ဒန်နီဆိုတဲ့ကောင်လေးဟာ ဘာ့ထ်ဆိုတဲ့ "ဦးလေး"ဖြစ်သူ မာဖီးယားရဲ့လက်အောက်မှာ ခွေးလိုမျိုးမွေးမြူထားခံရပြီး တိုက်ကြက်လို mindset မျိုး ငယ်ငယ်ကတည်းက အသွင်းခံရသူပါ။ သူ့ကိုလည်ပင်းမှာပါ လည်ပတ်ဝတ်ပေးပြီး မွေးမြူထားရတဲ့ ရည်ရွယ်ချက်ကတော့ ခွေးလိုမျိုး သခင်ကို သစ္စာရှိရှိကာကွယ်ပေးနိုင်ဖိုပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ တိုက်ခိုက်မှုတစ်ခုကြောင့် ဘာ့ထ်သေဆုံးပြီလို့ ယူဆရတဲ့အတွက် လေလွင့်သွားတဲ့ဒန်နီတစ်ယောက် ဆမ်ဆိုတဲ့ မျက်မမြင်လူကြီးအိမ်ကို ရောက်သွားပါတော့တယ်။ ဆမ်နဲ့ သူ့မယားပါသမီး ဗစ်တိုးရီးယားတို့ဟာ ဗစ်တိုးရီးယားကျောင်းတက်ဖို့အတွက် မြိုတက်ကြရင်းနဲ့ ဒန်နီကိုတွေ့ပြီး ခင်မင်သွားကြတဲ့အခါ ဒန်နီရဲ့ အရိုင်းဆန်တဲ့စိတ်တွေ တဖြည်းဖြည်းပျောက်လာပါတော့တယ်။ ဒန်နီတစ်ယောက် ဆမ်တိုသားအဖရဲ့ ပြုပြင်မှုနဲ့ လူယဉ်ကျေးဖြစ်နိုင်မလား၊ အရိုင်းဆန်တဲ့ တိုက်ကြက်လိုစိတ်ဓာတ်တွေပဲ ပြန်ပေါ်လာနိုင်မလားဆိုတာကတော့ Jet Li နဲ့ Morgan Freeman တို့က အဓိကပါဝင်ထားတဲ့အပြင် IMDb 7/10 နဲ့ RT 66% ရရှိထားတဲ့ Unleashed ဆိုတဲ့ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ Quality.....BrRip 1080p / 720p File Size.....(2.1 GB) / (1.2 GB) Duration.....01:43:00
ဇာတ်ကားကြည့်ရန်