VHS Halloween ကတော့ 2025 နှစ် September လထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အမေရိကန် ထိတ်လန့်သည်းဖို မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ Bloody Disgusting ကနေထုတ်လုပ်ထားတာဖြစ်ပြီးတော့ VHS Beyond(2024) ရဲ့ sequel ၊ VHS franchise ရဲ့ ၈ ခုမြောက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ VHS ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း VHS ကင်မရာတွေနဲ့ မှတ်တမ်းတင်ထားတဲ့ ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ဟောလိုးဝင်းပွဲတော်ကို အဓိကထားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုတွေကို စုစည်းထားပါတယ်။ဒီဇာတ်ကားမှာတော့ အပိုင်း(၅) ပိုင်းပါဝင်ပြီးတော့ ဟောလိုးဝင်းပွဲတော်မှာ မိန်းကလေးနှစ်ယောက်ရဲ့ စူးစမ်းလိုစိတ်ကြောင့် ဒုက္ခရောက်ရတာတွေ၊ ကလေးတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တဲ့သူတစ်ယောက်ရဲ့ ခြောက်ခြားစရာမှတ်တမ်းတွေ ၊ ကျိန်စာသင့်ပွဲတော် ဇာတ်လမ်း ၊ ဆိုဒါဗူးလေးတစ်ဗူးကနေ စတင်တဲ့ အကြမ်းဖက်စက်ရုံ အစရှိတဲ့ ထိတ်လန့်စရာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။IMDb 6.2 ထိရထားပြီး သွေးထွက်သံယိုအခန်းတွေတော်တော်များများပါဝင်ထားလို့ သတိထားပြီးကြည့်ရှုစေချင်ပါတယ်။ မှတ်တမ်းရုပ်ရှင်တွေကြိုက်နှစ်သက်သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမယ့်ရုပ်ရှင်တစ်ခုအဖြစ် ရှိနေမှာပါ ။ File size…(2.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်