ဇာတ်ကားများ ရွေးရန်

Kolahalamedu

2026ဇာတ်ကား84 မိနစ်

Kolahalamedu (2026) အမဲလိုက်ပွဲ ထူထပ်လှတဲ့ တောနက်ကြီးတွေ ကြားထဲမှာရှိတဲ့ ဝေးလံခေါင်သီလှတဲ့ ကိုလာဟာလာမေဒူ ရွာကလေးဆီကို တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ ခြိမ်းခြောက်မှုကြီးတစ်ခု ရောက်ရှိလာပါတော့တယ်။ အဲဒါကတော့ လူသားတွေကို အမဲလိုက်စားသောက်တတ်တဲ့ ကျားသစ်ကြီးတစ်ကောင် ရွာနားတစ်ဝိုက် ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ဒီကျားသစ်သောင်းကျန်းမှုကို သစ်တောအရာရှိ အဖွဲ့ တွေက နှိမ်နင်းဖို့‌ ရောက်ရှိလာပေမဲ့ ကျားသစ်ကြောင့်‌ေ_သဆုံးရတဲ့သူတွေက တစ်နေ့ထက်တစ်နေ့တိုးလာတဲ့အခါမှာတော့ အရာရှိတွေနဲ့ ရွာသားတွေကြားမှာအဖုအထစ်လေးတွေဖြစ်လာခဲ့တာပေါ့။ ကျားသစ်ကိုထောင်ချောက်တွေမျိုးစုံဆင်ပြီး ဖမ်းဖို့လုပ်ကြပေမယ့် ကျားသစ်ရဲ့အမွှေးလေးတစ်ပင်တောင် ဖမ်းမိမလာတဲ့အခါမှာတော့ တစ်ရွာလုံး ထိတ်လန့်တုန်လှုပ်ပြီး ကြောက်ရွံ့မှုတွေ လွှမ်းမိုးသွားတဲ့အခါ...ရွာသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့နဲ့ ဒီလူသားစားကျားသစ်ကြီးရဲ့ ရန်ကနေ ဘယ်လိုမျိုး အသက်လု ရုန်းကန်ကြမလဲ၊ ဘယ်လိုမျိုး ပြန်လည်ရင်ဆိုင် နှိမ်နင်းကြမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။​ File size… 1.69 GB / 845 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 24m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း