ဇာတ်ကားနှင့် ဇာတ်လမ်းတွဲ ရွေးရန်
26,856 ကား
Masha
2029
ရင်တမမနဲ့ ကြည့်ရမဲ့ အမိုက်စား ဇာတ်ကားကောင်းတစ်ကားကို စောင့်နေတယ်ဆိုရင်တော့ The Wailing ဒါရိုက်တာ Na Hong-jin ရဲ့ ၂၀၂၆ ထွက် Sci-Fi Thriller ရုံတင်ဇာတ်ကားသစ် "Hope" က လုံးဝအံကိုက်ပါပဲ။ ဇာတ်လမ်းက ဝေးလံခေါင်ဖျားပြီး အေးချမ်းတဲ့ တောင်ကိုရီးယားက Hope Harbor ဆိုတဲ့ ရွာလေးကနေ စတင်ထားပါတယ်။ တစ်ရက်ကျ လမ်းလယ်ခေါင်မှာ နွားတစ်ကောင်က ရုပ်ပျက်ဆင်းပျက်နဲ့သေနေတဲ့အခါ စခန်းမှူး ဂိုဘွန်ဆော့တို့အဖွဲ့က ကျားက သတ်သွားတယ်လို့ ကောက်ချက်ချလိုက်ပြီး အမဲလိုက်တဲ့အဖွဲ့ကို လွှတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သတ္တဝါဆန်းကြီးတစ်ကောင်က ရွာထဲကို ဝင်မွှေပါတော့တယ်။ အဲဒီအခါ စခန်းမှူး နဲ့ ရဲမေ ဆောင်းအယ်တို့က ဒီအကောင်ကြီးကို အသေအလဲ လိုက်လံနှိမ်နင်းဖို့ ကြိုးစားကြပါတော့တယ်။ အစပိုင်းမှာ သာမန်ရွာလေးတစ်ရွာကို သတ္တဝါတစ်ကောင် ဝင်တိုက်ခိုက်တဲ့ ပြဿနာလို့ ထင်ရပေမဲ့ တဖြည်းဖြည်းနဲ့ စကြာဝဠာတစ်ခုလုံးကိုပါ ခြိမ်းခြောက်လာမဲ့ ကပ်ဆိုးကြီးတစ်ခုအဖြစ် ဇာတ်ရှိန်က လုံးဝထိုးတက်သွားပါတော့တယ်။ ဒီကားရဲ့အသက်က သရုပ်ဆောင်တွေပါပဲ ။ကိုရီးယားက Hwang Jung-min နဲ့ Zo In-sung လို ဝါရင့်နာမည်ကြီးတွေအပြင် Squid Game ထဲက မင်းသမီး Jung Ho-yeon ပါ ပါဝင်ထားပါတယ်။ ဒါတင်မကသေးဘဲ ဟောလိဝုဒ်က နာမည်ကြီးစုံတွဲ Michael Fassbender နဲ့ Alicia Vikander တို့ပါ ပါဝင်အားဖြည့်ထားတော့ အနောက်တိုင်းနဲ့ အာရှပေါင်းစပ်ထားတဲ့ သရုပ်ဆောင်ချက်တွေက လုံးဝ ကြည့်ရကျိုးနပ်စေမှာပါ။ The Wailing မှာတုန်းကလိုပဲ ကြည့်နေရင်း မျက်တောင်ခတ်ဖို့တောင် မေ့သွားမဲ့ လျှို့ဝှက်သည်းဖို အငွေ့အသက်တွေ အပြည့်ပဲမို့ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းပါပဲ။ ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Hope
2026
အသစ်ထွက်ရှိလာတဲ့ "Buddy" ရုပ်ရှင်ဟာ သာမန် ကလေးကြည့် ရုပ်သံအစီအစဉ်လေးတစ်ခုလို့ ထင်ရပေမယ့် တကယ်တော့ Horror / Thriller အမျိုးအစား ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ နာမည်ကျော် Viral ဗီဒီယိုတစ်ခုဖြစ်တဲ့ Too Many Cooks ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Casper Kelly က ဖန်တီးထားတာဖြစ်ပြီး အသံသရုပ်ဆောင်တွေအနေနဲ့ Keegan-Michael Key နဲ့ Michael Shannon တို့လို နာမည်ကြီး သရုပ်ဆောင်တွေအပြင် Cristin Milioti နဲ့ Topher Grace တို့ကပါ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်အိမ်ကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ကလေးတွေ အရမ်းကြိုက်ခဲ့ကြတဲ့ "It's Buddy!" လို့ခေါ်တဲ့ ရုပ်သံအစီအစဉ် ကမ္ဘာလေးထဲမှာ အခြေခံထားပါတယ်။ ဒီအစီအစဉ်ရဲ့ အဓိက ဇာတ်ကောင်ကတော့ Buddy လို့ခေါ်တဲ့ လိမ္မော်ရောင် Unicorn အရုပ်ကြီးပဲ ဖြစ်ပါတယ်။ မြင်သာတဲ့ အပြင်ပန်းသဏ္ဍာန်မှာတော့ ကလေးတွေဟာ Buddy နဲ့အတူ သီချင်းတွေဆို၊ ကခုန်ရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းနေကြတာပါ။ ဒါပေမယ့် ဒီရောင်စုံကမ္ဘာလေးရဲ့ နောက်ကွယ်မှာတော့ ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်တွေ ဖုံးကွယ်နေပြီး ဒီအစီအစဉ်ထဲကို ရောက်သွားတဲ့ ကလေးတွေဟာ တကယ်တော့ အပြင်ကို ပြန်ထွက်လို့မရအောင် ပိတ်လှောင်ခံထားရတာပဲ ဖြစ်ပါတယ်။ ဒီလို ဟန်ဆောင်ဖန်တီးထားတဲ့ ကမ္ဘာလေးထဲမှာ ကလေးတစ်ယောက်က Buddy ရဲ့ စည်းမျဉ်းတွေကို မလိုက်နာဘဲ ဖောက်ဖျက်လိုက်တဲ့အခါမှာတော့ အရာအားလုံးဟာ စတင်ပြောင်းလဲသွားပါတော့တယ်။ ကြင်နာတတ်တဲ့ Buddy ကြီးရဲ့ မကောင်းဆိုးဝါး အသွင်မှန် ပေါ်လာပြီး ကလေးတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်စရာ ဖြစ်လာပါတယ်။ အဲ့ဒီအချိန်မှာ Grace ဆိုတဲ့ မိခင်တစ်ယောက်ဟာ ဒီထူးဆန်းတဲ့ ရုပ်သံအစီအစဉ်ထဲမှာ ပျောက်ဆုံးနေတဲ့ သူ့ရဲ့သမီးလေး Freddy ကို လိုက်လံရှာဖွေရင်း ကယ်တင်ဖို့ ကြိုးစားရပုံတွေကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီ "Buddy" ဇာတ်ကားဟာ ကလေးတွေရဲ့ အပြစ်ကင်းစင်တဲ့ ကမ္ဘာလေးနဲ့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တွေကို အချိုးကျကျ ပေါင်းစပ်ထားပြီး ချစ်စရာကောင်းတဲ့ ရုပ်သံအစီအစဉ်တစ်ခုကနေ အိပ်မက်ဆိုးတစ်ခုအဖြစ် ဘယ်လို ပြောင်းလဲသွားမလဲ၊ ကလေးတွေနဲ့ မိခင်ဖြစ်သူတို့ရော ဒီမကောင်းဆိုးဝါး Buddy ရဲ့ လက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ အဆုံးထိ ဆွဲခေါ်သွားမှာပါ။
ဇာတ်ကားကြည့်ရန်Buddy
2026
Gintama: Yoshiwara in Flames ဆိုတဲ့ ဇာတ်ကားကတော့ နာမည်ကြီး မန်ဂါ ဇာတ်လမ်းတွဲဖြစ်တဲ့ Gintama ရဲ့ အထူးနာမည်ကြီးပြီး အက်ရှင်ခန်းတွေ ဇာတ်အိမ်ခိုင်မာမှုတွေနဲ့ နာမည်အကြီးဆုံး ဇာတ်လမ်းတွဲ (Arc) တစ်ခုကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဂျပန် Animeဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ "အားနည်းတဲ့ မီးတောက်ငယ်တွေ စုစည်းလိုက်ရင် အမှောင်ထုကြီးကို အလင်းပေးနိုင်တယ်" မြေအောက်မှာ တည်ဆောက်ထားပြီး အမြဲတမ်း ညဉ့်နက်နေသလို မှောင်မိုက်နေတဲ့ အပျော်မယ်မြို့တော် "ယိုရှီဝါရာ"ဆိုတဲ့ မြို့လေးမှာပေါ့.... တစ်နေ့ ဂင်တိုကီတို့ လူငယ်တစ်စု ယိုရှီဝါရာ မြို့တော်ဆီ ရောက်လာပြီး မိခင်ဖြစ်သူကို ရှာဖွေနေတဲ့ စေတာဆိုတဲ့ ကောင်လေးနဲ့ ဆုံဖြစ်ကြပါတယ်။ အဲဒီကနေတစ်ဆင့် ယိုရှီဝါရာ မြို့တော်ကို ဘယ်သူက ဘယ်လို ခြယ်လှယ်ချုပ်ကိုင်ထားလဲဆိုတဲ့ အမှန်တရားကို စတင်သိရှိလာကြပါတော့တယ်။ တကယ်တော့ အဲဒီမြို့တော်ကို ညဘုရင် "သခင်ဟိုဆန်" လို့ခေါ်တဲ့ အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ယာတိုလူမျိုး ခေါင်းဆောင်တစ်ဦးက အုပ်ချုပ်ထားပါတယ်.... အပြင်လောကရဲ့ နေရောင်ခြည်တောင် မမြင်ရဘဲ မြို့သူမြို့သားတွေနဲ့ အပျော်မယ်တွေဟာ သူ့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ လွတ်လပ်ခွင့်မရှိဘဲ နေထိုင်နေကြရပါတယ်။ ဂင်တိုကီနဲ့ အဖွဲ့ဟာ အားလုံးရဲ့ စုစည်းညီညွတ်တဲ့ မီးတောက်ငယ်တွေနဲ့အတူ ယိုရှီဝါရာမြို့ကို ညဘုရင်ရဲ့ ချုပ်ကိုင်မှုကနေ ကယ်တင်နိုင်ခဲ့ပြီး မြို့ပေါ်မှာ တောက်ပတဲ့ နေရောင်ခြည်နဲ့ ပြာလွင်တဲ့ ကောင်းကင်ကြီးကို ပြန်လည်မြင်တွေ့ခွင့် ရသွားကြပါတယ်။ ဂင်တိုကီတို့ လူငယ်တစ်စု ညဘုရင်ကြီး ဟိုဆန်ကို အနိုင်ယူသွားကြပုံကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Gintama ပရိသတ်တွေအတွက်ရော အက်ရှင်နဲ့ စိတ်ခံစားမှုကောင်းတဲ့ Anime ဇာတ်ကားကောင်းတစ်ကားကို ရှာနေသူတွေအတွက်ပါ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Gintama: Yoshiwara in Flames
2026
အက်ရှင်နဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတွေကိုမှ အခေါက်ခေါက်အခါခါ ကြည့်ချင်တဲ့ ရုပ်ရှင်ရူးသွပ်သူတွေအတွက် နာမည်ကျော် မင်းသားကြီး ဘန်အက်ဖလက် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ခေါင်းဆောင်ပါဝင်ထားတဲ့ Animals ဆိုတဲ့ ၂၀၂၆ ထွက် ဇာတ်ကားသစ်ကြီးက လုံးဝကို ရှယ်မိုက်နေမှာပါ။ ဇာတ်လမ်းကတော့ လော့စ်အိန်ဂျလိစ် မြို့တော်ဝန်လောင်းအဖြစ် ဝင်ရွေးခံမယ့် မတ်ခ်ကင်မ်ဘောလ် နဲ့ သူ့ဇနီးတို့ရဲ့ သားဖြစ်သူ ပြန်ပေးဆွဲခံရတဲ့ အချိန်ကနေ စတင်ထားပါတယ်။ ပြဿနာက သူတို့ရဲ့ ပိုက်ဆံတွေ အကုန်လုံးကို ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ သုံးပစ်လိုက်ပြီ ဖြစ်လို့ ပြန်ပေးသမားတွေ တောင်းတဲ့ ငွေကို အချိန်မီ ရှာဖွေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သားဖြစ်သူရဲ့ အသက်ကို ကယ်တင်ဖို့အတွက် သူတို့မလုပ်ဖူးတဲ့ အမှောင်လမ်းစဉ်တွေကို ရွေးချယ်လာရတဲ့အခါ ဘယ်လို အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို အသက်ရှူမှားလောက်အောင် ကြည့်ရမယ့် ကားမျိုးပါ။ ဒီဇာတ်ကားက သာမန် ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းတွေလို ငွေပေး လူယူ ဇာတ်ကွက်မျိုး မဟုတ်ဘဲ နိုင်ငံရေးလောကရဲ့ နောက်ကွယ်က ညစ်ပတ်မှုတွေနဲ့ လူ့စိတ်ရဲ့ အောက်ခြေဆုံး အမှောင်ဘက်ခြမ်းတွေကို အပီအပြင် ဆွဲထုတ်ပြထားတာပါ။ သားကို ကယ်တင်ဖို့ ကြိုးစားရင်းနဲ့ သူတို့ လျှို့ဝှက်ထားချင်ခဲ့တဲ့ အတိတ်က ဇာတ်လမ်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာတဲ့အခါမှာတော့ ဇာတ်လမ်းက ပိုပြီး ရှုပ်ထွေးလာပါတော့တယ်။ ဘန်အက်ဖလက် အပြင် မင်းသမီး ကယ်ရီဝါရှင်တန် နဲ့ စတီဗင်ယွန်း တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်အားဖြည့်ထားတဲ့အတွက် သရုပ်ဆောင်ပိုင်းကတော့ လုံးဝ အပြစ်ပြောစရာ မရှိပါဘူး။ အချိန်နဲ့အမျှ ပြေးလွှားရုန်းကန်ရမယ့် အပြင် ဇာတ်ကွက် အလှည့်အပြောင်းတွေကို ရင်တမမနဲ့ ခံစားရမယ့် မှုခင်း သည်းထိတ်ရင်ဖို ကားကောင်း တစ်ကားဖြစ်လို့ ဘာကားကြည့်ရမလဲ စဉ်းစားနေရင် အခုပဲ သွားကြည့်လိုက်ဖို့ ညွှန်းချင်ပါတယ်
