မှုခင်းစာရင်းကိုင် ဂျင်မီရူးဒေါ့ဖ်ဟာ ဆုံးသွားတဲ့ အစ်ကိုရဲ့ အရိုးပြာကို ရေမျှောဖို့ ကမ်းခြေဆီ ထွက်လာရင်း လမ်းဘေးစတိုးဆိုင်တစ်ဆိုင်မှာ မုန့်ဝင်ဝယ်ပါတယ်။ အဲဒီမှာ ကောင်တာက ကောင်မလေးက သူ့ကိုတော့ ဘာမှမလုပ်ဘဲ ဆိုင်ထဲဝင်လာတဲ့ တခြားလူအားလုံးကို သေနတ်နဲ့ပစ်၊ ဓားနဲ့ပေါက်ပြီး သတ်လိုက်တာကို တွေ့လိုက်ရတယ်။ ဂျင်မီလည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ကျသင့်ငွေကို ကောင်တာပေါ်တင်လို့ ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ ကားပေါ်တက်ပြီး မောင်းထွက်လာပေမယ့် ခုနက ကောင်မလေးက သူ့ကားထဲ လိုက်ပါလာနှင့်နေပြီ။ သူ့နာမည်က နတ်တာရှာဖြစ်ပြီး ကိုယ်တူစိတ်ကွဲရောဂါ DID ခံစားနေရတဲ့ ကြေးစားတစ်ယောက်ပါ။ နတ်နဲ့ တာရှာဆိုတဲ့ စိတ်နှစ်ခုရှိပြီး တာရှာက ပြဿနာတွေရှာသမျှ ဉာဏ်ကောင်းတဲ့ နတ်က လိုက်ရှင်းနေရတယ်။ အခုလည်း ဒုစရိုက်သမားအလုပ်ရှင်ဆီက ပိုက်ဆံခိုးလာလို့ သူ့ကို အဖွဲ့လိုက် လိုက်သတ်နေကြတာ ဖြစ်ပါတယ်။ အစ်ကို့အရိုးပြာ ရေမျှောဖို့ ထွက်လာတဲ့ ဂျင်မီရဲ့ ခရီးထဲကို နတ်တာရှာ အမှတ်မထင် ဝင်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်ကြဦးမလဲ။ နောက်ကလိုက်နေတဲ့ လူသတ်သမားတွေရန်ကနေရော လွတ်အောင် ရှောင်နိုင်ကြပါ့မလားဆိုတာကို ဟာသနှောထားတဲ့ အက်ရှင်ဇာတ်လမ်းအဖြစ် ဆက်ထားပါတယ်။
ဇာတ်ကားကြည့်ရန်