Bad Counselors (2026) Grayson Fuller က နယူးယောက်ခ်မှာ အလုပ်ရဖို့ အစီအစဉ်ရှိပြီးသား Emerson တက္ကသိုလ်က စီနီယာကျောင်းသားတစ်ယောက်ပေါ့။ သူသာ နောက်ဆုံး semester ကို ပြီးအောင်ဖြေနိုင်ရင်ရပြီ။ ဒါပေမဲ့ သူ့ရဲ့ဘော်ဒါအဖွဲ့က ပါတီအရမ်းမက်တဲ့ နာမည်ပျက်ကျောင်းသားဆိုးအဖွဲ့ Beta Alpha Delta (B.A.D.) ပါပဲ။ တစ်ညမှာ သူတို့ မူးမှောက်ပြီး ပိုင်နက်ဖျက်ဆီးလို့ ကျောင်းဝန်းရဲတွေ ဖမ်းတာကို ခံလိုက်ရကာ Grayson နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း Tyler တို့နှစ်ယောက် နှစ်ပတ်အတွင်း နာရီပေါင်း 120 ပြည့်အောင် လူမှုလုပ်အားပေး လုပ်၊ မလုပ်ရင် ကျောင်းထုတ်ခံရမယ်ဆိုတဲ့ ရာဇသံကြီး ရလိုက်ကြပါတယ်။ အသည်းအသန်ဖြစ်နေတာနဲ့ပဲ Tyler က အနီးနားက Burning Bush စခန်းက အကြံပေး counselor တွေ အမြန်လိုအပ်နေတာကို သိသွားပါတယ်။ အပြင်ထွက်လှုပ်ရှားမှုတွေကို မုန်း၊ ကလေးတွေနဲ့ အတွေ့အကြုံမရှိဘဲ ဘုရားကျောင်းကို ခြေတစ်လှမ်းမချဖူးကြပေမဲ့ သူတို့သူငယ်ချင်းနှစ်ယောက် နာရီပြည့်ဖို့အတွက် ဘာသာရေးကိုင်းရှိင်းတဲ့ ဘုရားကျောင်းဘရိုတွေပုံစံ ဟန်ဆောင်ပြီး ဘယ်လိုတွေ ဂျင်းထည့်အသက်ရှင်နိုင်ကြမလဲဆိုတာကို ဒီဟာသကားထဲမှာ ဆက်ကြည့်လိုက်ကြပါဦးဗျာ။ File size… (1.7 GB) / (850 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Family Duration…. 01:40:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်