ဇာတ်ကားကြည့်ရန်Animals
2026
ဒီကားလေးကတော့ သဘာဝတရားကို ချစ်မြတ်နိုးစိတ်နဲ့ မိသားစုသံယောဇဉ်ကို အချိုးကျကျ ပေါင်းစပ်တင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ကားလို့ ပြောပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့ တောင်ပေါ်ရွာလေးတစ်ရွာက မိသားစုတစ်ခုမှာ အစ်မကြီးဖြစ်သူကို မြို့ကလူတစ်ယောက်နဲ့ ပေးစားဖို့ စီစဉ်ရာကနေ စတင်ပါတယ်။ မိဘတွေဟာ မင်္ဂလာစရိတ်နဲ့ အကြွေးတွေကြောင့် အခက်အခဲဖြစ်နေတဲ့အတွက် သူတို့ခြံထဲမှာ နှစ်ပေါင်းများစွာရှိနေတဲ့ ဧရာမသစ်ပင်ကြီးကိုခုတ်ပြီး ရောင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဒါပေမဲ့ အဘွားဖြစ်သူရဲ့ ပုံပြင်တွေနဲ့ ကြီးပြင်းလာတဲ့ သမီးငယ်လေးအတွက်တော့ ဒီသစ်ပင်ကြီးက သက်မဲ့အရာတစ်ခုမဟုတ်ဘဲ အသက်ဝင်နေတဲ့ သူငယ်ချင်းတစ်ယောက်လို ဖြစ်နေတဲ့အခါမှာ မိသားစုတွင်း ဘယ်လိုပဋိပက္ခတွေ ဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။ ဒီကားရဲ့ အဓိကဆွဲဆောင်မှုကတော့ လူကြီးတွေရဲ့ စီးပွားရေးနဲ့ လက်တွေ့ဘဝ ပြဿနာတွေကြားထဲမှာ သဘာဝတရားကို ကာကွယ်ချင်တဲ့ ကလေးငယ်တစ်ယောက်ရဲ့ ဖြူစင်တဲ့စိတ်ထားကို ပီပြင်စွာ ရိုက်ကူးပြထားတာပဲ ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့ သစ်ပင်ကြီးကို မခုတ်ပစ်ဖို့အတွက် အစာငတ်ခံဆန္ဒပြတဲ့အထိ ကြိုးစားရှာတဲ့ ကလေးမလေးက ကြည့်ရှုသူတိုင်းရဲ့ ရင်ကို ထိရှစေမှာ အမှန်ပါပဲ။ ကျေးလက်ဒေသရဲ့ အလှအပတွေ၊ ရိုးရာယုံကြည်မှုတွေနဲ့အတူ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးရေးကို သိမ်သိမ်မွေ့မွေ့လေး မီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားကောင်းလေးမို့လို့ ခံစားမှုရသ အပြည့်အဝပေးနိုင်မဲ့ ရုပ်ရှင်မျိုးကို ရှာနေတယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွှတ်တမ်း ကြည့်ဖို့ တိုက်တွန်းပါရစေ။
ဇာတ်ကားကြည့်ရန်Kalyanamaram
2026
ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးလို့ သတ်မှတ်ထားပြီး ဘယ်သူမှ ဆောင်းရာသီမှာ မတက်ရောက်နိုင်သေးတဲ့ "ရက်စက်ကြမ်းကြုတ်သောတောင်" ကေတူး (K2)။ ၂၀၂၁ ခုနှစ် ဆောင်းရာသီမှာ ကေတူးရဲ့ သမိုင်းဝင်ပထမဆုံးစံချိန်ကို ရယူဖို့ ကမ္ဘာအရပ်ရပ်က တောင်တက်သမားတွေ ရောက်ရှိလာကြပါတယ်။ နိုင်ငံဂုဏ်ဆောင်ဖို့ ကြိုးစားတဲ့ နီပေါရှာပါတွေ၊ ပါကစ္စတန်နဲ့ နိုင်ငံတကာက နာမည်ကျော် တောင်တက်သမားတွေအပြင် စီးပွားဖြစ်တောင်တက်အဖွဲ့တွေပါ ရောက်လာတဲ့အခါ ပြိုင်ဆိုင်မှု၊ အတ္တနဲ့ ဖိအားတွေ ပြင်းထန်လာခဲ့ရပါတယ်။ အနုတ် ၅၀ ဒီဂရီဆဲလ်စီးယပ်စ် ရာသီဥတုဆိုးရွားမှုနဲ့ စခန်း ၃ (Camp 3) ရဲ့ တဲမလုံလောက်မှု စီမံခန့်ခွဲမှုအမှားတွေကြောင့် တောင်ထိပ်ရောက်သူ ၁၀ ယောက်ရှိခဲ့ပေမဲ့ နာမည်ကျော် တောင်တက်သမား ၅ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အောင်မြင်မှုရဲ့ အရိပ်မည်းအောက်မှာ မိသားစုတွေရဲ့ ယူကျုံးမရ သောကတွေနဲ့အတူ ဆိုရှယ်မီဒီယာခေတ် တောင်တက်လောကရဲ့ မမြင်နိုင်တဲ့ ဖိအားတွေကိုလည်း တွေ့မြင်ရမှာပါ။ သဘာဝတရားကြီးရှေ့မှာ လူသားတွေရဲ့ အကန့်အသတ်နဲ့ သေခြင်းရှင်ခြင်းကြားက ပေးဆပ်မှုတွေကို ရင်နင့်ဖွယ် ပုံဖော်ထားပါတယ်။ သမိုင်းမှတ်တိုင်တစ်ခုအတွက် စွန့်စားမှုနဲ့အတူ စီးပွားဖြစ်ဆန်လာတဲ့ တောင်တက်လောကရဲ့ ကြေကွဲစရာ အဖြစ်မှန်ကို ပကတိအတိုင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်The Last First: Winter K2
2026
Agadha
2026
ဒါကတော့ မှတ်တမ်းရုပ်ရှင် တစ်ခုဖြစ်ပါတယ်၊ 2004 ခုနှစ်က Fox ရုပ်သံလိုင်းရဲ့ အငြင်းပွားဖွယ်ရာ နာမည်ကြီးခဲ့တဲ့ "The Swan" ဆိုတဲ့ Relity Series အကြောင်းကို Documentary အနေနဲ့ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်၊ အဲဒီခေတ်ဝန်းကျင်တုန်းက Reality Show တွေ ခေတ်စားခဲ့တဲ့အချိန်ပေါ့၊ ရုပ်သံထုတ်လွှင့်တဲ့ ကုမ္ပဏီတွေကလည်း ဆန်းသစ်တဲ့ Show တွေထုတ်လွှင့်နိုင်အောင် အပြိုင်အဆိုင် ကြိုးစားခဲ့ကြတယ်၊ အဲဒီအချိန်မှာပဲ Fox က "The Swan" ဆိုတဲ့ Reality အစီစဉ်တစ်ခုလုပ်ဖို့ စိတ်ကူးရခဲ့တယ်၊ အဲဒါကတော့ ရုပ်ရည်အရ ရွက်ကြမ်းရေကျို အနေအထားပဲ ရှိတဲ့ အမျိုးသမီးတွေကို ခေါ်ယူပြီး Gym Trainer တွေနဲ့ လေ့ကျင့်ပေး၊ ဆရာဝန်တွေနဲ့ ပလတ်စတစ်ဆာဂျရီ လုပ်ပေး၊ စိတ်ပိုင်းဆိုင်အတွက် စိတ်ကုထုံးတွေပေး၊ ခန္ဓာကိုယ်အတွက် အစားအသောက်ပိုင်းကို Diet လုပ်ခိုင်းပြီးတော့ လှပတဲ့ အမျိုးသမီးအဖြစ် ပြောင်းလဲပေးမဲ့ အစီအစဥ်ပါပဲ၊ အားလုံးကို ပြောင်းလဲပေးပြီးသွားရင် နောက်ဆုံးမှာ သူတို့ကို အလှပြိုင်ပွဲတစ်ခုတောင် လုပ်ပေးဦးမယ်၊ အဲဒါကြောင့် ကိုယ့်ရဲ့ရုပ်ရည်ကို အခမဲ့ ပြောင်းလဲခွင့်ရဖို့အတွက် ပါဝင်ချင်တဲ့အမျိုးသမီးပေါင်း သိန်းချီပြီး လူရွေးပွဲကို ဝင်ခဲ့ကြတယ်၊ ပါဝင်ခွင့်ရသူတွေကတော့ ကံထူးသူတွေပေါ့၊ အခု မှတ်တမ်းရုပ်ရှင်ကတော့ အဲဒီအချိန်တုန်းက The Swan ဆိုတဲ့ Reality Show ကို ရိုက်ကူးခဲ့ရာမှာ ကြုံတွေ့ခဲ့ရတာတွေကို တင်ဆက်ထားပါတယ်၊ အဲဒီအစီစဥ်မှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေ၊ နောက်ကွယ်က ပါဝင်ခဲ့သူတွေ၊ ခွဲစိတ်ဆရာဝန်တွေကိုယ်တိုင် ပြန်လည်ပါဝင်ထားပြီး အဲဒီတုန်းက အကြောင်းအရာတွေကို ပြန်ပြောပြထားကြတယ်၊ ပြိုင်ပွဲဝင်တွေ လနဲ့ချီပြီး မိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားခဲ့ရပုံတွေ၊ မမျှမတ ဖိအားပေးခံရမှုတွေ၊ မမျှော်လင့်ထားတာတွေ ကြုံတွေ့ခဲ့ရပုံတွေနဲ့ ဒီရှိုးရဲ့နောက်ကွယ်က လူမသိခဲ့တဲ့ အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်းချပြထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်The Swan: Behind the Mirror
2026
မော်တော်ကားပြိုင်ပွဲလောကမှာ မကြုံစဖူး ထူးခြားတဲ့ အမဲလိုက်ပွဲကြီးတစ်ခုကို Red Bull က ဖန်တီးလိုက်ပါတယ်။ အဲဒါကတော့ F1 ကမ္ဘာ့ချန်ပီယံ မက်စ် ဗာစတက်ပင် (Max Verstappen) နဲ့ ပြိုင်ဘက် အယောက် ၁၀၀ တို့ရဲ့ ပြိုင်ပွဲကြီးပါပဲ။ ဒီစိန်ခေါ်ပွဲကို ဗြိတိန်နိုင်ငံ ဆီလ်ဗာစတုန်းကွင်းမှာ ကျင်းပခဲ့တာပါ။ မက်စ်ဟာ ကားတန်းကြီးရဲ့ နောက်ဆုံး နံပါတ် ၁၀၁ နေရာကနေ စထွက်ရပြီး အပတ်ရေ ၃၀ အတွင်း ရှေ့က ပြိုင်ဘက် ၁၀၀ စလုံးကို အပြီးသတ် ကျော်တက်ရမှာ ဖြစ်ပါတယ်။ မက်စ်ရဲ့ ကျော်တက်ခြင်းခံရတဲ့ ပြိုင်ကားမှန်သမျှ ပြိုင်ပွဲကနေ ထွက်ပေးရတာပါ။ ပြိုင်ဘက်တွေထဲမှာ အားကစားသမားတွေနဲ့ နာမည်ကျော် ဆယ်လီတွေ ပါဝင်ပြီး အားလုံးက တန်းတူ ဂိုးကတ်ကားတွေ မောင်းနှင်ရပါတယ်။ ပွဲစတာနဲ့ ပထမဆုံးကွေ့မှာတင် ကားတွေ လမ်းကြောင်းလုရင်း စုပြုံတိုက်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ မက်စ်ကတော့ ပါးနပ်စွာ ရှောင်ကွင်းပြီး တစ်ပတ်တည်းနဲ့တင် ပြိုင်ဘက် ၆၀ ကျော်ကို ကျော်တက်ပြခဲ့ပါတယ်။ အဲဒီနောက် မက်စ်ဟာ တစ်စီးပြီးတစ်စီး ဖိအားပေး ကျော်တက်ခဲ့ပြီး ၃၅ မိနစ်အတွင်း အားလုံးကို အနိုင်ယူပြသွားခဲ့ပါတယ်။ F1 ချန်ပီယံကြီးရဲ့ ပါရမီနဲ့ ပျော်ရွှင်မှုကို ဖျော်ဖြေမှု ရသအပြည့်နဲ့ တွေ့မြင်ရမယ့် လက်မလွှတ်သင့်တဲ့ အစီအစဉ်ကောင်းတစ်ခု ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Max vs 100
2026
ဒီတစ်ခါမှာတော့ နေ့ချင်းညချင်း ငရဲပြည်လို ပြောင်းလဲသွားတဲ့ အထပ်မြင့်အဆောက်အအုံတစ်ခုအတွင်း အသက်ရှင်ဖို့ အပြေးအလွှား ရုန်းကန်ကြရမဲ့ Zombie Action Thriller ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇီဝနည်းပညာဆိုင်ရာ အခမ်းအနားတစ်ခု ကျင်းပနေချိန်မှာ အမည်မသိဗိုင်းရပ်စ်တစ်မျိုး ရုတ်တရက် ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ်အတွင်း လူတွေ တစ်ယောက်ပြီးတစ်ယောက် ကူးစက်ခံလာရပါတော့တယ်။ အခြေအနေက ထိန်းမရတော့တဲ့အဆုံး အာဏာပိုင်တွေဟာ အဆောက်အအုံတစ်ခုလုံးကို ချက်ချင်း Quarantine ချလိုက်ပြီး အထဲမှာရှိတဲ့သူအားလုံး ပိတ်မိသွားကြပါတယ်။ အကူအညီမရှိ၊ ထွက်ပြေးစရာလမ်းမရှိတဲ့ အခြေအနေမှာ အသက်ရှင်ကျန်ရစ်သူတွေဟာ အပေါ်ထပ်တွေဆီကို ရောက်နိုင်ဖို့ ကြိုးစားရင်း ကူးစက်ခံတွေရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းကြရပါတော့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကူးစက်ခံတွေက ပိုပြီး အန္တရာယ်များလာသလို လူတွေအချင်းချင်းကြားက ယုံကြည်မှုတွေလည်း တဖြည်းဖြည်း ပြိုကွဲလာပါတော့တယ်။ ဒီလိုအခြေအနေမျိုးမှာ သူတို့ဟာ အသက်ရှင်လျက် လွတ်မြောက်နိုင်မလား၊ ဒီဗိုင်းရပ်စ်ရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာကိုတော့ အတူတူ စောင့်ကြည့်လိုက်ရအောင်လားရှင်။ Cast အနေနဲ့ကတော့ မင်းသမီး Jun Ji Hyun နဲ့ မင်းသား Koo Kyo Hwan တို့ အဓိကပါဝင်ထားပြီး Ji Chang Wook၊ Shin Hyun Been၊ Kim Shin Rok၊ Go Soo တို့လည်း ပါဝင်အားဖြည့်ထားတာမို့ Zombie Thriller ကြိုက်တဲ့ ပရိသတ်တွေအတွက် ကြည့်ရကျိုးနပ်မဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်နော်။
