ဇာတ်ကားများ ရွေးရန်

End of Days

1999ဇာတ်ကားအမှတ် 6.0/10121 မိနစ်

သက္ကရာဇ် ၂၀၀၀ ကို ရောက်တော့မယ့်အချိန်၊ ကမ္ဘာပျက်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြတဲ့ နောက်ခံနဲ့ ဇာတ်လမ်းစထားပါတယ်။ ၁၉၉၉ ခုနှစ် နှစ်သစ်ကူးအကြိုညမှာ နယူးယောက်မြို့ရဲ့ လမ်းမတွေပေါ် လူတွေ ကြက်ပျံမကျ စည်ကားနေကြတယ်။ ဇာတ်လမ်းထဲမှာတော့ ထောင်စုနှစ်အဆုံး၌ စေတန်ဟာ ငရဲအကျဉ်းထောင်ကနေ လွတ်မြောက်လာပြီး ကမ္ဘာပျက်နေ့ကို ယူဆောင်လာမယ်ဆိုတဲ့ အကြောင်းရှိနေပါတယ်။ လူစီဖာဟာ ကမ္ဘာပေါ်ကိုတက်လာပြီး ရွေးချယ်ခံမိန်းကလေးတစ်ယောက်ကို ရှာဖို့ ရည်ရွယ်ထားတယ်။ အဲဒီမိန်းကလေးနဲ့ ကိုယ်လက်နှီးနှောပြီး သူ့မျိုးဆက်ကို ချန်ထားဖို့၊ ငရဲတံခါးကို ဖွင့်ပြီး ကမ္ဘာပျက်နေ့ကို ယူဆောင်လာဖို့ပါ။ ဒီအချိန်မှာပဲ အာနိုးသရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်က တာဝန်ယူစောင့်ရှောက်နေရတဲ့ လုပ်ငန်းရှင်ရဲ့ကိုယ်ထဲ လူစီဖာ ဝင်ပူးသွားပါတယ်။ အဖြစ်အပျက်တွေ ဆက်တိုက်ကြုံလာရင်း အာနိုးရဲ့ဇာတ်ကောင်ဟာ ရွေးချယ်ခံမိန်းကလေးကို ကာကွယ်ပေးရမယ့် အခြေအနေ ရောက်လာတယ်။ လူစီဖာ သူ့အနား မရောက်နိုင်အောင် ပြေးလွှားရှောင်တိမ်းကြရင်း လူသားတစ်ယောက်နဲ့ စေတန်နတ်ဆိုးတို့ ထိပ်တိုက်ရင်ဆိုင်ကြရပါတယ်။

ဇာတ်လမ်းအကြောင်း