The Murky Stream (2025) အပိုင်း (၁ မှ ၉) စ/ဆုံး Historical Drama ကြိုက်နှစ်သက်သူတွေအတွက် Extraordinary You က Rowoon, A Hundred Memories က Shin Ye Eun နဲ့ Park Seo Ham စတဲ့ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေ အဓိကပါဝင်ထားတဲ့ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားပြီး ပျက်ပြားနေတဲ့လူမှုရေးစနစ်တွေကို အခြေခံရိုက်ကူးထားတဲ့ကားလေးပါ။ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့အပြင် အတိတ်ကို ဖုံးကွယ်ထားပြီး ပစ္စုပ္ပန်မှာ လူဆိုးဂိုဏ်းအဖွဲ့ဝင်အဖြစ်ရပ်တည်နေတဲ့ မာဖိုကူးတို့ဆိပ်က “ဂျန်ရှီယူးလ်” .. ထက်မြက်ဖြောင့်မတ်ပြီး ဂျိုဆွန်းရဲ့အကြီးမားဆုံးကုန်သည်အဖွဲ့ကြီးကို ဦးဆောင်နေတဲ့ “ချွဲအွန်း” .. အကျင့်ပျက်ခြစားမှုတွေအတွက် အမှုစီရင်ပေးနေတဲ့ ခေတ်ပျက်ကြီးထဲက တရားမှုရဲ့ဘက်တော်သားတစ်ယောက်ဖြစ်တဲ့ “ဂျောင်ချွန်း” .. ဒီလူသုံးယောက်ရဲ့ရှေ့ဆက်ဖြစ်လာမဲ့ ကံကြမ္မာတွေအပြင် မြစ်တစ်စင်းလိုပဲ အစပိုင်းမှာတော့ ကြည်လင်သန့်ရှင်းနေပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တစ်စတစ်စညစ်ညမ်းလာတတ်တဲ့ လူသားတွေရဲ့လောဘဒေါသမောဟတွေနဲ့ မရိုးဖြောင့်သူတွေကြားက ဖြောင့်မတ်သူတို့အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ အချိန်အားဖြင့်လည်း အပတ်စဉ် သောကြာနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ရှုစားပေးကြပါဦးနော်။ Episodes: 09 Aired: Sep 26, 2025 - Oct 17, 2025 Aired On: Friday Original Network: Disney+ Genres: Action, Thriller, Historical, Drama
ဇာတ်ကားကြည့်ရန်