ဇာတ်ကားကြည့်ရန်Colony
2026
လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ဖို့အတွက် အချိန်နဲ့အပြိုင် ပြေးလွှားရမယ်ဆိုရင် ဘယ်လောက်ထိ စွန့်စားနိုင်မလဲ? ဒီဇာတ်ကားကတော့ အက်ရှင်နဲ့ သည်းထိတ်ရင်ဖိုအရသာတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ အမေရိကန်စစ်ပြန်ဟောင်း ဟန့်ခ် မယ်လိုန် ဖြစ်ပါတယ်။ သူဟာ အန္တရာယ်များတဲ့ ပစ္စည်းတွေကို အချိန်မီပို့ဆောင်ပေးရတဲ့ ကျွမ်းကျင်ပို့ဆောင်ရေးသမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဟန့်ခ်ဟာ အသည်းအစားထိုးဖို့လိုအပ်နေတဲ့ ကလေးမလေးတစ်ယောက်အတွက် အရေးကြီးတဲ့ အသည်းတစ်ခုကို ဆေးရုံဆီ ပို့ဆောင်ပေးရပါတယ်။ ဒါပေမယ့် အဲ့ဒီအသည်းဟာ ရှားပါးတဲ့ ရွှေသွေးအမျိုးအစားပိုင်ရှင်ရဲ့ အသည်းဖြစ်တာကြောင့် မှောင်ခိုဈေးကွက်မှာ တန်ဖိုးအလွန်ကြီးမားနေပါတယ်။ အဲ့ဒါကြောင့် ဟန့်ခ်နဲ့ အသည်းပေးအပ်ခဲ့တဲ့ ဘင် ဘစ်ရှော့ပ် တို့နောက်ကို လက်နက်ကိုင်လူဆိုးတွေက လိုက်လံဖမ်းဆီးလာကြပါတော့တယ်။ ဟန့်ခ်တို့နှစ်ယောက်ဟာ အသည်းကို မပျက်စီးအောင် ထိန်းသိမ်းရင်း လူဆိုးတွေရဲ့ လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းပြီး ဆေးရုံကို အချိန်မီရောက်အောင် ကြိုးစားရမှာပါ။ ကလေးမလေးရဲ့အသက်ကို ကယ်တင်နိုင်ပါ့မလား? အသည်းကို လိုချင်နေတဲ့ လူဆိုးတွေလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလား? ဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Runner
2026
လေယာဉ်ပေါ်မှာ အလွဲအချော်တွေနဲ့ လူဆိုးတွေကို နှိမ်နင်းခဲ့တဲ့ Mi-young တို့ မိသားစုကြီး ဒီတစ်ခါတော့ ပင်လယ်ပြင်ပေါ်က မင်္ဂလာပွဲမှာ ရမ်းကားပြဖို့ ပြန်ရောက်လာကြပါပြီ။ Uhm Jung Hwa နဲ့ Park Sung Woong တို့ရဲ့ ဟာသ Combo အပြင် Choi Soo Young၊ Ryeoun၊ Park Jin Joo နဲ့ Lee Sang Yoon တို့ပါ သရုပ်ဆောင်သစ်တွေအဖြစ် အသစ်ထပ်တိုး ပါဝင်ထားပါတယ်။ ဒီတစ်ခေါက်မှာတော့ အေးအေးဆေးဆေး ခရီးထွက်တာမဟုတ်ဘဲ သင်္ဘောပေါ်က မင်္ဂလာပွဲတစ်ခုကို တက်ရောက်ဖို့ ပင်လယ်ပြင်အလယ် ဇိမ်ခံ Cruise သင်္ဘောကြီးပေါ်ရောက်သွားပေမဲ့ ပျော်စရာကောင်းလှပါတယ်ဆိုတဲ့ အဲဒီမင်္ဂလာပွဲကြီးက ရာဇဝတ်အဖွဲ့က စနစ်တကျ ထောင်ထားတဲ့ ထောင်ချောက်ကြီး ဖြစ်နေခဲ့တဲ့အခါ... ပျော်ပွဲရွှင်ပွဲကနေ ခရီးသည်တွေနဲ့ ဧည့်သည်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဓားစာခံ အရှုပ်တော်ပုံကြီးအဖြစ် ရုတ်တရက် ပြောင်းလဲသွားပါတော့တယ်။ ထွက်ပြေးစရာ မြေကွက်လပ်လည်းမရှိ၊ ကမ်းခြေနဲ့လည်း အလှမ်းဝေးလွန်းတဲ့ ပင်လယ်ပြင်အလယ်မှာ မင်္ဂလာဧည့်သည် ရာချီရဲ့ အသက်အန္တရာယ်က Mi-young တို့ မိသားစုလက်ထဲ ရောက်လာပြီဆိုတော့လည်း သာမန်အိမ်ရှင်မယောင် ဆောင်ထားတဲ့ အေးဂျင့်ဟောင်းကြီး Mi-young နဲ့ မိသားစုတစ်စုလုံး ပထမကားထက် ပိုကြမ်း၊ ပိုအလွဲဆန်းတဲ့ လက်စွမ်းတွေကို ထုတ်ပြဖို့ အခြေအနေက ဖိအားပေးလာပါတော့တယ်။ မင်္ဂလာပွဲ ထောင်ချောက်ကြီးထဲကနေ ခရီးသည်တွေကို ဘယ်လို အလွဲအလွဲအချော်အချော်တွေနဲ့ ကယ်တင်သွားမလဲဆိုတာကို တစ်ကားလုံး အမောပြေ ရယ်မောရင်း ပေါ့ပေါ့ပါးပါး အက်ရှင်အရသာပါ ခံစားချင်သူတွေအတွက် လက်မလွှတ်ဘဲ ကြည့်လိုက်ဖို့ ညွှန်းပေးလိုက်ပါတယ်နော်။
ဇာတ်ကားကြည့်ရန်Okay! Madam 2
2026
Idiots ဆိုတဲ့ နာမည်အတိုင်းပဲ လမ်းခရီးတစ်လျှောက်မှာ တလွဲတွေ ဖြစ်မဲ့ ဟာသကား တစ်ပုဒ်ဖြစ်ပါတယ်၊ အစောပိုင်းတုန်းက Shitheads ဆိုတဲ့ နာမည်ကနေမှ Idiots ဆိုတဲ့ နာမည်ကို ပြောင်းပြီးထွက်လာတဲ့ Crime Comedy အမျိုးအစားတစ်ခုဖြစ်ပါတယ်၊ *ဇာတ်လမ်းအကျဥ်း* ဇာတ်လမ်းအစမှာတော့ အဓိက ဇာတ်ကောင် နှစ်ဦးဖြစ်သူ ဒေးဗစ်စ် နဲ မက်ခ်တို့ နှစ်ယောက်ဟာ သူတို့ရဲ့ ပုံမှန်အလုပ်ကနေ ပြုတ်ပြီးတော့ အခြေအနေဆိုးနေတဲ့ လူတွေဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူတို့နှစ်ယောက်တွေ့ဖို့အတွက် အကြောင်းတစ်ခုဖန်လာခဲ့ပါတယ်၊ အဲဒါကတော့ Online ပေါ်မှာ အရမ်းနာမည်ကြီးနေတဲ့ ရှယ်ရီဒန်ဆိုတဲ့ ကျိကျိတက် ချမ်းသာတဲ့ ကောင်လေးတစ်ယောက်ကို မူးယစ်ဆေးဖြတ်စခန်းဆီကို လိုက်ပို့ရမှာပါ၊ ဒါပေမဲ့ ဒီကောင်လေးကို လိုက်ပို့ရတဲ့အလုပ်ဟာ လက်တွေ့မှာတော့ ထင်သလောက် မရိုးရှင်းခဲ့ဘူး၊ သူဌေးသားလေး ရှယ်ရီဒန်ဟာ Online မှာ နာမည်ကြီးသလောက် လက်တွေ့လောကမှာတော့ မိတ်ဆွေစစ်မရှိဘူး၊ အဲထက်ဆိုးတာက တစ်ခါတုန်းက သူဟာ အိမ်ရာမဲ့တစ်ယောက်ကို မီးနဲ့ရှို့ခဲ့ဖူးတဲ့သူ ဖြစ်နေတယ်၊ ဒါပေမဲ့လည်း မိဘတွေက ချမ်းသာတာကြောင့် ပိုက်ဆံနဲ့ဖြေရှင်းပြီး ရှယ်ရီဒန်ကို ဆေးဖြတ်စခန်းဆီပဲ ပို့ဆောင်စေခဲ့တယ်၊ ရှယ်ရီဒန်က အသက်ငယ်ပေမဲ့ ဥာဏ်များသလို၊ အမျိုးမျိုးလည်း လှည့်စားတတ်သေးတယ်၊ လမ်းခရီးတစ်လျှောက်လုံးမှာ အမျိုးမျိုး လှည့်ကွက်တွေသုံးပြီး ထွက်ပြေးဖို့ ကြံစည်ခဲ့သလို၊ ကလိမ်ကျတာမျိုးတွေနဲ့ မက်ခ်နဲ့ ဒေးဗစ်စ်တို့ကို ဆေးခပ်တာမျိုးတွေလည်း လုပ်ခဲ့သေးတယ်၊ အဆိုးဆုံးကတော့ သူတို့ရောက်နေတဲ့ နေရာ၊ စီးနေတဲ့ကားအမျိုးအစား ကားနံပါတ်တွေနဲ့ သူ့ကို နှာဘူးနှစ်ယောက်က ပြန်ပေးဆွဲထားတဲ့အကြောင်း အွန်လိုင်းပေါ်မှာ လိမ်ညာပြီး တင်လိုက်တာပဲ၊ ဒီလိုတင်လိုက်တာကြောင့် ဆေးဖြတ်စခန်းဆီ သွားရာ လမ်းတစ်လျှောက်မှာ သူဌေးသားလေးကို လေးစားအားကျနေတဲ့ ဖော်လိုဝါတွေ၊ လူဆိုးတွေက ကောင်လေးကို ကယ်ထုတ်ဖို့ လိုက်လာကြပါတော့တယ်၊ လမ်းခရီးတစ်လျှောက်မှာ မထင်မှတ်ထားတွေ၊ လွဲချော်မှုတွေနဲ့ ဟာသဆန်ဆန်ကြည့်ရမဲ့ Crime Comedy အမျိုးအစား ရုပ်ရှင် တစ်ကားဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Idiots
2026
ဒီတစ်ခါမှာတော့ ဒီနှစ်ထွက် အသစ်စက်စက် မင်းသားကြီး Liam Neeson ရဲ့ အက်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သတင်းပေးကို တာလီဘန်တွေ လက်ထဲကနေ ကယ်ဖို့ ကြိုးစားရင်း နောက်ဆုံးမှာ လက်လွှတ်လိုက်ရတော့မှာကြောင့် သတင်းပေးကို သတ်ပစ်ဖို့ တပ်ဖွဲ့ ၃၃ ခေါင်းဆောင် တက်ကာက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ အဖွဲ့ တစ်ခုလုံးဟာ ဘာပင်စင်ကြေး၊ ဘာနစ်နာကြေးမှ မရဘဲ အလုပ်ကနေ အနားခံလိုက်ရပါတယ်။ ဘဝရဲ့ ဆယ်နှစ်စုလောက်ကို တိုင်းပြည်အတွက်၊ နိုင်ငံအတွက် ပေးဆပ်ထားပြီး နောက်ဆုံး ပြန်ရလိုက်တာက ခြေတု တစ်ခုပဲတဲ့လေ။ တစ်နေ့မှာတော့ အကြီးအကဲ လာရီဟာ အယ်လ်ဇိုင်းမား ရောဂါ ခံစားနေရပြီး သူတို့ ဟိုးအရင်က အီရန်မှာ စစ်ဆင်ရေး လုပ်ရင်း ဟိုတယ် တစ်ခုရဲ့ နံရံမှာ ဝှက်ထားခဲ့တဲ့ ဒေါ်လာ ၂၅ သန်း အကြောင်း တက်ကာကို ထုတ်ပြောလိုက်မိပါတယ်။ ဆိုးရွားနေတဲ့ လက်ရှိ ဘဝကြီးမှာ သူ့သွေးသောက်တွေ အတွက်ရော၊ သူ့မိသားစုအတွက်ပါ ပိုက်ဆံ ရှာနိုင်ရင်တော့ ပိုကောင်းလာမှာပဲဆိုပြီး ဒီစစ်ဆင်ရေးကို လုပ်ဖို့ သူ့ရဲဘော်တွေကို ပြန်စုခဲ့ပါတော့တယ်။ ဒါပေမဲ့ တည်နေရာကို သေသေချာချာ သိတဲ့ အမျိုးသမီးက အီရန်မှာ ဝရမ်း ထုတ်ခံထားရတဲ့ သူသမီးကို ကယ်ထုတ်နိုင်မှပဲ တည်နေရာကို ပြောပြမယ်လို့ ညှိနှိုင်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ဝှက်ထားတဲ့ ပိုက်ဆံ သွားဖော်မဲ့ မစ်ရှင်ကနေ လူကယ်တဲ့ မစ်ရှင် ဖြစ်သွားခဲ့ရပါတော့တယ်။ စစ်ကား၊ အက်ရှင်ကား ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးအတွက်တော့ ရင်ဖိုစရာ ခံစားချက် ကောင်းကောင်း ရနိုင်မှာဖြစ်ပြီး မြုပ်ကွက်အနေနဲ့ ဇာတ်ကားရဲ့ ခေါင်းစဉ် “The Fix” ( ပြင်ဆင်ခြင်း) ဆိုတာကရော ဘာကို ပြင်ဆင်တာ ဖြစ်မလဲဆိုတာ ကိုယ်တိုင် ကြည့်ရှု့ အဖြေရှာကြည့်နိုင်ပါပြီ။
ဇာတ်ကားကြည့်ရန်The Fix
2026
Sci-Fi အက်ရှင်ကား အကြမ်းစားတွေကိုမှ ရုံမှာ အသံချဲ့စက်အပြည့်နဲ့ ဇိမ်ကျကျ ကြည့်ချင်တဲ့ ရုပ်ရှင်ရူးသွပ်သူတွေအတွက် လုံးဝ လက်လွတ်မခံသင့်တဲ့ ၂၀၂၆ ထွက် Rage of Stars ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာတင် ကမ္ဘာပျက်ကိန်းဆိုက်နေတဲ့ အနာဂတ်ကာလကြီးကို ခပ်မိုက်မိုက် မြင်တွေ့ရမှာဖြစ်ပြီး နိုင်ငံတကာ အထူးစစ်ဆင်ရေးတပ်ဖွဲ့က အေးဂျင့် မိုက်ကယ် ဂျန်မာ ရဲ့ အမိုက်စား စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဂျန်မာဟာ လူသားမျိုးနွယ်တစ်ခုလုံး မျိုးတုံးပျောက်ကွယ်တော့မယ့် အဖြစ်ဆိုးကြီးကို အိပ်မက်ဆိုးတွေအဖြစ် ဆက်တိုက် မြင်မက်နေပြီး စိတ်ပိုင်းဆိုင်ရာ ကယောက်ကယက် ဖြစ်နေချိန်မှာပဲ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေ ရုတ်တရက် ဆက်တိုက် ပျောက်ဆုံးကုန်ပါတော့တယ်။ အဲ့ဒီလို ကလေးတွေ ပျောက်ဆုံးမှုနဲ့ သူ့ရဲ့ အိပ်မက်တွေကြားက ဆက်စပ်နေတဲ့ ရှေးဟောင်း ကမ္ဘာပျက်ကိန်း လျှို့ဝှက်ချက်ကြီးကို ရင်တမမနဲ့ လိုက်လံဖော်ထုတ်ရတဲ့ အပိုင်းတွေက တကယ့်ကို အသည်းယားစရာပါပဲ။ ဒီဇာတ်ကားမှာ အကြိုက်ဆုံးဖြစ်လာမယ့် အချက်ကတော့ အချိန်နဲ့အမျှ အသက်လုပြီး လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရတဲ့ အက်ရှင် ဇာတ်ကွက်တွေပဲ ဖြစ်ပါတယ်။ ဂျန်မာ တစ်ယောက် အမှန်တရားကို ရှာဖွေဖို့ ကြိုးစားနေချိန်မှာ သူ့ရဲ့ အဖွဲ့သားတွေ ကိုယ်တိုင်က သူ့ကို မယုံသင်္ကာဖြစ်လာတဲ့အပြင် ပြင်ပကမ္ဘာမှာလည်း လူတွေရဲ့ အုံကြွမှုတွေက အထွတ်အထိပ်ကို ရောက်လာတာမို့လို့ ဇာတ်လမ်းက တစ်စက္ကန့်လေးတောင် မျက်တောင်ခတ်ချင်စရာ မကောင်းလောက်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ ထူးဆန်းတဲ့ ခြောက်လှန့်မှုတွေကို အက်ရှင်အကြမ်းစားတွေနဲ့ ရောမွှေထားပြီး ရုပ်ထွက်ရော အသံပိုင်းပါ အမိုက်စား ဖန်တီးထားတဲ့ ကားမို့လို့ ရုပ်ရှင်ရုံထဲမှာ ဇာတ်လမ်းထဲ ကိုယ်တိုင်ရောက်သွားသလို ခံစားရမှာ အသေအချာပါပဲ။ အဆုံးသတ် မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အက်ရှင်ကားကောင်း တစ်ကားကို ရှာနေတယ်ဆိုရင်တော့ ဒီကားကြီးကို အခုပဲ သွားကြည့်လိုက်ဖို့ အထူးပဲ တိုက်တွန်းချင်ပါတယ်
