Village of the Dead (2025) IMDb Rating (6.1) Sumala 2024 တို့၊ Take me to hell 2025 တို့လိုပြည်တွင်း ဟော်ရာ ပရိသတ်တွေကြားမှာ နာမည်ကျော်တဲ့ ဇာတ်ကားတွေရဲ့ဖန်တီးရှင် ဒါရိုက်တာ Rizal Mantovani ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ကျတ်ရွာအယူအဆကိုအမြင်သစ်တစ်မျိုးနဲ့တွေ့မြင်ကြရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာယို၊နီတာ၊ ရာကာနဲ့ယွန်းနီဆိုတဲ့ ကျောင်းစာမေးပွဲအပြီး အပန်းဖြေခရီးအနေနဲ့နယ်မြေကြမ်းတယ်လို့ နာမည်ကြီးတဲ့ ဝီလီယန်းတောင်တွေအပေါ်ကို တောင်တက်ခရီးထွက်ခဲ့ကြတဲ့ သူငယ်ချင်းလေးယောက်ကိုအခြေခံပါတယ်။ တောင်ခြေစခန်းမှာကတည်းက ဒေသခံတွေက တောင်တွေပေါ်မှာ အစောင့်အရှောက်တွေရှိတဲ့အတွက်၊ မလေးမခန့်မလုပ်မိဖို့၊ ပါးစပ်မသရမ်းဖို့၊ လူသွားလမ်းပေါ်က သွေဖည်မသွားဖို့တွေကို အထပ်ထပ်မှာလိုက်ပေမယ် ခေတ်လူငယ်တွေထုံးစံ အလေးအနက်မထားတဲ့ သူတို့တစ်သိုက်ဟာ မျက်စိလည်လမ်းပျောက်ရာကနေ တောင်စောင့်နတ်ဖမ်းစားခံရပြီး ညဘက်ဆီမီးထွန်းချိန်မှ လူတွေအပြင်ထွက်တတ်တဲ့ ရွာကြီးတစ်ရွာကို ရောက်သွားခဲ့ပြီး ယဇ်ပူဇော်ဖို့သားကောင်ရှာနေတဲ့ ရွာသားတွေရဲ့အန္တရာယ်နဲ့ရင်ဆိုင်ရပါတော့တယ်။ တကယ်ပဲ ဒီရွာကြီးကိုရောက်လာတဲ့သူတွေဟာ လွတ်လမ်းမရှိဘူးလား? အာရုံတက်ချိန်အထိ ဒီကနေ ထွက်ခွာမသွားနိုင်ရင် သူတို့ကိုယ်တိုင်ပါ ဒီရွာသားတွေဖြစ်လာတော့မယ်ဆိုတာ အမှန်လား? ဘာမှမသိနားမလည်ပဲဒေသခံနဲ့ရိုးရာတွေကို စော်ကားမိခဲ့တဲ့ သူတို့အဖွဲ့အတွက် ကယ်တင်ရှင်ရှိနိုင်ပါဦးမလား? ဇာတ်ကားထဲမှာဆက်လက်ရှုစားကြပါ။ ဝီလီယန်း တောင်ပေါ်မှာ အမှန်တကယ်ပျောက်ဆုံးသေဆုံးသွားခဲ့သူတွေရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်တွေကိုအခြေပြုတယ်လို့ဆိုထားလို့ရင်တထိတ်ထိတ်နဲ့ရှုစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size… (1.6 GB) / (960 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure,Horror,Mystery Duration…. 01:35:07 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်