Rambo မမွေးခင်ကတည်းက သူတို့မိသားစုဟာ ရွာထဲမှာ ကျိန်စာသင့်နေတဲ့မိသားစုလို့ နာမည်ကြီးနေပါတယ်။ ဒီမိသားစုဝင်တွေနဲ့ လက်ထပ်ရင် အိမ်ထောင်ဖက် အသက်ဆုံးရှုံးရတယ်ဆိုတဲ့ အယူအဆကြောင့် ဘယ်သူမှ သူတို့နဲ့ အိမ်ထောင်မပြုချင်ကြဘူး။ ဒါပေမယ့် Rambo ရဲ့အဖေကတော့ ချစ်သူဖြစ်တဲ့ အင်္ဂလိပ်စာဆရာမ Minah Kaif နဲ့ လက်ထပ်လိုက်ပြီး မွေးလာမယ့်ကလေးက မိသားစုဆီ ကံကောင်းခြင်းတွေ ယူဆောင်လာမယ်လို့ ပြောနေခဲ့တယ်။ Rambo မွေးတဲ့နေ့မှာပဲ အဖေက မတော်တဆမှုတစ်ခုနဲ့ ဆုံးပါးသွားပါတယ်။ မိခင်လည်း လေဖြတ်ပြီး သားဖြစ်သူကလွဲလို့ အရာအားလုံးကို မေ့သွားတယ်။ အများက “ဂြိုဟ်ဆိုးကောင်” လို့ ဝိုင်းခေါ်ကြတဲ့ကြားမှာ Rambo ဟာ သိမ်ငယ်နာကျင်မှုတွေနဲ့ ကြီးပြင်းလာခဲ့ရပါတယ်။ သူ့ကြောင့် အမေ့ဆီ ကံဆိုးမှုတွေ ထပ်ရောက်လာမှာစိုးလို့ အမေနဲ့ရွာကို စွန့်ခွာပြီး မြို့မှာ နေ့ရောညပါ အလုပ်ကြိုးစားလုပ်နေခဲ့တယ်။ မြို့မှာ Khatija နဲ့ Kanmani ဆိုတဲ့ မိန်းကလေးနှစ်ယောက်နဲ့ တွေ့လာတဲ့အခါတော့ သူ့ဘဝက ပြောင်းလဲလာပါတယ်။ နှစ်ယောက်စလုံးက သူ့ကို အလွန်ချစ်ကြပြီး တစ်သက်လုံး အပယ်ခံခဲ့ရတဲ့ Rambo အတွက် ဒီလိုချစ်ခြင်းကို တစ်ပြိုင်တည်းရလိုက်တာဟာ ဘဝက အခုမှ အသက်ဝင်လာသလိုပါပဲ။ သူကလည်း နှစ်ယောက်လုံးကို ညီတူညီမျှ ချစ်တယ်လို့ ဆိုနေတော့ ဒီသုံးယောက်ရဲ့ အချစ်ရေးက ဘယ်လိုအဆုံးသတ်သွားမလဲ။
ဇာတ်ကားကြည့်ရန်