IMDb (7/10) / Rotten Tomatoes (53%) ဂျက်စ် (Diane Kruger)ဆိုတာ ကလေးငယ်လေး ၃ယောက်ရဲ့အမေ ဖြစ်ပြီး ခေတ်ပေါ်ဆေးဝါးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အယုံအကြည်မရှိသူပါ။ ဂျက်စ်ရဲ့ အချစ်ဆုံးသူငယ်ချင်း လစ်ဇ်(Jo Joyner) ကတော့ ပြည်သူ့ဆေးရုံရဲ့ ကလေးအထူးကုဌာနက ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဂျက်စ်ဟာ သူ့ရဲ့၁၀လသမီးလေး ဘတ်စီကိုချီလို့ လစ်ဇ်တို့ဆေးရုံရဲ့ အရေးပေါ်ဌာနကို ရောက်လာပါတယ်။ လစ်ဇ်အတွက်လည်း ဂျက်စ်တစ်ယောက်ကို သူ ရောက်မလာနိုင်တဲ့နေရာလို့ တွေးမှတ်ထားတဲ့ နေရာမှာ မထင်မှတ်ပဲ တွေ့လိုက်ရတဲ့အပြင် ဘတ်စီလေးဆီမှာလည်း အကျိုးအကြောင်းခိုင်လုံအောင် မရှင်းပြနိုင်တဲ့ ဦးခေါင်းခွံ ကွဲအက်ဒဏ်ရာကို တွေ့လိုက်ရပါတယ်။ ဂျက်စ်ဟာ ကလေးတွေကို ပြုစုပျိုးထောင်တာ အရမ်းတော်ပြီး ကြင်နာတတ်တဲ့အမေဆိုတာကို လစ်ဇ်တစ်ယောက် သိတဲ့အပြင် သူငယ်ချင်းအရင်းလည်း ဖြစ်တာကြောင့် တွေဝေနေခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ လုပ်ထုံးလုပ်နည်းအရ လူမှုဝန်ထမ်းဌာနကို အကြောင်းကြားလိုက်ရတဲ့နောက် ရဲတွေပါ ပါဝင်လာပြီး စစ်ဆေးဖို့ဖြစ်လာပါတယ်။ File size…(1.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်