကယ်တမ်းတော့ စိတ်ဒဏ်ရာတွေအကြောင်းကို နိမိတ်ပုံတွေလှည့်ကွက်တွေနဲ့တင်ဆက်သွားတဲ့ Psychological Thriller ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအထနှေးတဲ့ Slow-burn ပုံစံဖြစ်သလို တင်ဆက်ပုံလည်း အများကြီးကွဲထွက်မနေပေမယ့် စိတ်ခံစားမှုအပြည့်နဲ့ ဇာတ်လမ်းအဆုံးကိုဆွဲခေါ်နိုင်တဲ့ ဇာတ်ကားမျိုးဖြစ်လို့ စိတ်ပညာနဲ့သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေအကြိုက်တွေ့ကြမှာပါ။ File size… (1 GB) / (620 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:40:06 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်