သိပ္ပံစူးစမ်းသူ Stuart ဟာ အချိန်အက်ကြောင်းတစ်ခုကနေ ၁၈၇၆ ခုနှစ်ကို ရောက်သွားပါတယ်။ အဲဒီခေတ်က အင်္ဂလိပ်နယ်စားမင်း Leopold က သူ့ကို မသင်္ကာလို့ နောက်ကလိုက်လာရင်း မတော်တဆ ခေတ်သစ်ကို ရောက်လာတော့တယ်။ Hugh Jackman က ဒီနယ်စားမင်းအဖြစ် သရုပ်ဆောင်ထားပါတယ်။ ၁၉ ရာစုကနေ ရောက်လာတဲ့ Leopold အတွက် ဒီဘက်ခေတ်က အရာရာဟာ အသစ်အဆန်းတွေပါပဲ။ သူရှိနေတာ ခေတ်သစ်နယူးယော့ခ်ဆိုတာကိုတောင် မသိဘဲ Stuart ကို နယူးယော့ခ်ပြန်ပို့ပေးဖို့ တောင်းဆိုနေပါတယ်။ အောက်ထပ်မှာနေတဲ့ Stuart ရဲ့ရည်းစားဟောင်း Kate ကတော့ အပေါ်ထပ်က ထူးဆန်းနေတဲ့အခြေအနေတွေကို သတိထားမိပေမယ့် ရည်းစားဟောင်းတစ်ယောက် ချစ်သူအသစ်ခေါ်လာတယ်လို့ပဲ ထင်နေတယ်။ ခေတ်ဟောင်းက နယ်စားမင်းတစ်ယောက် ဒီဘက်ခေတ်မှာ ဘာတွေကြုံရဦးမလဲ၊ Kate နဲ့ သူ့ကြားမှာ ဘယ်လိုအချစ်ဇာတ်လမ်း ဖြစ်လာမလဲ၊ ကိုယ့်ခေတ်ကိုရော ပြန်ရောက်နိုင်ဦးမလားဆိုတဲ့ မေးခွန်းတွေနဲ့ ဇာတ်လမ်းဆက်သွားပါတယ်။
ဇာတ်ကားကြည့်ရန်