ဇာတ်ကားကြည့်ရန်Rage of Stars
2026
အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဆန်ဂျူး ဆိုတဲ့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် လူပျိုကြီးဟာ မိခင်ဖြစ်သူရဲ့ မျိုးဆက်ပြတ်သွားမှာကို အမြဲပူပန်နေရှာတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ အငှားကိုယ်ဝန်ဆောင်စနစ်နဲ့ ရလာတဲ့ ကလေးလေး အာဘေးကို ခေါ်လာပြီး မီဒီယာတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ အာဘေးလေးမှာ အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုကြောင့် အရေးပေါ် ရိုးတွင်းခြင်ဆီ အစားထိုးကုသဖို့ လိုအပ်လာတဲ့အခါမှာတော့ ဆန်ဂျူး တစ်ယောက် ဆန်ဖရန်စစ္စကိုမြို့အထိ သွားရောက်ပြီး အငှားကိုယ်ဝန်ဆောင်မိခင်ဖြစ်တဲ့ ဆေးကျောင်းသူလေး မက်ဒီကို ပိုက်ဆံပေးပြီး အကူအညီထပ်တောင်းခဲ့ရပါတယ်။ အစပိုင်းမှာ သူတို့နှစ်ဦးကြား အဆင်မပြေမှုတွေ၊ မိသားစု အတိတ်ဒဏ်ရာဟောင်းတွေနဲ့ အတားအဆီးများစွာ ရှိခဲ့ပေမဲ့ အချိန်ကာလတွေကြာလာတဲ့အခါမှာတော့ အပြန်အလှန်နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ မိသားစုသံယောဇဉ်တွေ ဘယ်လိုတိုးပွားလာမလဲ၊ ပြီးတော့ ဆန်ဂျူး တစ်ယောက် မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်ရင်း မက်ဒီ နဲ့ရော အတိတ်ရဲ့ ဒဏ်ရာဟောင်းတွေကိုပါ အောင်မြင်စွာ ကျော်လွှားနိုင်ပါ့မလားဆိုတာကို ခံစားချက်အပြည့်နဲ့ ရှုစားကြရမယ့် စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဆန်ဂျူး အဖြစ် မင်းသား Suriya နဲ့ မက်ဒီ အဖြစ် မင်းသမီး Mamitha Baiju တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Vishwanath and Sons
2026
ဒီကားထဲမှာ မာဂေါ့ က 'Kino' လို့ခေါ်တဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီတစ်ခုမှာ သွေးထွက်သံယိုတွေ၊ အကြမ်းဖက်တဲ့ ဗီဒီယိုတွေကို စစ်ဆေးဖြုတ်ချပေးရတဲ့ Content Moderator အလုပ် လုပ်နေတာ ဖြစ်ပါတယ်။ တစ်ရက်တော့ သူ့ဆီကို ခေါင်းဖြတ်သတ်တာတွေ၊ လျှပ်စစ်ကုလားထိုင်နဲ့ သတ်တာတွေလိုမျိုး တကယ့်ကို ကြောက်စရာကောင်းတဲ့ ဗီဒီယိုတွေ တက်လာတာပါ။ လူတွေကတော့ စတန့်လုပ်တာ၊ အတုလုပ်ထားတာလို့ ထင်ကြပေမဲ့ မာဂေါ့ကတော့ ဒီဗီဒီယိုတွေက တကယ်ကြီး သတ်နေတာဆိုတာကို ရိပ်မိသွားပါတယ်။ အဲဒါနဲ့ သူက ကုမ္ပဏီအထက်လူကြီးတွေကို သွားပြောပေမဲ့ နာမည်ပျက်မှာစိုးလို့ဆိုပြီး ဘယ်သူကမှ ရဲမတိုင်ဘဲ ပေါ့ပေါ့ဆဆပဲ သဘောထားလိုက်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မာဂေါ့က လက်မလျှော့ဘဲ အမှန်တရားကို သိချင်တာနဲ့ ဒီဗီဒီယိုတွေကို Reddit ဖိုရမ်ပေါ်တင်ပြီး အင်တာနက်လူတွေနဲ့ အဖြေရှာကြည့်ပါတယ်။ အဲဒီကနေမှတစ်ဆင့် ဒီလူသတ်မှုတွေဟာ ၁၉၇၈ ခုနှစ်တုန်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မူရင်း *Faces of Death* ရုပ်ရှင်ထဲက လူသတ်တဲ့ပုံစံအတိုင်း တစ်ထေရာတည်း လိုက်တုပသတ်ဖြတ်နေတာဆိုတာကို ရိပ်မိသွားတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီဗီဒီယိုတွေရဲ့ နောက်ကွယ်မှာ အာသာ ဆိုတဲ့ စိတ်မနှံ့တဲ့ လူသတ်သမားတစ်ယောက် ရှိနေတာပါ။ သူက နာမည်ကြီး ဆိုရှယ်မီဒီယာ influencer တွေကို ပြန်ပေးဆွဲပြီး ရုပ်ရှင်ဟောင်းထဲက အတိုင်း ရက်ရက်စက်စက် သတ်ပြကာ ဗီဒီယိုတွေ ရိုက်နေတာ ဖြစ်ပါတယ်။ မာဂေါ့က အဲဒီဗီဒီယိုတွေ ဘယ်ကလာလဲဆိုပြီး ခြေရာခံရင်းနဲ့ လူသတ်သမား အာသာက မာဂေါ့ရဲ့ တည်နေရာကို ပြောင်းပြန်ခြေရာခံမိသွားပါတယ်။ အာသာက မာဂေါ့ရဲ့ အခန်းဖော်ကိုပါ သတ်ပြီး မာဂေါ့ကို သူ့ရဲ့ မြေအောက်ခန်းထဲ ပြန်ပေးဆွဲခေါ်သွားတာ ဖြစ်ပါတယ်။ အဲဒီမှာ မာဂေါ့က သားကောင်အဖြစ် အသတ်မခံရအောင် အသက်လုပြီး ပြန်ရုန်းကန်ရပါတော့တယ်။ နောက်ဆုံးမှာတော့ မာဂေါ့က သူ့ကိုယ်ပေါ်မှာ ကင်မရာအသေးလေးတစ်ခု လျှို့ဝှက်တပ်ထားပြီး အာသာ လုပ်သမျှ ရက်စက်မှုတွေကို သက်သေအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ နှစ်ယောက်သား အသေအကြေ သွေးထွက်သံယို တိုက်ခိုက်ကြရင်း မာဂေါ့ကပဲ အာသာကို ပြန်လည်အနိုင်ယူ သတ်ပစ်နိုင်ခဲ့ပြီး ဒီကြောက်စရာကောင်းတဲ့ ဒစ်ဂျစ်တယ်လူသတ်ပွဲကြီးကနေ အသက်ရှင် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက အခုခေတ် ဆိုရှယ်မီဒီယာတွေမှာ view တွေ၊ follower တွေရဖို့အတွက် လူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် ဘယ်လိုတောင် ခံစားချက်မဲ့လာကြလဲဆိုတဲ့ အမှောင်ဘက်ခြမ်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Faces of Death
2026
Barreda (2026) ဟာ အာဂျင်တီးနားနိုင်ငံမှာ တကယ်ဖြစ်ပွားခဲ့တဲ့ နာမည်ကျော် လူသတ်မှုဖြစ်ရပ်တစ်ခုကို အခြေခံရိုက်ကူးထားတဲ့ Crime Drama ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းဟာ အပြင်ပန်းမှာ သာမန်မိသားစုတစ်စုလိုပဲ မြင်ရပေမယ့် အိမ်တွင်းမှာတော့ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ မကျေနပ်မှုတွေ၊ ဖိအားတွေ၊ မိသားစုဆက်ဆံရေးရဲ့ အမှောင်ဘက်ခြမ်းတွေ တဖြည်းဖြည်း ပေါ်ထွက်လာပုံကို အဓိကထားပြသထားပါတယ်။ ဇာတ်လမ်းရဲ့အလယ်မှာတော့ သွားဆရာဝန် Ricardo Barreda ရှိနေပါတယ်။ လူအများရှေ့မှာ အောင်မြင်တဲ့ပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ကိုယ်ပိုင်ဘဝထဲမှာတော့ မိသားစုနဲ့ဆက်ဆံရေးတွေဟာ အပြင်ပန်းမြင်ရသလို မရိုးရှင်းခဲ့ပါဘူး။ တစ်နေ့မှာတော့ အဲဒီတင်းမာမှုတွေဟာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီကားရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်က “ဘယ်သူက တကယ်အပြစ်ရှိတာလဲ?” ဆိုတဲ့မေးခွန်းတစ်ခုတည်း မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့လုပ်ရပ်ကို သူ့အတိတ်၊ သူ့မိသားစုနဲ့ သူ့ပတ်ဝန်းကျင်က ဘယ်လောက်အထိ သက်ရောက်စေနိုင်သလဲ ဆိုတာကိုပါ ပြန်လည်စဉ်းစားစေပါတယ်။ အမှုဖြစ်ပြီးနောက်ပိုင်းမှာ မီဒီယာတွေရဲ့ စိတ်ဝင်စားမှု၊ လူထုရဲ့အမြင်နဲ့ တရားမျှတမှုအပေါ် အငြင်းပွားစရာတွေက ဇာတ်လမ်းကို ပိုပြီး ရှုပ်ထွေးလာစေပါတယ်။ တစ်ဖက်မှာ လူသတ်မှုရဲ့ အမှန်တရားကို ရှာဖွေရမှာဖြစ်သလို တစ်ဖက်မှာလည်း “သားကောင်လား၊ တရားခံလား?” ဆိုတဲ့ မေးခွန်းကို ဖြေရှင်းရမှာပါ။ Barreda (2026) က သွေးထွက်သံယိုမှုကိုပဲ အာရုံစိုက်ထားတဲ့ Crime ဇာတ်ကားမျိုးမဟုတ်ဘဲ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ မိသားစုအတွင်းက အာဏာဆက်ဆံရေးနဲ့ လူ့အဖွဲ့အစည်းရဲ့ အမြင်တွေကိုပါ ထည့်သွင်းပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အမှုတစ်ခုရဲ့ အမှန်တရားကို သိချင်ရင်တော့ Barreda (2026) ကို အဆုံးထိ ကြည့်ရှုရမှာပါ။
ဇာတ်ကားကြည့်ရန်Barreda
2026
ဒီဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်း မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ယောကျ်ားတစ်ယောက်က သူ့ယောက္ခမကို မျက်နှာပန်းလှချင်လို့ တစ်ပတ်ရစ် ဇိမ်ခံကားတစ်စီးကို ဝယ်လိုက်ရာကနေ ဇာတ်လမ်းစပါတော့တယ်။ ဒါပေမဲ့ အဲဒီကားက သာမန်ကားမဟုတ်ဘဲ နာမည်ကြီး လူမိုက်ခေါင်းဆောင်တစ်ယောက်ရဲ့ ကားဟောင်းဖြစ်နေတဲ့အခါမှာတော့ သူ့ဘဝကြီး တစ်စစီ ပြိုကွဲသွားပါတော့တယ်။ ကားကြောင့် လူမှားပြီး ရန်သူလူမိုက်တွေက ဒီအပြစ်ကင်းတဲ့ မိသားစုလေးကို ပစ်မှတ်ထား လိုက်လံတိုက်ခိုက်ကြတဲ့အခါ အေးချမ်းနေတဲ့ဘဝလေးကနေ ချက်ချင်းပဲ အသက်လုပြေးရတဲ့ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ကိုယ်နဲ့ ဘာမှမသက်ဆိုင်တဲ့ အတိတ်က ပြဿနာတွေကြားထဲကို ဝင်ပါမိရက်သားဖြစ်သွားတဲ့ သာမန်လူတစ်ယောက်ရဲ့ အကြောက်တရားနဲ့ မိသားစုကို ကာကွယ်ဖို့ ရုန်းကန်ရမှုတွေကို ပီပြင်စွာ ရိုက်ကူးပြထားပါတယ်။ ဒီကားရဲ့ အသက်ကတော့ သာမန်မိသားစုဝင်တစ်ယောက်နဲ့ ကြောက်မခန်းလူမိုက်ခေါင်းဆောင်တို့ကြားက မထင်မှတ်ထားတဲ့ ဆက်စပ်မှုကြီးကို ပြသွားတာပါပဲ။ ဖုံးကွယ်ထားခဲ့တဲ့ အတိတ်ရဲ့ လျှို့ဝှက်ချက်တွေ၊ မိသားစုအပေါ်ထားတဲ့ ကိုယ်ကျိုးစွန့် အချစ်တွေနဲ့ အကြမ်းစားကလဲ့စားချေမှုတွေကို အချိုးညီညီ ပေါင်းစပ်ထားပါတယ်။ ပိတ်လှောင်ခံထားရတဲ့ အမှန်တရားတွေ ပေါ်လာတဲ့အချိန်မှာ ရိုးရိုး မိသားစုဒရာမာလေးကနေ သွေးဆူချင်စရာ အက်ရှင်ဇာတ်ကြမ်းကြီးအဖြစ် အကူးအပြောင်းက တကယ်ကို ကြည့်ရကျိုးနပ်စေမှာပါ။ ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် ကြုံတွေ့ရတဲ့ ဖခင်နဲ့ သားတို့ရဲ့ အကြောင်းအရာတွေက ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားနိုင်လောက်အောင် မိုက်လွန်းလို့ အက်ရှင်နဲ့ ဒရာမာကောင်းကောင်း ကြည့်ချင်နေတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Magudam
