ဇာတ်ကားများ ရွေးရန်

Hide and Seek

2024ဇာတ်ကားအမှတ် 6.5/1084 မိနစ်

Hide and Seek (2024) / Petak Umpet (2024) ကလေးဆုံးရှုံးရလို့ သေဆုံးသွားပြီးတဲ့နောက်မှာ ကလေးကို စွဲလမ်းတဲ့စိတ်နဲ့ မကျွတ်မလွတ် ဖြစ်နေတဲ့ ဝိညာဥ်သရဲတစ်ကောင် .. မိသားစုက လျစ်လျူရှုခြင်းခံရတဲ့ ကလေးတွေကို သူ့ဆီပါလာအောင်ဆွယ် .. ကလေးတွေကြိုက်တာကျွေး ကလေးတွေနဲ့အတူတူဆော့ပေးဖို့အတွက် ပြန်ပေးဆွဲတတ်တဲ့ ဝင်ဝင် ဂွမ်ဘယ်ဆိုတဲ့ အင်ဒိုသရဲအကြောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဝင်ဝင် ဂွမ်ဘယ်ဟာ ကလေးတွေကို ခေါ်သွားပြီးလို့ ၃ရက်အကြာမှာတော့ ကလေးတွေရဲ့ ဝိညာဉ်ကိုပါ နှုတ်ယူပြီး သူ့အနားခေါ်သွားတတ်တယ်ဆိုပြီး ဆိုရိုးရှိပါတယ် .. ။ ရာမန်နဲ့ ဆာရီဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ အမေဖြစ်သူနဲ့အတူတူ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ အမေဖြစ်သူဟာ ဖခင်မဲ့နေတဲ့ ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရင်းနဲ့ အလုပ်ကြိုးစား လုပ်ကိုင်နေရသူတစ်ယောက်ပေါ့။ သားဖြစ်သူ ရာမန်ကတော့ ကောလိပ်တက်နေပြီဖြစ်ပြီး တစ်နေ့မှာ ဖခင်ရဲ့နေရာကို လက်လွှဲယူမယ်ဆိုပြီး အမြဲပြောတတ်တဲ့သူတစ်ယောက်ပါ။ ဆာရီလေးကတော့ ကလေးပီပီ အမြဲ ဆော့မယ် စားမယ်ပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ ဆော့ကစားချင်နေတဲ့ ဆာရီလေးကို မိခင်ဖြစ်သူက အပြင်မှာ သွားကစားဖို့ လွှတ်လိုက်ပါတော့တယ် .. ဆာရီလေးဟာ သူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်းဆော့နေရင်း အနားက အိမ်အိုကြီးထဲကို ဝင်ပုန်းရာကနေ ဝင်ဝင် ဂွမ်ဘယ်သရဲရဲ့ ခေါ်ဆောင်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့ .... ဘယ်လိုခြောက်လှန့်မှုမျိုးနဲ့အတူ ဘယ်လောက်အထိ ကြောက်စရာကောင်းမလဲဆိုတာကို အတူတူ ဆက်လက်ကြည့်ရှုလိုက်ပါဦး...... (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.01 GB / 403MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

ဇာတ်လမ်းအကြောင်း