Storm Warning (2007) IMDb Rating (5.8) / Rotten Tomatoes (38%) စနေတနင်္ဂနွေအားလပ်ရက်မှာ လှေစီးပြီးအပန်းဖြေခရီးထွက်လာတဲ့ ရော့ဘ်နဲ့ ပီယာတို့လင်မယားဟာရေထဲမှာလမ်းပျောက်ပြီး မျက်စိရှေ့မှာတွေ့တဲ့ ကမ်းနားကိုကပ်မိရာကနေ လူသူမနီးတဲ့တောအုပ်ထဲက အိမ်တစ်လုံးကိုရောက်ရှိသွားခဲ့ပါတယ်။ ဂိုထောင်တစ်ခုထဲမှာစိုက်ပျိုးထားတဲ့ဆေးခြောက်ခင်းကြီးက အိမ်ရှင်တွေဟာ သူတို့ရောက်လာတာကိုကြိုဆိုမှာမဟုတ်ဘူးဆိုတာ အရိပ်အမြွက်ပြသလိုမျိုးရှိနေလို့ အမြန်ပြန်ထွက်ဖို့ကြိုးစားခဲ့ပေမယ့် စိတ်မူမှန်ပုံမရတဲ့အစွန်းရောက်လူရမ်းကား တောသားတွေဖြစ်တဲ့ ဘရက်၊ ဂျင်မီတို့အပြင် သူတို့ထက်ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ဖခင်ဖြစ်သူ ပြန်ရောက်လာတာနဲ့ ပက်ပင်းတိုးချိန်မှာတော့ သူတို့ဟာ ဘ၀မှာတစ်ခါမှမကြုံဖူးတဲ့ အရှက်ခွဲမှု၊ နှိပ်စက်မှုစော်ကားမှုတွေကို ငုံ့ခံရပါတော့တယ်။ ဒီသားအဖတွေဟာ သူတို့ကိုအသက်ရှင်လျက်လွှတ်ပေးဖို့ အစီအစဉ်မရှိဘူးဆိုတာတစ်ဖြည်းဖြည်းနားလည်လာတာနဲ့အမျှ ရော့ဘ်နဲ့ပီယာတို့ဟာ အသက်ရှင်ဖို့ 'ဘာမဆို' လုပ်ရမယ်ဆိုတာ သဘောပေါက်သွားခဲ့ကြပါတယ်။ 'ဘာမဆို' ဆိုတဲ့စကားဟာ ဘယ်လောက်အထိ တာသွားလဲ? ဘယ်နေရာအထိအကန့်အသတ်ရှိမလဲ? ဘယ်လောက်အစွန်းရောက်အောင် သွားကြရမလဲ? ဇာတ်လမ်းရဲ့ (Pacing), ကြောက်စရာကောင်းလောက်အောင်ပီပြင်တဲ့ ဇာတ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်နဲ့တကွ ဇာတ်လမ်းရဲ့Tension ကိုတစ်ဆင့်ချင်းမြှင့်တင်သွားပုံတွေအရရော သွေးထွက်သံယိုအထူးပြုလုပ်ချက်တွေအားလုံးက တစ်ခုနဲ့တစ်ခု ပြည့်စုံအောင်အထောက်အကူပြုသွားနိုင်ခဲ့ပါတယ်။ လူသားတွေရဲ့ရက်စက်ယုတ်မာမှု၊ စိတ္တဇတွေကိုပြတဲ့နေရာမှာတော့ အတော်လေးအစွန်းရောက်တဲ့ဇာတ်ကားဖြစ်တဲ့အတွက် ကြည့်ရှုသူအနေနဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။ File size… (2.5 GB) / (1.2 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:26:42 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်