Meter
အာဂျွန်ကလျန်ဟာ ဖြောင့်မတ်တည်ကြည်တဲ့ ရဲတစ်ယောက်ရဲ့သားဖြစ်ရတာကို အမြဲဂုဏ်ယူနေသူပါ။ သူ့အဖေကတော့ မမှန်တဲ့ကိစ္စဆို အထက်လူကြီးအလိုကိုတောင် မလိုက်တတ်တာကြောင့် အငြိုးထားခံရပြီး ခဏခဏ ပြောင်းရွှေ့ခံနေရတယ်။ ကိုယ်တိုင် ဒီလိုဒုက္ခတွေ ကြုံနေရပေမယ့် သားကိုလည်း ကိုယ့်လို ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက် ဖြစ်စေချင်တာက သူ့အိပ်မက်ပါ။ တစ်နေ့ လမ်းလျှောက်ထွက်ရင်း အမတ်တစ်ယောက်က အဖေ့ကို ပါးရိုက်နေတာ အာဂျွန် မြင်လိုက်ရပါတယ်။ ဖြောင့်မတ်နေပါလျက် ရာထူးကွာတဲ့အခါ ဘာမှပြန်မလုပ်နိုင်တဲ့ အဖေ့အဖြစ်ကို မြင်ပြီးနောက် သူဟာ ရဲအလုပ်ကို မုန်းလာတော့တယ်။ ဒါပေမယ့် ဖခင်ရဲ့ဆန္ဒကို သိနေတာကြောင့် ဒီအလုပ်ကို မုန်းကြောင်းလည်း ဖွင့်မပြောရဲပါဘူး။ အလုပ်ကထွက်ရအောင် တလွဲတွေ လုပ်ကြည့်ပေမယ့် သူလုပ်လိုက်သမျှက အကောင်းဘက်ကိုပဲ ရောက်ရောက်သွားပါတယ်။ အာဂျွန်က ဖခင်ရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးနိုင်မလား၊ မလုပ်ချင်တဲ့အလုပ်ကနေ ထွက်ရဖို့ရော ဘယ်လိုအကြံတွေ ထပ်ထုတ်ဦးမလဲ။ Kiran Abbavaram နဲ့ Athulya Ravi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း