Yaar Jigree Kasooti Degree 2026 သူငယ်ချင်းများ ကောလိပ်ကျောင်းဆင်းပြီးနောက် ဘဝလမ်းကြောင်း အသီးသီးဆီ ခွဲခွာသွားကြပြီး အဆက်အသွယ်ပြတ်တောက်နေခဲ့ကြတဲ့ အချစ်ဆုံး ကောလိပ်သူငယ်ချင်း ၅ ယောက်... နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်မှာတော့ မထင်မှတ်ထားတဲ့ ဖိတ်စာတစ်စောင်ကြောင့် သူတို့အားလုံး ကောလိပ်ကျောင်းတော်ကြီးဆီ ပြန်လည်ရောက်ရှိလာကြပြီး ဆုံတွေ့ခွင့် ရရှိခဲ့ကြပါတယ်။ အချင်းချင်း သတင်းစကားတွေ အပြန်အလှန်ဖောက်သည်ချကြရင်း လျှို့ဝှက်ချက်တစ်ခု ပေါ်လာခဲ့တယ်။ အဲဒါကတော့ အောင်စာရင်းထွက်ချိန်မှာ နာမည်နဲ့ အဖြေလွှာတွေ မှားချိတ်ပေးခဲ့လို့ အောင်သင့်တဲ့လူကကျပြီး ကျသင့်တဲ့လူက အောင်ခဲ့တယ်ဆိုတဲ့ သတင်းစကားပါ။ ဒါကိုကြားပြီး သူတို့ရဲ့ငယ်သူငယ်ချင်းကြီးတစ်ယောက် စာမေးပွဲကျလို့ သ-တ်ေ-သခဲ့တာကို သတိရသွားခဲ့တယ်။ ဒီသူငယ်ချင်းကရော ဒီလိုကိစ္စများ ဖြစ်ခဲ့မလားဆိုပြီး ကျောင်းတော်ကြီးဆီ တစ်ခါပြန်သွားပြီး စုံထောက်လုပ်ဖို့ ဇာတ်လမ်းစခဲ့ပါတော့တယ်။ အတိတ်က ပျော်စရာ အမှတ်တရတွေ၊ အလွဲပေါင်းများစွာနဲ့အတူ ဟာသပွေခဲ့ကြတာတွေကို ပြန်လည်တမ်းတမိကြသလို၊ လက်ရှိဘဝမှာ ရင်ဆိုင်နေရတဲ့ ကိုယ်စီစိန်ခေါ်မှုတွေ၊ လျှို့ဝှက်ချက်တွေကို ရင်ဖွင့်ရင်း သူတို့ရဲ့ ရင်းနှီးမှုကို ပြန်လည်ဆန်းသစ်ပြီး ဘယ်လိုဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြမလဲဆိုတာကို ရယ်မောဖွယ်ရာ၊ ကြည်နူးဖွယ်ရာ အဖြစ်အပျက်များစွာနဲ့ ပုံဖော် ရိုက်ကူးထားပါတယ်။ File size… 2.5 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်