Edgar Allan Poe's The Oval Portrait (2025) Grayson ဆိုတဲ့ လူတစ်ယောက်က Ambrose Whitlock ရဲ့ ရှေးဟောင်းပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ ပန်းချီကားတစ်ချပ်ကို ခိုးယူဖို့ သူခိုးတွေကို ငှားရမ်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရှေးဟောင်းပစ္စည်းဆိုင်ထဲက ပန်းချီကားကို ခိုးဖို့သွားတဲ့ သူခိုးတိုင်း ပြန်မလာနိုင်ဘဲ ပျောက်ကွယ်သွားကြပါတယ်။ အကြောင်းရင်းကတော့ သူခိုးတစ်ယောက်က အဲဒီအသက်မဲ့နေတဲ့ ပန်းချီကားကို ဖုံးအုပ်ထားတဲ့ ပုဝါကိုဖယ်လိုက်ချိန်မှာ ကြောက်စရာကောင်းတဲ့ တစ္ဆေတစ်ကောင် လွတ်မြောက်လာတာကနေ စပြီး ကျူးကျော်သူတွေအားလုံးကို လိုက်သတ်နေတာပါပဲ။ တစ်ဖက်မှာလည်း Ava ဆိုတဲ့ ကောင်မလေးက ရည်းစားထားသွားတာ ခံခဲ့ရပြီးတဲ့နောက် အလုပ်ပါ အဖြုတ်ခံခဲ့လိုက်ရတဲ့ ပန်းချီဝါသနာရှင်တစ်ယောက်ပါ။ သူ့ရဲ့ဝါသနာကို စွန့်လွတ်ဖို့ လက်မခံတဲ့ Ava က ပန်းချီပြန်ဆွဲဖို့ စိတ်ကူးရာကနေ Ambrose Whitlock ရဲ့ ရှေးဟောင်းပစ္စည်းဆိုင်လေးဆီ ရောက်သွားပြီး Ambrose နဲ့ ခင်မင်ရင်းနှီးလာခဲ့ပါတယ်။ Ava က Ambrose Whitlock ရဲ့ ရှေးဟောင်းပစ္စည်းဆိုင်က ပစ္စည်းတွေရဲ့ အလှကို စိတ်ဝင်စားနေချိန် ပန်းချီကား တစ္ဆေရဲ့ အသက်အန္တရာယ်ရှိတဲ့ ခြောက်လှန့်မှုတွေရဲ့ သားကောင်ဖြစ်လာပြီး ဒီပန်းချီကားနဲ့ Ambrose Whitlock ရဲ့ ဆက်စပ်မှုက ဘာလဲ ? Ava ကရော ဒီဆက်စပ်မှုတွေကြားမှာ နောက်ထပ်ဒုက္ခသည်တစ်ယောက် ဖြစ်လာမလား? ဒါမှမဟုတ် ဒီခြောက်လှန့်နေတဲ့ အရာအားလုံးကို အဆုံးသတ်ပေးနိုင်မလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမယ့် horror ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… (1.5 GB) / (800 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:46:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်