ဒီတစ်ခါတော့ 1987 ခုနှစ်ကထွက်ထားတဲ့ The Fourth protocol ကိုပြန်ကြည့်ရအောင်... ဒီရုပ်ရှင်က နာမည်ကျော် စာရေးဆရာ Frederick Forsyth ရဲ့ဝတ္ထုကို John Mackenzie ကရိုက်ထားတာပါ စစ်အေးတိုက်ပွဲကာလအတွင်း နျူးကလီးယားဗုံးနဲ့ပတ်သက်တဲ့ လျှို့ဝှက်အစီအစဥ်တစ်ခုကို ဟန့်တားဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ ဇာတ်လမ်းအကျဥ်း ဆိုဗီယက်ယူနီယံဘက်က အထက်တန်းအရာရှိတစ်ဦးဟာ အနောက်နိုင်ငံတွေကို နိုင်ငံရေးအရ ထိခိုက်စေဖို့ လျှို့ဝှက်စီမံချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ စီစဉ်ထားတာပါ... ဒီစီမံချက်မှာ အရေးကြီးဆုံးကတော့ ဗြိတိန်နိုင်ငံအတွင်းမှာ နျူကလီးယားဗုံးတစ်လုံးကို လျှို့ဝှက်စွာ ထည့်သွင်းတည်ဆောက်ပြီး ပေါက်ကွဲစေကာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့ပါပဲ..... အဲဒီတာဝန်ကို ဆိုဗီယက်အေးဂျင့်တစ်ဦးဖြစ်တဲ့ "ပက်ထရော့စကီး" ကို ဗြိတိန်နိုင်ငံကို လျှို့ဝှက်ပို့ဆောင်လိုက်ပါတယ် သူဟာ လျှို့ဝှက်နည်းလမ်းတွေနဲ့ နျူကလီးယားပစ္စည်းအစိတ်အပိုင်းတွေကို သွင်းယူပြီး ဗုံးတည်ဆောက်ဖို့ ကြိုးစားနေခဲ့ပါတယ် တစ်ဖက်မှာတော့ ဗြိတိန်အင်တယ်လီဂျင်စ်အဖွဲ့မှ အေးဂျင့်တစ်ဦးဖြစ်တဲ့ "ပရက်စတန်" ဟာ ထူးခြားတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းရင်း ဒီလျှိ့ဝှက်စီမံချက်ကို သံသယဖြစ်လာပါတယ် အထက်အရာရှိတွေက မယုံကြည်သေးပေမယ့် "ပရက်စတန်"က သူ့အနေနဲ့ သက်သေတွေကို ရှာဖွေပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ဆက်လက်ကြိုးစားပါတော့တယ် "ပရက်စတန် " ဟာ "ပက်ထရော့စကီး" ရဲ့ စီမံချက်ကို ရှာဖွေတွေ့ရှိပြီး နျူကလီးယားပေါက်ကွဲမှုကို တားဆီးနိုင်မလားဆိုတာကိုတော့... စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ် တစ်ချိန်ထဲမှာပဲ James Bond ဖြစ်လာမယ့် မင်းသားကြီး Pierce Brosnan ရဲ့ငယ်ဘဝသရုပ်ဆောင်မှုတွေကိုကြည့်ရမှာပါ
ဇာတ်ကားကြည့်ရန်