ဇာတ်ကား / 1974Blazing SaddlesBlazing Saddles (1974)
IMDB : 7.7
Rotten Tomatoes : 89%
Genre : Western / Comedy
ဒီရုပ်ရှင်မှာ ဂုဏ်ပုဒ်တစ်ခုရှိတယ်။ အဲဒါက “သမိုင်းတစ်လျှောက်
အကောင်းဆုံး Western / Comedy” ဆိုတာပါပဲ။ ဒီရုပ်ရှင်က
တော်တော်လေးကို သဘောကျဖို့ကောင်းပြီးတော့ အတော်လေးလည်း
စွဲမက်ဖွယ်ကောင်းလှပါတယ်။ အနုပညာသမိုင်းမှာ “EGOT” ဆိုတာရှိပါတယ်”
“EGOT” ဆိုတာက “Emmy, Grammy, Oscar, Tony” ဒီဆုလေးခုကိုခေါ်တာဖြစ်ပါတယ်။
ဒီဆုလေးခုရဲ့ နယ်ပယ် ၄ ခုက တူမလိုလိုနဲ့ ကွဲပြားပါတယ်။ ဆိုတော့ ဒီဆုကိုရတဲ့လူကို
ဘက်စုံတော်ဟု သတ်မှတ်နိုင်ပါတယ်။ Blazing Saddles ကို ရိုက်ကူးခဲ့တဲ့
ဒါရိုက်တာကြီး Mel Brooks ကတော့ ဒီဆုလေးခုလုံးကိုရဖူးတဲ့
ရှားပါးအနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ ဆိုတော့
ရုပ်ရှင်မကောင်းမှာတော့ ပူစရာကိုမလိုပါဘူး။
ဇာတ်ညွှန်း
ဟက်ဒ်လေဆိုတာကတော့ ခြစား၊ အကျင့်ပျက်နေတဲ့
နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အကျိုးစီးပွားအတွက်ပဲ
ကြည့်ပြီး တခြားဘာဖြစ်ဖြစ် သိပ်ဂရုမစိုက်တတ်တဲ့လူလည်းဖြစ်ပါတယ်။
ဒီလိုနဲ့ သူ့အကျိုးအတွက်ရထားလမ်းဖောက်ရင်း တစ်ရက်မှာတော့
မြို့လေးတစ်မြို့က ကန့်လန့်လာခံပါတော့တယ်။ ဒီလိုနဲ့ အကြံကုန်သွားတဲ့
ဟက်ဒ်လေမှာ အကြံဆိုးတစ်ခု ဖြတ်ကနဲရခဲ့ပါတယ်။ ဘာလဲဆိုတော့
အဲဒီမြို့မှာ လူမည်းရဲမှူးတစ်ယောက်ခန့်ပြီး မြို့နဲ့ ရဲမှူးကို
အဆင်မပြေဖြစ်အောင်လုပ်ပြီး ကြားထဲကနေ အမြတ်ဝင်ထုတ်၊
မြို့ပျက်အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း
ထင်ထားသလိုတွေဖြစ်မလာတဲ့အခါ ဘယ်လိုမျိုး
ဆက်လက်အကျင့်ယုတ်မလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။
File size… 2.1 GB / 1.6 GB
Quality… Web-DL 1080p / 720p
Format… mp4
Duration…. 1h 33m
Genre ..... Western / Comedy
Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်