ဟောင်ကောင်လမ်းမပေါ်ကသွေးကြွေးတစ်ခုပဲဖြစ်ပါတယ်.....ကင်းလှည့်ရဲတပ်ဖွဲ့ခေါင်းဆောင် အားပင်းနဲ့ ဓားပြဂိုဏ်းခေါင်းဆောင်ညီအစ်ကိုတို့ကြားက သွေးကြွေးဆပ်တဲ့ကံကြမ္မာရဲ့တိုက်ပွဲပဲဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့စီးပွားရေးအချက်အခြာကျတဲ့နယ်မြေပိုင်းမှာ လက်ဝတ်ရတနာဆိုင်တွေတစ်ခုပြီး တစ်ခု ဓားပြတိုက်ခံရပါတယ်။ တာဝန်အရစုံစမ်းစစ်ဆေးဖို့သွားတဲ့ ရှေ့ပြေးကင်းလှည့်တပ်ဖွဲ့ခေါင်းဆောင် အားပင်တို့အဖွဲ့နဲ့ ဓားပြတွေဟာ အပြန်အလှန်ပစ်ခတ်ရင်းထိပ်တိုက်တွေ့ကြပါတယ် ဒါပေမယ့် စုံစမ်းရင်းနဲ့သိလိုက်ရတာကတော့ ဒီဓားပြအမှုမှာဦးဆောင်တဲ့ ရွမ်မျိုးနွယ် ညီအစ်ကိုနှစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်တွေက လက်နက်ကိုင်ဓားပြမှုကနေလွတ်မြောက်သွားခဲ့တဲ့ အန္တရာယ်အရှိဆုံးရာဇဝတ်သားတွေဖြစ်နေတာပါပဲ သူတို့ညီအစ်ကိုနှစ်ယောက်က ရဲတွေကိုပြောင်ပြောင်တင်းတင်းစိန်ခေါ်ပြီးပြစ်မှုတွေကျူးလွန်နေတာကြောင့် ရဲတွေကလဲအကြပ်ရိုက်လာပါတယ် တစ်ဖက်မှာလဲ လှည့်ကင်းရဲတပ်ဖွဲ့ဝင် ကျားဟော်ကလဲ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ဖိအားအောက်မှာ မထိန်းချုပ်နိုင်ပဲ စိတ်ဓာတ်တွေပြိုကွဲလာပါတယ် အဖွဲ့ခေါင်းဆောင်အားပင်းကလဲ တပည့်ဖြစ်သူကိုကူညီပေးချင်ပေမယ့် အခြေအနေတွေကပိုဆိုးလာနေပါတယ်။ သူတို့(၄)ယောက်ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကြားမှာ နှစ်ပေါင်းများစွာဖုံးကွယ်လာတဲ့ အတိတ်ကလျှို့ဝှက်ချက်ဆိုးကြီးတစ်ခုပေါ်လာပါတော့တယ် Filesize : 1.73 GB / 983 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်