2026
စိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းစုံထောက်ကားလေးပဲ ဖြစ်ပါတယ်။ မှုခင်ဆေးဘက်ဆိုင်ရာအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ဇာရာ ဆိုတဲ့အမျိုးသမီးဟာ စိတ်ဒဏ်ရာခံစားနေရတဲ့ ဇီယန် ဆိုတဲ့ သူ့မောင်လေးကို အရမ်းချစ်ပြီး အရမ်းဂရုစိုက်ပါတယ်။ ဒါပေမဲ့ သူ့မောင်လေးက ကိုယ့်ကိုကိုယ် သတ်သေချင်စိတ် ပြင်းပြနေသူတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာ အိမ်ကိုပြန်မရောက်ဘဲ လမ်းမှာ သေနေတာ တွေ့လိုက်ရချိန်မှာ ရဲတွေက ကိုယ့်ကိုကိုယ် သတ်သေတယ်လို့ပဲ ကောက်ချက်ချလိုက်ကြပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက ဇီယန်လို စိတ်ဒဏ်ရာခံစားနေရတဲ့ လူနှစ်ယောက်လည်း အလားတူပုံစံမျိုး သေသွားခဲ့ချိန်မှာတော့ ရဲတွေအတွက် သံသယဖြစ်စရာ ဖြစ်လာပါတော့တယ်။ ဒါကြောင့် မောင်လေးကိုအရမ်းချစ်တဲ့ ဇာရာတစ်ယောက် အမှုကို ကိုယ်တိုင်စုံစမ်းရင်း ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်သွားရမလဲ၊ တကယ်ပဲ လူသတ်မှုဆိုရင် ဘယ်သူက ဘာကြောင့် သတ်ခဲ့တာလဲဆိုတာကို ဇာတ်လမ်းအဆုံးမှာမှ တရားခံကို ဖမ်းမိပြီး သူ ဘာကြောင့် ကျူးလွန်ရလဲဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းအရင်းတွေနဲ့ ကြည့်လို့အရမ်းကောင်းတဲ့ မှုခင်းဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဂျီဘရန် အဖြစ် မင်းသား Rahman ၊ အယ်လ်ဘီ အဖြစ် မင်းသား Arjun Lal ၊ ဇီယန် အဖြစ် မင်းသား Shebin Benson နဲ့ ဇာရာ အဖြစ် မင်းသမီး Bhavana တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Cherry ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Anomie
2026
ဒီဇာတ်လမ်းလေးကတော့ နိုင်ငံရေးလောကရဲ့ မဲဆွယ်ပွဲတွေနဲ့ မြေအောက်လူမိုက်လောကရဲ့ အရှုပ်အထွေးတွေကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ အက်ရှင်ဒရာမာကားကောင်းတစ်ကားပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်ဖြစ်တဲ့ လူမိုက်လေးဟာ ဂိုဏ်းခေါင်းဆောင်ရဲ့ ခိုင်းစေသမျှ ငွေကောက်ခံတာတွေကအစ လူသတ်လုပ်ကြံတာတွေအထိ သက်စွန့်ဆံဖျား လုပ်ဆောင်ပေးရင်းကနေ ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဖြစ်သူနဲ့ မေတ္တာမျှခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ခေါင်းဆောင်ဖြစ်သူက ဇာတ်လိုက်ကို နိုင်ငံရေးသမားတစ်ယောက်ကို လုပ်ကြံဖို့ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခု ပေးအပ်လာပါတော့တယ်။ အဲဒီလုပ်ကြံရမဲ့သူရဲ့ ဇနီးသည်ဟာ ဇာတ်လိုက်ကို ဥပဒေနဲ့လှည့်စားပြီး ထောင်ကျအောင်လုပ်ခဲ့ရုံသာမက ပိုင်ဆိုင်မှုတွေကိုပါ ယူဆောင်သွားပြီး အတိတ်က နာကျင်စရာတွေကို ဖန်တီးခဲ့ဖူးတဲ့ သစ္စာဖောက် ဇနီးဟောင်းဖြစ်နေတာကို ရုတ်တရက် သိလိုက်ရတဲ့အချိန်မှာတော့ အတိတ်က သစ္စာဖောက်ခံခဲ့ရတဲ့ နာကြည်းချက်တွေကြောင့် လက်စားချေမလား ဒါမှမဟုတ် ချစ်ခဲ့ဖူးသူဖြစ်တာမလို့ ခွင့်လွှတ်မလားဆိုတာကို ရင်တမမနဲ့ ဆက်ကြည့်ချင်စရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားလို့ အက်ရှင်နဲ့ အချစ်ဒရာမာ ကြိုက်နှစ်သက်သူတွေ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Rakky
2026
"Portal to Hell" ဟာ ဟာသနဲ့ အကြောက်တရားကို ပေါင်းစပ်ပြီး လူ့သဘာဝကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Dunn ဟာ နေ့စဉ်ဘဝမှာ အကြွေးတောင်းတဲ့အလုပ်နဲ့ ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ အမြဲသွားနေကျ အဝတ်လျှော်ဆိုင်က အဝတ်လျှော်စက်ထဲမှာ ငရဲပြည်ကိုသွားနိုင်တဲ့ တံခါးပေါက်တစ်ခုကို မထင်မှတ်ဘဲ တွေ့ရှိသွားချိန်မှာတော့ သူ့ဘဝကြီး လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီတံခါးပေါက်ထဲကနေ နတ်ဆိုးတစ်ကောင် ထွက်လာပြီး Dunn ရဲ့ အိမ်နီးချင်းဖြစ်သူ Mr. Bobshank ကို ငရဲပြည်ကို ဆွဲခေါ်သွားဖို့ ရောက်လာကြောင်း ပြောပြပါတယ်။ အကြောင်းရင်းကတော့ Mr. Bobshank ဟာ ငရဲပြည်ကို အကြွေးဆပ်ဖို့ ရှိနေလို့ပါပဲ။ သူများတွေရဲ့ အကြွေးကို တောင်းပေးရတဲ့အလုပ်မှာ ကျွမ်းကျင်တဲ့ Dunn တစ်ယောက် ဒီတစ်ခါမှာတော့ သာမန်လူတွေနဲ့မဟုတ်ဘဲ နတ်ဆိုးနဲ့ အပေးအယူလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အိမ်နီးချင်းဖြစ်သူကို ကယ်တင်ဖို့အတွက် သူ ဘယ်လိုတွေ ရွေးချယ်ဆုံးဖြတ်ရမလဲဆိုတာနဲ့ ဒီထူးဆန်းတဲ့ အပေးအယူကြားမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အပေါ်ယံကြည့်ရင် ရယ်စရာနဲ့ ကြောက်စရာကို ရောနှောထားတဲ့ ဇာတ်လမ်းလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ခွင့်လွှတ်ခြင်းနဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာကို သေသေချာချာ တွေးတောစရာပေးထားတဲ့ ကားတစ်ကား ဖြစ်ပါတယ်။ Dunn အနေနဲ့ ကိုယ်တိုင်ရော တခြားသူတွေအတွက်ပါ မှန်ကန်တဲ့ ရွေးချယ်မှုလုပ်နိုင်ပါ့မလားဆိုတာက ဇာတ်လမ်းကို ပိုပြီး စိတ်ဝင်စားဖို့ ကောင်းစေပါတယ်။ ဇာတ်ကွက်အဆန်းအသစ်တွေနဲ့ သရုပ်ဆောင်ချက်တွေကလည်း အသက်ဝင်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဇာတ်ကားမျိုးကို ကြိုက်နှစ်သက်သူတွေအတွက် အထူးပဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Portal to Hell
2026
ဟောလိဝုဒ်ရဲ့ အက်ရှင်မင်းသားကြီး ဂျေဆန်စတေဟမ် ရဲ့ ထိုးကြိတ်ပစ်ခတ်ခန်း အကြမ်းစားတွေကို လွမ်းနေတဲ့ ပရိသတ်တွေအတွက်တော့ ၂၀၂၆ ခုနှစ်မှာ အသစ်ထွက်ရှိလာမယ့် Mutiny ရုပ်ရှင်ဇာတ်ကားကြီးက လုံးဝအကြိုက်တွေ့စေမယ့် ကားတစ်ကားပါ။ ဒီဇာတ်ကားထဲမှာ ဂျေဆန် ဟာ သန်းကြွယ်သူဌေးကြီးတစ်ဦးရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ ကိုးလ်ရီးဒ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းစစချင်းမှာပဲ သူအရမ်းလေးစားရတဲ့ သူဌေးကြီး သူ့မျက်စိရှေ့တင် လုပ်ကြံခံလိုက်ရပြီး၊ အဲဒီလူသတ်မှုကြီးရဲ့ တရားခံအဖြစ် သူကိုယ်တိုင် ချိန်ရွယ်စွပ်စွဲခံလိုက်ရတဲ့အခါမှာတော့ အခြေအနေတွေက ချက်ချင်းဆိုသလို ပြင်းထန်သွားပါတော့တယ်။ ကိုယ့်ရဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့နဲ့ တကယ့်တရားခံအစစ်ကို ရှာဖွေဖို့အတွက် ကိုးလ် တစ်ယောက် ရဲတွေရဲ့ ဖမ်းဆီးမှုကနေ ထွက်ပြေးရင်းကနေ လူကုန်ကူးမှုတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကွန်ရက်ကြီးတစ်ခုနဲ့ မထင်မှတ်ဘဲ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ ဒီဇာတ်ကားရဲ့ အမိုက်ဆုံးအချက်ကတော့ ဇာတ်ကွက်အများစုကို ပင်လယ်ပြင်အလယ်က ကုန်တင်သင်္ဘောကြီးတစ်စင်းပေါ်မှာ အခြေတည် ရိုက်ကူးထားတာပါပဲ။ ကိုးလ် ဟာ အဲဒီသင်္ဘောပေါ်မှာ ပုန်းအောင်းလိုက်ပါရင်းနဲ့ လူကုန်ကူးခံရသူတွေကို ကယ်တင်ဖို့ရော၊ သင်္ဘောကပ္ပတိန် အပါအဝင် ရက်စက်တဲ့ လူဆိုးဂိုဏ်းကြီးတစ်ခုလုံးကို တစ်ယောက်တည်း ရှင်းလင်းဖို့ပါ ကြိုးစားရမှာဖြစ်လို့ အသက်ရှူမှားလောက်အောင် လှုပ်ရှားရတဲ့ အက်ရှင်ပြကွက်တွေကို အားရပါးရ ကြည့်ရှုရမှာ အသေအချာပါပဲ။ ရေတပ်အရာရှိဟောင်း တစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဇာတ်ကောင် တစ်ဦးနဲ့ပါ ပူးပေါင်းပြီး အကန့်အသတ်ရှိတဲ့ သင်္ဘောပေါ်က နေရာကျဉ်းကျဉ်းလေးထဲမှာ ဉာဏ်သုံးပြီးရော ခွန်အားသုံးပြီးပါ ဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာကို ရင်ခုန်စရာ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းရှုပ်ရှုပ်ထွေးထွေးတွေ သိပ်မပါဘဲ သွေးဆူစေမယ့် အက်ရှင်ခန်းတွေကို ပေါ့ပေါ့ပါးပါးနဲ့ တိုက်ရိုက် ခံစားချင်တဲ့ သူတွေအတွက်တော့ လက်မလွတ်တမ်း သွားကြည့်သင့်တဲ့ အက်ရှင်ကားကောင်း တစ်ကားဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်
ဇာတ်ကားကြည့်ရန်Mutiny
2026
ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ ရူးရူးမူးမူး အားပေးခဲ့ကြတဲ့ Disney ရဲ့ နာမည်ကျော် အန်နီမေးရှင်း ဇာတ်ကားလေးဟာ ၂၀၂၆ ခုနှစ်မှာတော့ အသက်ဝင်လှုပ်ရှားနေတဲ့ Live-Action ရုပ်ရှင်ကြီးအဖြစ် ကျွန်တော်တို့ရှေ့ကို ရောက်ရှိလာပါပြီ။ ကျွန်းလေးတစ်ကျွန်းမှာ ကြီးပြင်းလာပြီး သမုဒ္ဒရာကြီးရဲ့ ရွေးချယ်ခြင်းခံရတဲ့ မိုအာနာ ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ လူမျိုးတွေကို ကယ်တင်ဖို့အတွက် ရဲရဲဝံ့ဝံ့နဲ့ ပင်လယ်ပြင်ကျယ်ကြီးထဲကို ရွက်လွှင့်ထွက်ခွာလာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင်က ကာတွန်းဇာတ်ကောင်လေးတွေ နေရာမှာ တကယ့် သရုပ်ဆောင်တွေက အသက်သွင်းထားတာဖြစ်လို့ ပိုပြီး လက်တွေ့ဆန်တဲ့ သမုဒ္ဒရာပြင်ရဲ့ အလှအပတွေနဲ့ ပိုလီနီးရှန်း ယဉ်ကျေးမှုတွေကို မျက်ဝါးထင်ထင် ခံစားရမှာပါ သူမရဲ့ ခရီးစဉ်တစ်လျှောက်မှာ အရေးအကြီးဆုံး အဖော်ဖြစ်လာမယ့်သူကတော့ လူတစ်ပိုင်း နတ်တစ်ပိုင်း စွမ်းအားရှင် မာဝီ ပဲ ဖြစ်ပါတယ်။ နာမည်ကျော် မင်းသားကြီး ဒွိန်းဂျွန်ဆင် ကိုယ်တိုင် ပြန်လည်ပါဝင် အသက်သွင်းထားတဲ့ မာဝီ နဲ့ မိုအာနာ တို့ နှစ်ယောက်သား သမုဒ္ဒရာပြင်ကျယ်ကြီးထဲမှာ ဧရာမ ပင်လယ်သတ္တဝါဆိုးကြီးတွေကို ရင်ဆိုင်ရင်း တေဖီတီ ရဲ့ နှလုံးသားကို မူလနေရာမှာ ပြန်လည်ထားရှိဖို့ ကြိုးစားကြပုံတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ သူတို့နှစ်ယောက်ကြားက အလွဲလွဲအချော်ချော် ဟာသတွေနဲ့အတူ ရန်သူတွေကနေ မိတ်ဆွေတွေအဖြစ် ပြောင်းလဲသွားတဲ့ သံယောဇဉ်ကိုလည်း အမိုက်စား ရိုက်ကူးပြသထားပါတယ် ဒီဇာတ်ကားကြီးဟာ ရိုးရှင်းတဲ့ စွန့်စားခန်းတစ်ခုသက်သက် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ ကိုယ်ဘယ်သူလဲဆိုတာကို ရှာဖွေတွေ့ရှိသွားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားပေး ဇာတ်လမ်းကောင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင်သစ် ကက်သရင်း လာဂါအာအီယာ က မိုအာနာ အဖြစ် အပီပြင်ဆုံး သရုပ်ဆောင်ထားပြီး ရင်သပ်ရှုမောဖွယ် အထူးပြုလုပ်ချက်တွေ၊ နားဆင်လို့ကောင်းတဲ့ မူရင်း သီချင်းတွေနဲ့အတူ ရုပ်ရှင်ရုံပိတ်ကားကြီးပေါ်မှာ အသက်ဝင်လာမယ့် စိတ်ကူးယဉ် ကမ္ဘာသစ်ကြီး တစ်ခုပါပဲ။ မိသားစုလိုက် ကြည့်ရှုလို့ကောင်းသလို စွန့်စားခန်းနဲ့ အလှအပတွေကို ခုံမင်တဲ့ ရုပ်ရှင်ချစ်သူတိုင်းအတွက် လုံးဝ လက်မလွတ်သင့်တဲ့ Disney ရဲ့ ဇာတ်ကားကြီး တစ်ကားဖြစ်ကြောင်း အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်
ဇာတ်ကားကြည့်ရန်Moana
2026
ဒီတစ်ခေါက်တော့ M Sub Movie ပရိတ်သတ်ကြီးအတွက် စတော့ဈေးကွက် နောက်ခံဇာတ်လမ်းအကွက်တွေကို ဒိုင်ယာလော့ဂ်အလန်းစားတွေနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားကြရမယ့် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာ လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားထဲမှာ အရှုံးမပေးဘဲ ဘဝကို ရုန်းကန်ကြတဲ့ လူတွေရဲ့ ပုံရိပ်ကို ပီပီပြင်ပြင် ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှ အဆုံးထိ အကွက်စေ့စေ့နဲ့ လှည့်ကွက်တွေ၊ သစ္စာဖောက်မှုတွေ၊ ကောက်ကျစ်တဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကို သဘာဝကျကျ စီစဉ်တင်ဆက်ထားပြီး ဇာတ်ကောင်တွေရဲ့ အပြန်အလှန် စကားပြောပုံတွေကအစ အပြင်လောကနဲ့ မခြား အသက်ဝင်လွန်းလှတာမို့ ကြည့်ရှုသူတွေကို အစမှ အဆုံးထိ ဇာတ်ရှိန်မကျဘဲ ဆွဲခေါ်သွားနိုင်မယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီကားကို ကြည့်သင့်တဲ့ အဓိကအကြောင်းအရင်းကတော့ စီးပွားရေးလောကရဲ့ လျှို့ဝှက်ချက်တွေ၊ စတော့ဈေးကွက် ထောင်ချောက်တွေနဲ့ အရောင်းအဝယ် အန္တရာယ်တွေကို ပီပြင်စွာ ရိုက်ကူးထားရုံတင်မကဘဲ တစ်ကွက်ကျော် ကြည့်ရသည့် ဟန်ပြအကွက်တွေ၊ လက်စားချေမှု၊ ချစ်ခြင်းနဲ့ မိတ်ဆွေအပေါင်းအသင်း သံယောဇဉ် ရသစုံကို တစ်နေရာတည်းမှာ ရရှိနိုင်မှာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကနေ ရရှိနိုင်မယ့် သင်ခန်းစာတွေလည်း အများကြီး ရှိပါတယ်။ "လေဆန်တိုက်ခတ်ခြင်းက ငါတို့ကို အထက်ကို မြှောက်တင်ပေးတယ်" ဆိုသလို ဘဝမှာ ဘယ်လောက်ပဲ အခက်အခဲနဲ့ ရင်ဆိုင်ရပါစေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အရှုံးမပေးဘဲ ပြန်လည်ထထူနိုင်ရမယ်ဆိုတဲ့ အသိကို ရရှိစေပါတယ်။ အောင်မြင်နေချိန်မှာ အတူတူရှိပေးတာထက် ဘဝမှာ အောက်ဆုံးအထိ အဆင်မပြေဖြစ်နေချိန်မှာ တံခါးဖွင့်ပေးပြီး အတူတူရင်ဆိုင်ပေးတဲ့ မိတ်ဆွေကောင်းတွေရဲ့ တန်ဖိုးကို ပီပီပြင်ပြင် သိမြင်စေမှာဖြစ်သလို၊ စိတ်ကူးယဉ် အိပ်မက်တွေ ဒါမှမဟုတ် လောဘနောက် မဆင်မခြင် လိုက်ပါမိရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာကိုလည်း သတိပေး ရိုက်ပြထားတာကြောင့် လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Night King
2026
Mayday ရုပ်ရှင်ဟာ Cold War ကာလကို နောက်ခံထားပြီး အက်ရှင်နဲ့ ဟာသကို အချိုးကျကျ ပေါင်းစပ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို နာမည်ကြီး ဒါရိုက်တာတွေဖြစ်တဲ့ Jonathan Goldstein နဲ့ John Francis Daley တို့က ပုံဖော်ရိုက်ကူးထားပြီး ဟောလိဝုဒ်စတားတွေဖြစ်တဲ့ Ryan Reynolds နဲ့ Kenneth Branagh တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ သူတို့နှစ်ဦးအပြင် Maria Bakalova, Marcin Dorociński နဲ့ David Morse စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်တော့ အမေရိကန်ရေတပ်က အရည်အချင်းပြည့်ဝတဲ့ လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ Lieutenant Troy 'Assassin' Kelly ဟာ ရုရှားပိုင်နက်ထဲကို အရမ်းအရေးကြီးတဲ့ လျှို့ဝှက်စစ်ဆင်ရေးတစ်ခုနဲ့ သွားရောက်ခဲ့ရာကနေ စတင်ပါတယ်။ ဒါပေမယ့် စစ်ဆင်ရေးက ထင်သလိုဖြစ်မလာဘဲ လုံးဝပျက်စီးသွားတဲ့အခါ Troy တစ်ယောက် ရန်သူ့နယ်မြေထဲမှာ အကူအညီမဲ့ပြီး ပိတ်မိသွားပါတော့တယ်။ အဲ့ဒီလို အသက်အန္တရာယ်နဲ့ နီးကပ်နေတဲ့အချိန်မှာပဲ အမေရိကန်ယဉ်ကျေးမှုတွေကို သဘောကျတဲ့ ရုရှား KGB အေးဂျင့်ဟောင်းကြီး Nikolai Ustinov နဲ့ မထင်မှတ်ဘဲ သွားတွေ့ပါတယ်။ မတူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေနဲ့ ရန်သူတွေဖြစ်ခဲ့ကြပေမယ့် သူတို့နှစ်ယောက်ကြားမှာ မထင်မှတ်ထားတဲ့ မိတ်ဆွေသံယောဇဉ်တစ်ခု ဖြစ်တည်လာပါတယ်။ Troy တစ်ယောက် အသက်ရှင်လျက် အိမ်ပြန်နိုင်ဖို့အတွက် ဒီကြမ်းတမ်းတဲ့ KGB အေးဂျင့်ဟောင်းကြီးနဲ့ ဘယ်လိုတွေ ပူးပေါင်းပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ လျှို့ဝှက်သည်းဖို အက်ရှင်အခန်းတွေအပြင် Ryan Reynolds ရဲ့ ပင်ကိုယ်ဟာသဉာဏ်နဲ့ Kenneth Branagh ရဲ့ တည်တည်ငြိမ်ငြိမ် သရုပ်ဆောင်ချက်တွေကြောင့် ဒီရုပ်ရှင်ဟာ ရယ်မောစရာတွေရော၊ စိတ်လှုပ်ရှားစရာတွေပါ ပေးစွမ်းနိုင်မယ့် Spy Thriller Buddy Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Mayday
2026
ဒီတစ်ခါမှာတော့ နိုင်ငံရေး တင်းမာမှုတွေ ၊ သံတမန်ရေးရာ အကွက်ဆင်မှုတွေနဲ့အတူ ကမ္ဘာ့စစ်ပွဲကြီးဖြစ်မလို ရင်တလှပ်လှပ်နဲ့ အသက်ရှူမှားလောက်မယ့် Political Thriller / War Drama ကားသစ်ကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ မဟာဗျူဟာမြောက် စိတ္တဇအားပြိုင်မှုတွေနဲ့အတူ သမိုင်းဝင် တင်းမာမှုကြီးကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ "The Brink of War" ဆိုတဲ့ ဇာတ်ကားကြီးပါပဲ။ ဇာတ်လမ်းလေးကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုကြား မမျှော်လင့်ဘဲဖြစ်ပွားသွားခဲ့တဲ့ နယ်စပ် ပဋိပက္ခတစ်ခုကနေ စတင်ထားတာပါ။ နှစ်ဖက်စလုံးရဲ့ စစ်တပ်တွေက လက်နက်အပြည့်အစုံနဲ့ စစ်ပြင်ထားကြပြီး စက္ကန့်ပိုင်းအတွင်း ကမ္ဘာ့စစ်ပွဲကြီးအဖြစ် ကူးပြောင်းသွားနိုင်တဲ့ အန္တရာယ်ရှိတဲ့ သေရေးရှင်ရေး အခြေအနေဆီ ရောက်ရှိလို့နေပါတယ်။ ဒီလိုမျိုး စစ်မီးမတောက်ခင် အရေးကြီးလှတဲ့ ၇၂ နာရီ အချိန်ကာလအတွင်းမှာတော့ အတွေ့အကြုံရင့် သံတမန်ကြီးတွေ၊ စုံစမ်းရေး အေးဂျင့်တွေနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေက စစ်ပွဲဆိုးကြီး မဖြစ်ပေါ်အောင် တားဆီးဖို့အတွက် လျှို့ဝှက်ဆွေးနွေးပွဲတွေ၊ စိတ္တဇ အားပြိုင်မှုတွေကို ပြုလုပ်ကြရပါတော့တယ်။ ခေါင်းဆောင်တွေရဲ့ ရင်ထဲကဖိအားတွေ၊ သံတမန်တွေရဲ့စိတ်ကစားပုံနဲ့ စစ်မြေပြင်က ရဲဘော်တွေရဲ့ စိုးရိမ်စိတ်တွေကြားထဲမှာပဲ...သူတို့နှစ်ဖက်က မိမိတို့ရဲ့တာဝန်သိစိတ်နဲ့ ငြိမ်းချမ်းရေးအတွက် စစ်ပွဲမီးပွားကို ဘယ်လိုမျိုးအကွက်ကျကျ ထိန်းချုပ်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ် စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ သာမန်စစ်ပွဲ အက်ရှင် ရိုက်ချက်တွေ မဟုတ်ဘဲ နိုင်ငံရေးနောက်ကွယ်က စိတ္တဇ အားပြိုင်မှု၊ မဟာဗျူဟာနဲ့ ဉာဏ်ကစားပုံတွေအပြင် ဇာတ်ကောင်တွေရဲ့ခံစားချက်ကို နက်နက်ရှိုင်းရှိုင်း ပုံဖော်သွားတာပါပဲ။ ဆိုတော့ ဒီလိုမျိုး နိုင်ငံရေးအလှည့်အပြောင်းတွေနဲ့ ဉာဏ်ကစားပုံတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားလေးပါပဲနော်။
ဇာတ်ကားကြည့်ရန်The Brink of War
2026
