Laththi Charge
မူရူဂါဟာ ဇနီးကာဗီသာ၊ ဆယ်နှစ်အရွယ်သားလေးတို့နဲ့အတူ နေထိုင်တဲ့ ရဲတစ်ယောက်ပါ။ မိန်းကလေးတစ်ယောက်ကို လိုက်နှောင့်ယှက်သူကို မုဒိမ်းမှုကျူးလွန်သူလို့ မှားယွင်းဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မိတာကြောင့် တစ်နှစ်တာ တာဝန်ရပ်ဆိုင်းခံလိုက်ရပါတယ်။ ခြောက်လအကြာမှာတော့ ဆရာဖြစ်ခဲ့ဖူးတဲ့ ရန်ဂနန်သမ်ရဲ့ အကူအညီနဲ့ အလုပ်ပြန်ဝင်ခွင့်ရလာတယ်။ တာဝန်ပြန်ထမ်းဆောင်ရင်း မူရူဂါဟာ အလားတူပြဿနာမျိုးနဲ့ ထပ်ကြုံရပြန်ပါတယ်။ DIG ကာမလ်ရဲ့သမီးကို အရှက်ရအောင်လုပ်ခဲ့တယ်ဆိုတဲ့ သံသယတရားခံတစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ခဲ့ပေမယ့် အဲဒီလူက မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သား ဗယ်လိုင် ဖြစ်နေပါတယ်။ ဒီကနေ စလာတဲ့ရန်ငြိုးက ဘယ်အထိ ဆက်ကြီးထွားလာမလဲ၊ မိသားစုကိုချစ်တဲ့ မူရူဂါကရော မာဖီးယားဂိုဏ်းနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ။ မူရူဂါအဖြစ် ဗီရှယ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း