Omaha (2025) +++++++ ဇနီးဖြစ်သူ သေဆုံးသွားပြီး နေအိမ်ပါ အပေါက်ဆုံးသွားပြီးတဲ့နောက်မှာ အယ်လာနဲ့ချာလီတို့ရဲ့ ဖခင်ဖြစ်သူဟာ တစ်နယ်တစ်ကျေးကို ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ရက်စ်ဆိုတဲ့ ခွေးလေးရယ် သားနဲ့သမီးရယ်ကို သူနဲ့တစ်ပါတည်း ခေါ်ပြီး နီဘရက်စကာကို ကားစုတ်လေး တစ်စီးနဲ့ ခရီးဆက်ခဲ့ကြတယ်။ ရင်လေးစရာအပြည့်နဲ့ နီဘရက်စကာအသွားခရီးလမ်းမှာ ဒီသားနဲ့ဒီသမီးကို ပျော်အောင်ထားရင်း ချော့တစ်ခါခြောက်နဲ့ ခရီးဆက်ခဲ့တယ်။ ခရီးတစ်ထောက်နားတဲ့ ရပ်နားစခန်းမှာ သိလာခဲ့တဲ့ နီဘရက်စကာက အိုမဟာမြို့လေးမှာ လှပတဲ့ တိရစ္ဆာန်ရုံလေး ရှိကြောင်း၊ သူတို့ကို လိုက်ပို့ဖို့ ပူဆာထားတဲ့ သူ့သမီးလေးရဲ့ ဆန္ဒကိုလည်း ရင်ဝယ်ပိုက်ရင်းနဲ့ပေါ့ ... အကင်းပါးလွန်းလှတဲ့ သမီးကြီးလေး အယ်လာ ဆော့ချင်စားချင်စိတ်ပဲ ရှိသေးတဲ့ သားငယ်လေး ချာလီ သောကတွေနဲ့ ပူလောင်နေတဲ့ ကလေးတို့ရဲ့ ဖေဖေ တစ်ကားလုံးကို လူသုံးယောက်တည်းနဲ့ ဖန်တီးရိုက်ကူးထားပေမဲ့ ဒီသားအဖသုံးယောက် သွားတဲ့ခရီးမှာ ကြည့်ရှုသူကိုပါ တစ်ပါတည်း ဆွဲခေါ်သွားနိုင်ပါတယ်။ Rating ကောင်းတွေလည်း ရရှိထားတာမလို့ တစ်ခါလောက်တော့ သေချာပေါက် ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် File Size… (1.37GB) / (709MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 23m Genre ….Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်