ဒီဇာတ်လမ်းတွဲလေးကတော့ Paulo Lins ရေးသားတဲ့ မှုခင်းဝတ္ထုရှည်ကို မှီငြမ်းပြီးတော့ ၂ဝဝ၂ မှာ ရိုက်ကူးထွက်ရှိခဲ့တဲ့ City of God (ဘုရားသခင်မြို့တော်) ဆိုတဲ့ နာမည်ကျော် ပေါ်တူဂီမှုခင်းဇာတ်လမ်းရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွဲအဖြစ် ၂ဝ၂၄ မှာ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ၂ဝဝ၂ ရဲ့ ဇာတ်လမ်းထဲက အဖြစ်အပျက်တွေပြီးတဲ့နောက် နှစ်ပေါင်း ၂ဝ အကြာမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မှုခင်းသတင်းထောက် ရော့ကတ် (အမည်ရင်း - ဝီလ်ဆန် ရော့ဒရစ်) ပဲဖြစ်ပါတယ်။ ဝီလ်ဆန်တစ်ယောက် သက်လတ်ပိုင်းအရွယ်မှာ သူကြီးပြင်းခဲ့တဲ့ ဘရားဇီးနိုင်ငံ ရီယို ဒီဂျနဲရိုမြို့က ဆင်းရဲသားရပ်ကွက်တဖြစ်လည်း ဘုရားသခင်မြို့တော်ကို မှုခင်းသတင်းထောက်အနေနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဇာတ်လမ်းတွဲတလျှောက်လုံးမှာ ဝီလ်ဆန်တစ်ယောက် ရာဇဝတ်သားတွေ၊ သူခိုးဂျပိုးတွေ၊ ဂိုဏ်းတွေ၊ လာဘ်ပေးလာဘ်ယူ လက်မရွံ့စစ်သားတွေ၊ နိုင်ငံရေးအမြတ်ထုတ်မှုတွေကြားမှာ သူတို့ရဲ့ ဆင်းရဲသား ဆင်ခြေဖုံးရပ်ကွက်ကလေး မြေစာပင်ဖြစ်ပြီး နင်းပြားဘဝရောက်ရပုံကို narrate လုပ်ပြထားတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ လက်ရှိမီယမ်မာနိုင်ငံလည်း ဒီအတိုင်း ထူးမခြားနား ဖြစ်လို့ ရင်ဘတ်ချင်းထပ်တူကျမှာပါ။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(1.3 GB)/(697 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo
ဇာတ်ကားကြည့်ရန်