ဇာတ်ကားများ ရွေးရန်

The Greatest Beer Run Ever

2022ဇာတ်ကားအမှတ် 7.7/10126 မိနစ်

ဗီယက်နမ်စစ်ပွဲကာလမှာ အမေရိကန်ပြည်သူတွေက စစ်ပွဲကို ထောက်ခံသူနဲ့ ကန့်ကွက်ဆန္ဒပြသူဆိုပြီး နှစ်ဖက်ကွဲနေကြပါတယ်။ အမေရိကန်တပ်ထွက် ချစ်ကီဒိုနိုဟူးကတော့ စစ်ပွဲဟာ နိုင်ငံအတွက်ပဲလို့ ယုံကြည်အားပေးနေသူပါ။ သူ့ညီမက ဆန္ဒပြသူဖြစ်ပေမယ့် ချစ်ကီကိုယ်တိုင်ကတော့ ဆန္ဒပြသူတွေကို မုန်းနေပါတယ်။ သင်္ဘောသားအလုပ်လုပ်တဲ့ သူဟာ သင်္ဘောမတက်ရတဲ့အချိန်ဆို ညတိုင်း အရက်ဆိုင်မှာ သောက်ပြီး မိဘအိမ်မှာ နေမြင့်တဲ့အထိ အိပ်လေ့ရှိတယ်။ တစ်ည ဘားမှာ စုသောက်ကြရင်း သူတို့ရပ်ကွက်ကနေ ရှေ့တန်းရောက်နေတဲ့ စစ်သားတွေဆီ နယူးယောက်က ဘီယာတွေ သွားပေးရင် ဘယ်လောက်ပျော်ကြမလဲလို့ ပြောမိကြပါတယ်။ သူတို့ကို ထောက်ခံနေသူတွေ ရှိသေးတယ်ဆိုတာ သိရရင် အားတက်ကြမယ်ဆိုတဲ့ အတွေးပါ။ ချစ်ကီ တကယ်သွားမယ်လို့ မယုံသူတွေက လှောင်ကြပေမယ့် စစ်သားတွေရဲ့ မိသားစုဝင်တွေကတော့ မျှော်လင့်ချက်လေးနဲ့ လူကြုံပစ္စည်းတွေ လာအပ်ကြတယ်။ ချစ်ကီကလည်း သွားချင်သလို မသွားချင်သလိုနဲ့ စုံစမ်းရင်း အကြောင်းတိုက်ဆိုင်ပြီး ဗီယက်နမ်စစ်မြေပြင်အထိ ရောက်သွားပါတယ်။ အဲဒီမှာ သူတွေ့ရတာတွေက တီဗီထဲက ဝါဒဖြန့်သတင်းတွေနဲ့ လုံးဝမတူတော့ဘူး။ စစ်သားတွေ၊ ဗီယက်နမ်လူမျိုးတွေ၊ သတင်းထောက်တွေကြားမှာ အလွဲမျိုးစုံကြုံရင်း အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ စစ်ပွဲဟာသဒရာမာဖြစ်ပြီး ဇက်အက်ဖရွန်၊ ဘီလီမူရေးနဲ့ ရက်ဆဲခရိုးတို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း