Chapter 51 (2026) +++++++++++ ဒီကားကို အမေရိကန် နာမည်ကြီးဓာတ်ပုံဆရာနဲ့ရုပ်ရှင်ဒါရိုက်တာ Tyler Shields က ရိုက်ကူးထားပြီး Cineverse ရုပ်ရှင်ဖြန့်ချိရေးက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှာ VOD ၊ Digital စနစ်နဲ့ စတင်ထုတ်လွှင့်လိုက်တဲ့ ရာဇဝတ်မှုသည်းထိတ်ရင်ဖို (Crime Thriller) နဲ့ ဟာသနှောတဲ့ Mockumentary (မှတ်တမ်းတင်ရုပ်ရှင်တု) အမျိုးအစား ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒေါ်လာသန်း ၅၀၀ အကုန်အကျခံရိုက်ကူးနေတဲ့ Dissident အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာ ဇာတ်ဆောင်မင်းသမီးနေရာက သရုပ်ဆောင်သူ အမျိုးသမီး ၃ ဦးလုံးဟာ "Hollywood Killer" လို့ လူသိများတဲ့ ကွင်းဆက်လူသတ်သမားရဲ့ရက်ရက်စက်စက်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရုပ်ရှင်ရိုက်ကူးရေး ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ နှစ်အတော်ကြာပြီးတဲ့နောက် FBI အေးဂျင့်ဟောင်း Thomas Scott က ဒီလူသတ်မှု Cold Case ကို ပြန်လည်ဖော်ထုတ်ပြီး သံသယရှိသူ ၅ ဦးရဲ့လျှိဝှက်ချက်တွေနဲ့ ဟောလိဝုဒ်လောကရဲ့လောဘ၊ အမှောင်ဖက်ခြမ်းတွေကို စုံစမ်းဖော်ထုတ်ပုံကို True-crime ပုံစံနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပရိသတ်တွေနဲ့ဝေဖန်ရေးဆရာတွေအကြား ရုပ်ရှင်ဖော်မတ်အစုံလင်ဆုံးသုံးထားတဲ့ လွတ်လပ်တဲ့ (Independent) ရုပ်ရှင်အဖြစ် နာမည်ကြီးပါတယ်။ 8mm, 16mm, 35mm, 65mm အပြင် VistaVision၊ Ultra Panavision 70 နှင့် Anamorphic IMAX ကင်မရာမျိုးစုံကို အသုံးပြုထားတာကြောင့် ရုပ်ရှင်ကြည့်ရှုစဉ်မှာ Aspect Ratios (ပိတ်ကားအချိုးအစား) ခဏခဏပြောင်းလဲသွားမယ့် ထူးခြားတဲ့ Visual Style ကို ခံစားရမှာဖြစ်ပါတယ်။ ဒါရိုက်တာ Tyler Shields က ဒီပရောဂျက်ကို ၅ နှစ်ကြာရိုက်ကူးခဲ့ပြီး မူလက ၇ ပိုင်းပါ မီနီစီးရီး (Miniseries) အဖြစ် ပုံဖော်ခဲ့ပေမယ့်လည်း အခုအခါမှာ ၂ နာရီစာ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် တည်းဖြတ်ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ ရုပ်ရှင်ဝေဖန်ရေးဆရာတွေ၊ ပရိသတ်တွေနဲ့ Rotten Tomatoes ပေါ်က သုံးသပ်ချက်တွေအရ ရုပ်ရှင်ရဲ့ရိုက်ချက်တွေ၊ အလင်းအမှောင်အသုံးပြုပုံတွေနဲ့ ကင်မရာအလှည့်အပြောင်းတွေက အရမ်းလှပပြီး ထူးခြားဆန်းသစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ချီးကျူးထားကြပါတယ်။ တချိုဝေဖန်ရေးဆရာတွေက ဇာတ်လမ်းပိုင်းထက် အလန်းစားရိုက်ကူးမှုကို ပိုဦးစားပေးထားပြီး စုံထောက် ဇာတ်လမ်းကောင်းတစ်ခုအနေနဲ့ ဆွဲဆောင်မှုအားနည်းတယ်ဟု ဆိုကြပေမယ့်လည်း၊ တချိုကတော့ ဟောလိဝုဒ်လောကကို ပြောင်လှောင်ထားတဲ့သရော်စာ (Satire) ပုံစံဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းတယ်ဟု သုံးသပ်ထားကြပါတယ်။ File Size… (2.22GB) / (877MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…2h Genre ….Comedy, Crime, and Mystery Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်