Sin City: A Dame to Kill For က ၂၀၀၅ ခုနှစ်ထွက် Sin City နဲ့ ဆက်စပ်နေတဲ့ ဇာတ်လမ်းတွေကို ပြန်ဆက်ထားပါတယ်။ ဒါပေမယ့် အဖြစ်အပျက်အားလုံးက ပထမကားရဲ့နောက်မှာ ဖြစ်တာမျိုးတော့ မဟုတ်ဘူး။ ခေါင်းစဉ်ပေးထားတဲ့ A Dame to Kill For အပိုင်းဟာ ပထမကားထဲက ဒွိုက်ရဲ့ဇာတ်လမ်းမတိုင်ခင်က အကြောင်းပါ။ ဇာတ်လမ်းတစ်ပုဒ်ကလွဲရင် ကျန်တာတွေက ပထမကားရဲ့ ရှေ့ပိုင်းနဲ့ နောက်ဆက်တွဲအဖြစ် ချိတ်ဆက်ထားကြတယ်။ ပထမကားမှာ အခန်းနာမည်တွေ သီးသန့်ပြပြီး ဇာတ်လမ်းတစ်ပိုင်းစီ ခွဲထားပေမယ့် ဒီတစ်ခါမှာတော့ တစ်ဆက်တည်းလို တင်ပြထားပါတယ်။ အချိန်အစဉ်လိုက် ပြန်စီကြည့်ချင်ရင် ဒီကားရဲ့ အစဉ်ကို အခြေခံပြီး ပထမကားက အပိုင်းတွေကို ဖြည့်ကြည့်ရမှာပါ။ Clive Owen ကလွဲလို့ အရင်ဇာတ်ကောင်တွေကို မူလသရုပ်ဆောင်တွေကပဲ ပြန်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်အသစ်တွေလည်း ပါဝင်လာတယ်။ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာတို့ရဲ့ ဆွဲဆောင်မှုကို သွေးထွက်သံယို မြင်ကွင်းတွေနဲ့ တွဲဖက်တင်ဆက်ထားပါတယ်။ ဒါရိုက်တာနှစ်ယောက်ထဲက တစ်ယောက်ဟာ မူရင်းဂရပ်ဖစ်ဝတ္ထုကို ရေးခဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ တာရန်တီနိုနဲ့ ပူးပေါင်းဖန်တီးဖူးသူပါ။ သူ့ရဲ့လက်ရာတွေထဲမှာ Mexico Trilogy၊ Alita: Battle Angel၊ Once Upon a Time in Mexico၊ From Dusk Till Dawn နဲ့ Spy Kids ဇာတ်ကားတွေလည်း ရှိပါတယ်။ ပထမကားနဲ့ ယှဉ်ရင် ရက်စက်ကြမ်းကြုတ်မှု အနည်းငယ်လျော့သွားပေမယ့် ခပ်ကြမ်းကြမ်းတင်ဆက်ပုံကို ဆက်ထိန်းထားတယ်။ ရုပ်ရှင်တစ်ကားထက် neo-noir ကာတွန်းစာအုပ်တစ်အုပ်ကို ဖတ်နေရသလိုဖြစ်စေတဲ့ တင်ဆက်ပုံလည်း ပါရှိပါတယ်။
ဇာတ်ကားကြည့်ရန်