စိတ်လှုပ်ရှားဖွယ် သဲထိတ်ရင်ဖို Drama/Suspense အမျိုးအစားကိုမှ နှစ်သက်ကြတဲ့ M Sub ပရိသတ်တွေအတွက် ဒီနေ့မှာတော့ ဆွဲဆောင်မှုအပြည့်နဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ မြို့ပြအိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေတဲ့ မင်းသမီး စုန့်ဟွေ့ တစ်ယောက် လူသေဖူးလို့ အတိတ်ဆိုးရှိခဲ့ဖူးတဲ့ "အဆောက်အဦ ၇၀၁" ဆိုတဲ့ အခန်းထဲကို အကြောင်းအမျိုးမျိုးကြောင့် သွားရောက်နေထိုင်ရာကနေ စတင်ထားတာပါ။ အဲဒီအခန်းထဲ ရောက်ရှိသွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့ အချိန်နဲ့ ဟာသဟာပြင် ပြောင်းလဲမှုတွေ၊ အတိတ်က နာကျင်စရာ ဖြစ်ရပ်ဆိုးတွေ အထပ်ထပ် အခါခါ ပြန်လည်ဖြစ်ပျက်နေတာကို ပဟေဠိဆန်ဆန် တွေ့ကြုံရပါတော့တယ်။ အတိတ်မှာ ပျောက်ကွယ်သွားခဲ့တဲ့ သူမရဲ့ အမေ ဖြစ်သူ ရဲရှုမေ ရဲ့ သေဆုံးမှု သဲလွန်စတွေနဲ့ ၇၀၁ အခန်းထဲက ကြောက်စရာကောင်းတဲ့ အကြမ်းဖက်မှု အဖြစ်အပျက်တွေဟာ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်ရှိန်မြင့်မြင့်နဲ့ ရင်တထိတ်ထိတ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီကားကို ကြည့်သင့်တဲ့ အဓိကအကြောင်းအရင်းကတော့ သာမန် သရဲကားပုံစံမျိုး မဟုတ်ဘဲ အချိန်နဲ့ ဟာသဟာပြင် လွန်ဆွဲမှု၊ အတိတ်နဲ့ လက်ရှိကို ဆက်စပ်ထားတဲ့ သဲလွန်စရှာဖွေမှုတွေကြောင့် ဇာတ်လမ်းတစ်လျှောက်လုံး ဘာဆက်ဖြစ်မလဲဆိုပြီး စက္ကန့်မလပ် ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာဖြစ်သလို မိခင်ဖြစ်သူရဲ့ အမှန်တရားကို ရှာဖွေချင်တဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက်နဲ့ မိသားစု အကြမ်းဖက်မှုကြားက နာကျင်မှုတွေကိုလည်း သရုပ်ဆောင်တွေက အသက်ပါပါ ပီပြင်စွာ သရုပ်ဆောင်ထားတာ ကြောင့်ပါ။ ဒီရုပ်ရှင်ကားလေးကနေ မိသားစုအတွင်း အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေဟာ မိသားစုဝင်တစ်ယောက်စီရဲ့ ဘဝနဲ့ စိတ်ဒဏ်ရာအပေါ် ဘယ်လောက်အထိ ရေရှည် အမှောင်ဖုံးစေသလဲဆိုတဲ့ ဆိုးကျိုးကို မီးမောင်းထိုးပြထားပါတယ်။ ဒါ့အပြင် အတိတ်က ကြောက်စရာကောင်းတဲ့ အမှန်တရားတွေကို သတ္တိရှိရှိ ရင်ဆိုင်ပြီးတဲ့နောက်မှာမှ လူတစ်ယောက်ဟာ အတိတ်ရဲ့ ခြောက်လှန့်မှုကနေ လွတ်မြောက်ပြီး ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်နိုင်တယ်ဆိုတဲ့ ခွန်အားနဲ့ သင်ခန်းစာကောင်းကိုပါ ပေးစွမ်းထားတာကြောင့် ဇာတ်လမ်းအစကနေ အဆုံးထိ ဇာတ်ရှိန်မကျဘဲ ကြည့်ရှုရမယ့် ဒီကားလေးကို M Sub Movie Channel မှာ အခုပဲ မြန်မာစာတန်းထိုးနဲ့ အရသာရှိရှိ ကြည့်ရှုလိုက်ကြဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်။
ဇာတ်ကားကြည့်ရန်Haunted House Secrets
2026
ဒီကားလေးကတော့ သာမန်လူတစ်ယောက်က အကျင့်ပျက်ခြစားနေတဲ့ စနစ်ကြီးတစ်ခုလုံးကို အံတုရင်ဆိုင်ရတဲ့ ဇာတ်လမ်းမျိုးကို ကြိုက်တတ်ရင် သေချာပေါက် ကြည့်သင့်တဲ့ ကားလေးပါနော်။ ဇာတ်လမ်းအစမှာ အေးချမ်းတဲ့ ရွာလေးတစ်ရွာကို အဝေးပြေးလမ်းမကြီး ဖောက်မယ်ဆိုပြီး အကြောင်းပြကာ လယ်သမားတွေရဲ့ မြေတွေကို နိုင်ငံရေးသမားတွေနဲ့ အာဏာပိုင်တွေက မတရားသိမ်းပိုက်ကြတာကနေ စထားတယ်။ အဲဒီမှာ ဆင်းရဲတဲ့ လယ်သမား အဘွားအိုတစ်ယောက်ဟာ သူ့မြေအတွက် လျော်ကြေးငွေ အနည်းအကျဉ်းပဲရပြီး အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကတော့ လျော်ကြေး အများကြီးရသွားတဲ့ မတရားမှုကြီးကို ခံစားလိုက်ရတယ်။ အဲဒီမြေကို မရောင်းဘူးလို့ ငြင်းဆန်ခဲ့တဲ့ အဘွားအိုရဲ့ သားဖြစ်သူဟာလည်း သစ်ပင်မှာ ဇောက်ထိုးဆွဲကြိုးချ အသတ်ခံလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသယောင် ဖန်တီးခံလိုက်ရပါတော့တယ်။ ဒီလို ဆိုးရွားလှတဲ့ မတရားမှုတွေကြားထဲကနေ ရွာက တက်ကြွတဲ့ လူငယ်လေးတစ်ယောက်က အဘွားအိုအတွက် တရားမျှတမှုရဖို့ မြို့ကြီးက အစိုးရရုံးချုပ်ကြီးဆီကို သွားရောက်ပြီး အသေအလဲ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ အစိုးရရုံးတွေရဲ့ လာဘ်စားမှုတွေနဲ့ အောက်ခြေလူတန်းစားတွေအပေါ် ဖိနှိပ်ခေါင်းပုံဖြတ်တဲ့ လုပ်ရပ်တွေကို သူ ဘယ်လို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ နောက်ဆုံးမှာ ဘယ်သူမှ ဂရုမစိုက်တဲ့ ဒီအမှုအတွက် လူငယ်လေးဟာ အစိုးရရုံးချုပ် အဆောက်အအုံ ခေါင်မိုးပေါ်ကနေ ခုန်ချပြီး သတ်သေမယ်လို့ ခြိမ်းခြောက်တောင်းဆိုရတဲ့အထိ အခြေအနေတွေ အမြင့်ဆုံးကို ရောက်သွားချိန်မှာတော့ အဘွားအိုအတွက် တရားမျှတမှု ရလာမလား၊ ဒါမှမဟုတ် အကျင့်ပျက် နိုင်ငံရေးသမားတွေပဲ အနိုင်ရသွားမလားဆိုတာကို ဇာတ်သိမ်းအထိ ဆက်ကြည့်ချင်စိတ် ပေါ်လာအောင် ဆွဲဆောင်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်The Maharashtra Files
2026
ဒီကားလေးကတော့ သာမန်လူတစ်ယောက်က အကျင့်ပျက်ခြစားနေတဲ့ စနစ်ကြီးတစ်ခုလုံးကို အံတုရင်ဆိုင်ရတဲ့ ဇာတ်လမ်းမျိုးကို ကြိုက်တတ်ရင် သေချာပေါက် ကြည့်သင့်တဲ့ ကားလေးပါနော်။ ဇာတ်လမ်းအစမှာ အေးချမ်းတဲ့ ရွာလေးတစ်ရွာကို အဝေးပြေးလမ်းမကြီး ဖောက်မယ်ဆိုပြီး အကြောင်းပြကာ လယ်သမားတွေရဲ့ မြေတွေကို နိုင်ငံရေးသမားတွေနဲ့ အာဏာပိုင်တွေက မတရားသိမ်းပိုက်ကြတာကနေ စထားတယ်။ အဲဒီမှာ ဆင်းရဲတဲ့ လယ်သမား အဘွားအိုတစ်ယောက်ဟာ သူ့မြေအတွက် လျော်ကြေးငွေ အနည်းအကျဉ်းပဲရပြီး အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကတော့ လျော်ကြေး အများကြီးရသွားတဲ့ မတရားမှုကြီးကို ခံစားလိုက်ရတယ်။ အဲဒီမြေကို မရောင်းဘူးလို့ ငြင်းဆန်ခဲ့တဲ့ အဘွားအိုရဲ့ သားဖြစ်သူဟာလည်း သစ်ပင်မှာ ဇောက်ထိုးဆွဲကြိုးချ အသတ်ခံလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသယောင် ဖန်တီးခံလိုက်ရပါတော့တယ်။ ဒီလို ဆိုးရွားလှတဲ့ မတရားမှုတွေကြားထဲကနေ ရွာက တက်ကြွတဲ့ လူငယ်လေးတစ်ယောက်က အဘွားအိုအတွက် တရားမျှတမှုရဖို့ မြို့ကြီးက အစိုးရရုံးချုပ်ကြီးဆီကို သွားရောက်ပြီး အသေအလဲ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ အစိုးရရုံးတွေရဲ့ လာဘ်စားမှုတွေနဲ့ အောက်ခြေလူတန်းစားတွေအပေါ် ဖိနှိပ်ခေါင်းပုံဖြတ်တဲ့ လုပ်ရပ်တွေကို သူ ဘယ်လို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ နောက်ဆုံးမှာ ဘယ်သူမှ ဂရုမစိုက်တဲ့ ဒီအမှုအတွက် လူငယ်လေးဟာ အစိုးရရုံးချုပ် အဆောက်အအုံ ခေါင်မိုးပေါ်ကနေ ခုန်ချပြီး သတ်သေမယ်လို့ ခြိမ်းခြောက်တောင်းဆိုရတဲ့အထိ အခြေအနေတွေ အမြင့်ဆုံးကို ရောက်သွားချိန်မှာတော့ အဘွားအိုအတွက် တရားမျှတမှု ရလာမလား၊ ဒါမှမဟုတ် အကျင့်ပျက် နိုင်ငံရေးသမားတွေပဲ အနိုင်ရသွားမလားဆိုတာကို ဇာတ်သိမ်းအထိ ဆက်ကြည့်ချင်စိတ် ပေါ်လာအောင် ဆွဲဆောင်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်The Maharashtra Files
2026
အသစ်ထွက် ကမ္ဘာပျက်ကပ် ဇာတ်ကားအသစ် ဒီကားလေးကတော့ တခြား ကပ်ဘေး ဇာတ်ကားတွေလို ရေကြီး၊မြေပြိုတာ မဟုတ်ဘဲ အအေးလှိုင်းဖြတ်ပြီး ကမ္ဘာကြီး လုံးဝ ခဲသွားတဲ့ အကြောင်းပါ။ အကြောင်းရင်းကတော့ ကမ္ဘာနဲ့ လ လည်ပတ်နေတဲ့ စနစ်ထဲကို နယ်မဲဆစ်ဆိုတဲ့ အစိုင်အခဲတစ်ခု ဝင်လာလို့ပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ နွေရာသီ၊ ဆောင်းရာသီဆိုတာက တကယ်တော့ အားလုံး သိကြတဲ့အတိုင်း ကမ္ဘာနဲ့ နေ မျက်နှာမူတဲ့ဘက်ခြမ်းအပေါ်မှာ မူတည်နေတာပါ။ ကမ္ဘာက ပုံမှန် ၂၃.၅ ဒီဂရီ စောင်းပြီး တည်ရှိနေရာကနေ ဒီနယ်မဲဆစ်ဆိုတဲ့ အစိုင်အခဲကြီးရဲ့ သံလိုက်စက်ကွင်းကြောင်း ၂ - ၃ ဒီဂရီ ပိုစောင်းသွားခဲ့ပါတယ်။ ဒီကိန်းဂဏန်း သေးသေးလေးကြောင့်ပဲ ကမ္ဘာကြီးရဲ့ မြောက်ဝင်ရိုးစွန်းက အရာရာတိုင်း အေးခဲသွားရတာပါ။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ၂ နှစ် အတွင်းကမ္ဘာကြီး တစ်ခုလုံး ရေခဲခေတ်ကို ပြန်ရောက်သွားမယ်လို့ သိပ္ပံ ပညာရှင်တွေက တွက်ချက်ခဲ့ကြပါတယ်။ လွယ်ပါတယ် တခြား ကမ္ဘာနားကို ကပ်လာတဲ့ အရာဝတ္ထုတွေလို ဖောက်ခွဲပစ်ပါလားဆိုတဲ့ မေးခွန်း မေးစရာ ရှိလာပါတယ်။ ဒါပေမဲ့ အကယ်၍ ဒီဧဝရက်တောင်လောက် အရွယ်အစားရှိတဲ့ အစိုင်အခဲကို နျူးကလီးယား လက်နက်နဲ့ ဖောက်ခွဲပစ်မယ်ဆိုရင် ကမ္ဘာ့လေထုထဲမှာ နျူးကလီးယားတွေနဲ့ ပြည့်ကျန်ခဲ့ပြီး ရှင်ကြီးက ကျားထက်ပိုဆိုးသွားပါလိမ့်မယ်။ နောက်ဆုံး NASA နဲ့ US ကာကွယ်ရေးတပ်ဖွဲ့တွေ အဖြေရှာပြီးနောက်မှာ ဒီအစိုင်အခဲကြီးကို မဖောက်ခွဲဖြစ်ဘဲ ပတ်လမ်းကြောင်းကနေ တွန်းထုတ်လိုက်ရင် သံလိုက်စက်ကွင်းလည်း ပျောက်သွားမယ်၊ ရေခဲနေတဲ့ ဆောင်းရာသီလည်း ပြီးဆုံး သွားမယ်လို့ အဖြေထွက်လာပါတယ်။ ဒါပေမဲ့ ဒီအစိုင်အခဲကြီးက အာကာသထဲမှာ ရှိနေတာ ဖြစ်ပြီး ကမ္ဘာပေါ်က ဟိုနိုင်ငံနဲ့ ဒီနိုင်ငံလို ပုံသေ ချိန်လို့ မရပါဘူး။ အချိန်နဲ့ တပြေးညီ ဒေတာ အချက်အလက်တွေ ရနိုင်သမျှ စုစည်းဖို့ လိုအပ်ပါတယ်။ အဲဒါကပဲ ဒီအစီအစဉ်ရဲ့ အကြီးမားဆုံး အားနည်းချက်ဖြစ်ပြီး မှားယွင်း တွက်ချက်မိတဲ့ အရာတစ်ခုကြောင့် တွန်းထုတ်ရမဲ့ အစား ကမ္ဘာကြီးဆီကို ပိုပြီး ရွေ့သွားစေခဲ့ရာမှာတော့....
