Kolahalamedu (2026) အမဲလိုက်ပွဲ ထူထပ်လှတဲ့ တောနက်ကြီးတွေ ကြားထဲမှာရှိတဲ့ ဝေးလံခေါင်သီလှတဲ့ ကိုလာဟာလာမေဒူ ရွာကလေးဆီကို တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ ခြိမ်းခြောက်မှုကြီးတစ်ခု ရောက်ရှိလာပါတော့တယ်။ အဲဒါကတော့ လူသားတွေကို အမဲလိုက်စားသောက်တတ်တဲ့ ကျားသစ်ကြီးတစ်ကောင် ရွာနားတစ်ဝိုက် ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ဒီကျားသစ်သောင်းကျန်းမှုကို သစ်တောအရာရှိ အဖွဲ့ တွေက နှိမ်နင်းဖို့ ရောက်ရှိလာပေမဲ့ ကျားသစ်ကြောင့်ေ_သဆုံးရတဲ့သူတွေက တစ်နေ့ထက်တစ်နေ့တိုးလာတဲ့အခါမှာတော့ အရာရှိတွေနဲ့ ရွာသားတွေကြားမှာအဖုအထစ်လေးတွေဖြစ်လာခဲ့တာပေါ့။ ကျားသစ်ကိုထောင်ချောက်တွေမျိုးစုံဆင်ပြီး ဖမ်းဖို့လုပ်ကြပေမယ့် ကျားသစ်ရဲ့အမွှေးလေးတစ်ပင်တောင် ဖမ်းမိမလာတဲ့အခါမှာတော့ တစ်ရွာလုံး ထိတ်လန့်တုန်လှုပ်ပြီး ကြောက်ရွံ့မှုတွေ လွှမ်းမိုးသွားတဲ့အခါ...ရွာသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့နဲ့ ဒီလူသားစားကျားသစ်ကြီးရဲ့ ရန်ကနေ ဘယ်လိုမျိုး အသက်လု ရုန်းကန်ကြမလဲ၊ ဘယ်လိုမျိုး ပြန်လည်ရင်ဆိုင် နှိမ်နင်းကြမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… 1.69 GB / 845 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 24m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်