ဇာတ်ကားကြည့်ရန်Ice-Pocalypse
2026
ဒီကားလေးကတော့ အက်ရှင်နဲ့ စပိုင်ဇာတ်လမ်းတွေကို ရူးရူးမူးမူးကြိုက်တတ်တဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ကားကောင်းတစ်ကားလို့ ပြောပါရစေ။ ဇာတ်လမ်းအစမှာတင် လူစွမ်းအားရှင်စစ်သားတွေ မွေးထုတ်ပေးမဲ့ လျှို့ဝှက်စစ်ဆင်ရေးပရိုဂရမ်တစ်ခုအကြောင်းစတင်ထားပါတယ်။ ဒါပေမဲ့လည်း ပရိုဂရမ်က မအောင်မြင်တာကြောင့် အထက်အရာရှိတွေက ပိတ်သိမ်းလိုက်ပါတော့တယ်။ နှစ်တွေအကြာမှာ အဲဒီပရိုဂရမ်မှာပါဝင်တဲ့ ထိပ်တန်းအစိုးရအရာရှိတွေ တစ်ယောက်ပြီးတစ်ယောက် လုပ်ကြံခံရပြီးတော့ အံ့သြစရာအကောင်းဆုံးက အဲဒီလို ရက်ရက်စက်စက် လိုက်သတ်နေတဲ့ လုပ်ကြံသူဟာ သာမန်လူမဟုတ်ဘဲ ငယ်ငယ်ကတည်းက လူသားလက်နက်တစ်ခုလို သီးသန့်လေ့ကျင့်ခံထားရတဲ့ ကောင်မလေးတစ်ယောက် ဖြစ်နေတာပါပဲ။ ဒါ့အပြင် ထောက်လှမ်းရေးအကြီးအကဲတစ်ယောက် ဒီအမှုကို လိုက်လံစုံစမ်းရာကနေ သူစုံစမ်းရင်းနဲ့ သိလိုက်ရတဲ့ အမှန်တရားက အဲဒီလုပ်ကြံသူကောင်မလေးဟာ သူ့ရဲ့သေသွားပြီလို့ထင်ထားတဲ့ သမီးလေးဖြစ်နေတာပါပဲ။ အသက်အန္တရာယ်ကြားကနေ ကိုယ့်သွေးသားကို ကယ်တင်ဖို့ ကြိုးစားရင်း နိုင်ငံတော်အဆင့် သစ္စာဖောက်မှုကြီးတွေနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ။ နောက်ကွယ်က ကြိုးကိုင်သူရဲ့ အကြံအစည်တွေကို အချိန်မီ တားဆီးနိုင်ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
ဇာတ်ကားကြည့်ရန်Alpha
2026
ယခုတစ်ခေါက် မိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၂၆ ခုနှစ် သြဂုတ်လက Netflix မှာ အသစ်ထွက်ရှိလာခဲ့ပြီး ကမ္ဘာကျော် တိုက်လေယာဉ်တစ်စင်းရဲ့ သမိုင်းကြောင်းနဲ့ လေယာဉ်မှူးတွေရဲ့ ရင်ခုန်စရာ အတွေ့အကြုံတွေကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့ The Last Salute ပဲဖြစ်ပါတယ်။ ဇာတ်ကားဟာ အိန္ဒိယလေတပ်မှာ နှစ်ပေါင်း ၆၀ ကျော်တိုင်အောင် တာဝန်ထမ်းဆောင်ခဲ့ပြီး သမိုင်းဝင် နာမည်ကျော်ကြားခဲ့တဲ့ MiG-21 တိုက်လေယာဉ်ကြီးရဲ့ နောက်ဆုံးခရီးစဉ်နဲ့ သက်တမ်းတစ်လျှောက် ဖြတ်သန်းလာခဲ့ရတဲ့သမိုင်းကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ MiG-21 တိုက်လေယာဉ်ဟာ စစ်ပွဲတွေ၊ အရေးပါတဲ့ တိုက်ခိုက်ရေး မစ်ရှင်တွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ဖူးသလို၊ တစ်ဖက်မှာလည်း အန္တရာယ်များတဲ့အတွက် ဝေဖန်မှုတွေ၊ စိုးရိမ်စရာ မှတ်တမ်းတွေနဲ့ပါ ရင်ဆိုင်ခဲ့ရတဲ့ လေယာဉ်တစ်စင်း ဖြစ်ပါတယ်။မီဒီယာတွေကပါ ဒီလေယာဉ်ကို ပျံသန်းနေသော အခေါင်းတလား၊ မုဆိုးမများကို ဖန်တီးသူဆိုပြီးပါ နာမည်ပေးခဲ့ကြတာပါ။ ဒီမှတ်တမ်းတင်ဇာတ်ကားထဲမှာတော့ အဲဒီလေယာဉ်ကြီးကို ကိုယ်တိုင် ကိုင်တွယ်ပျံသန်းခဲ့ကြတဲ့ ခေတ်အဆက်ဆက်က လေယာဉ်မှူးကြီးတွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ နည်းပညာရှင်တွေရဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို အသေးစိတ် ပြန်လည်ပြောပြတားတာပါ။ မစ်ရှင်တွေ ဘယ်လိုဆောင်ရွက်ခဲ့လဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲစတာတွေအပြင် လေယာဉ်ပေါ်က အံ့ဩမှင်သက်စရယမြင်ကွင်းတွေ၊ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေအပြင် ဒီလေယာဉ်အပေါ် ထားရှိတဲ့ လေယာဉ်မှူးတွေရဲ့ လေးနက်တဲ့ ခံစားချက်တွေ၊ သံယောဇဉ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ကူးပြထားတာပါ။ စစ်ဘက်ဆိုင်ရာ သမိုင်းကြောင်းတွေ၊ လေကြောင်းတိုက်ပွဲတွေ တိုက်လေယာဉ်တွေကို နှစ်သက်သူများအတွက် အချိန်ပေးရတာတန်စေမယ့် Documentary ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် အခုပဲကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ဇာတ်ကားကြည့်ရန်The Last Salute
2026
ကမ္ဘာ့တင်းနစ်သမိုင်းမှာ အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ Novak Djokovic ရဲ့ ဘဝနဲ့ ကစားသမားဘဝနောက်ဆုံးအပိုင်းကို နီးနီးကပ်ကပ် လိုက်လံမှတ်တမ်းတင်ထားတဲ့ Documentary ဇာတ်ကားတစ်ကားပါ။ ကလေးဘဝကတည်းက အားကစားကို ချစ်မြတ်နိုးခဲ့တဲ့ Novak ဟာ ဆားဘီးယားနိုင်ငံရဲ့ တောင်တန်းဒေသမှာ ကြီးပြင်းလာခဲ့သူပါ။ မိသားစုစားသောက်ဆိုင်ဘေးမှာ တင်းနစ်ကွင်းတစ်ခု ဆောက်လုပ်နေရာကနေ တင်းနစ်ဆိုတဲ့ အားကစားနဲ့ ပထမဆုံးထိတွေ့ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အတွက် တင်းနစ်ဟာ ဘဝတစ်ခုလုံးကို ပြောင်းလဲပေးမယ့်အရာ ဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။ စစ်ပွဲတွေနဲ့ စီးပွားရေးအခက်အခဲတွေကြားမှာ Novak ရဲ့ မိသားစုဟာ သူ့ရဲ့ အိပ်မက်အတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့ရပါတယ်။ တင်းနစ်လို ကုန်ကျစရိတ်များတဲ့ အားကစားတစ်ခုမှာ ဆက်လက်တိုးတက်နိုင်ဖို့ မိသားစုက အကြွေးယူပြီးတောင် သူ့ရဲ့လေ့ကျင့်ရေးနဲ့ ပြိုင်ပွဲခရီးစဉ်တွေကို ထောက်ပံ့ပေးခဲ့ကြပါတယ်။ အသက်ငယ်ငယ်နဲ့ မိသားစုရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးရင်း Novak ဟာ တဖြည်းဖြည်း ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ Roger Federer နဲ့ Rafael Nadal တို့ရဲ့ ခေတ်ကြီးထဲကို ဝင်ရောက်လာတဲ့ Novak ဟာ အစပိုင်းမှာတော့ လူတိုင်းက မျှော်လင့်ထားတဲ့ “ရွေးချယ်ခံထားရသူ” မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ ဟာသလုပ်တတ်တဲ့ ပုံစံ၊ အခြားကစားသမားတွေကို အတုယူပြတတ်တဲ့ ပုံစံတွေကြောင့် တင်းနစ်လောကထဲမှာ အမြင်မတူသူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရည်မှန်းချက်ကတော့ ရှင်းလင်းနေခဲ့ပါတယ်—ကမ္ဘာ့နံပါတ် ၁ ဖြစ်ဖို့၊ Wimbledon အနိုင်ရဖို့နဲ့ တင်းနစ်သမိုင်းမှာ အမှတ်အသားတစ်ခု ချန်ထားဖို့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Novak ဟာ Federer နဲ့ Nadal တို့ရဲ့ အကြားက တတိယမြောက် အင်အားကြီးပြိုင်ဘက်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ကာကွယ်ကစားရာမှာ မယုံနိုင်လောက်အောင်ကောင်းမွန်သလို အခွင့်အရေးရတာနဲ့ ချက်ချင်းတိုက်စစ်ပြောင်းနိုင်တဲ့ သူ့ရဲ့ကစားဟန်က ပြိုင်ဘက်တွေကို စိတ်ပိုင်းဆိုင်ရာအရပါ ဖိအားပေးနိုင်ခဲ့ပါတယ်။ အနိုင်ရလာတာနဲ့အမျှ Grand Slam ချန်ပီယံဆုတွေ၊ ကမ္ဘာ့နံပါတ် ၁ နေရာနဲ့ စံချိန်ပေါင်းများစွာကို ဆက်တိုက်ရယူလာခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်မှုတွေအားလုံးရဲ့နောက်ကွယ်မှာ စိတ်ပိုင်းဆိုင်ရာဖိအား၊ မိသားစုနဲ့ ခွဲခွာရတဲ့အခက်အခဲ၊ အသက်အရွယ်နဲ့ ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ ကလေးတွေနဲ့ မိသားစုကို ထားခဲ့ပြီး ပြိုင်ပွဲတွေသွားရတဲ့အခါ ခံစားရတဲ့အပြစ်ရှိသလိုခံစားချက်ကိုလည်း Novak က ဖွင့်ဟပြောပြထားပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ လူတွေက “ဘယ်တော့အနားယူမလဲ” ဆိုပြီး မေးလာကြပေမယ့် Novak အတွက်တော့ အနားယူဖို့အချိန်ကို သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ သူ့ကိုယ်သူ သက်သေပြချင်စိတ်၊ အနိုင်ရနိုင်သေးတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တင်းနစ်အပေါ်ထားရှိတဲ့ ဝါသနာက သူ့ကို ဆက်လက်တိုက်ပွဲဝင်စေပါတယ်။ တင်းနစ်ပွဲတွေရဲ့ အနိုင်အရှုံးထက် ချန်ပီယံတစ်ယောက်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲ ကို ပိုမိုအာရုံစိုက်ထားတဲ့ Documentary ဖြစ်တာကြောင့် Novak Djokovic ကို အားပေးသူတွေသာမက အားကစားသမားတစ်ယောက်ရဲ့ အောင်မြင်မှုနောက်ကွယ်က ဘဝကို စိတ်ဝင်စားသူတွေအတွက်ပါ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်