ဇာတ်ကားများ ရွေးရန်

Extraordinary You

2019ဇာတ်လမ်းတွဲအမှတ် 8.1/10

Extraordinary You (2019) KDrama လောကသားတွေထဲ 2019 တုန်းကထွက်ရှိခဲ့တဲ့ Extraordinary You ကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။ "W:Two Words Apart"လိုမျိုး Webtoon နဲ့ လက်တွေ့ဘဝဆက်စပ်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့အတွက် Fantasy ကြိုက်သူတိုင်း ရင်းနှီးပြီးသားဇာတ်လမ်းလေးပါ။ ချမ်းသာတဲ့မိသားစု‌နောက်ခံနဲ့ 17နှစ်အရွယ် အထက်တန်းကျောင်းသူလေး Eun Dan Oh ဟာ ကိုယ်တွေဘက်ကကြည့်ရင်‌တော့ Extraordinary You ရဲ့ အဓိကဇာတ်လိုက်ပါ။ ဒါပေမယ့် Webtoon ဆရာ ရေးဆွဲထားတဲ့ကမ္ဘာမှာရှိတဲ့ Eun Dan Ohကတော့ နှလုံးရောဂါသည် ဇာတ်ပို့မလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ လက်တွေ့နဲ့ Webtoon ဆရာ ရေးဆွဲထားတဲ့ ဇာတ်ကွက်တွေကြား အချိန်အပိုင်းအခြားကို သတိပြုမိခဲ့တဲ့ Eun Dan Ohဟာ သူ့ရဲ့တကယ့်ဘဝက ဇာတ်ခုံပေါ်မှာရှိနေတာကိုသိရှိသွားပြီးတဲ့နောက် သူကိုယ်တိုင် ဇာတ်လိုက်ဖြစ်နေမယ့် လက်တွေ့ကမ္ဘာကြီးမှာလွတ်လွတ်လပ်လပ်ပဲ ရှင်သန်ဖို့ကြိုးစားပါတော့တယ်။ ရှုပ်ထွေးတဲ့ Webtoonဇာတ်ကွက်တွေနဲ့ သူ့ရဲ့လက်တွေ့ဘဝကြားထဲ သေချာပေါက်‌ မင်းသားလေးနှစ်လက်ကပါ ရောယှက်ပါဝင်နေဦးမှာပါ။ "July found by Chance"ဆိုတဲ့ Webtoonရဲ့ Live Action လည်းဖြစ်သလို တခြား school drama‌တွေနဲ့ ကွဲထွက်နေတဲ့အတွက် အတော်လေးအောင်မြင်ခဲ့တဲ့ကားကောင်းတစ်ကားလို့လည်းဆိုလို့ရပါတယ်။ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Kim Hye Yoon, Rowoon နဲ့ Lee Jae Wook တို့ရဲ့ chemistryကလည်းပြောစရာကိုမလိုတာ လူတိုင်းအသိပါပဲ။ ဒါအပြင် Lee Jae Wookတို့ Kim Young Daeတို့လို လက်ရှိမှာနာမည်ရနေတဲ့ မင်းသားတွေကို တစ်စုတစည်းတည်းမြင်ရမယ့် ဇာတ်လမ်းလေးလည်းဖြစ်တော့... ဘယ်ချိန်ကြည့်ကြည့် ရိုးမသွားတဲ့အပြင် 2019ရဲ့လေပြည်လေးဖြစ်ခဲ့တဲ့ Extraordinary You ကို CM က ပြန်လည်ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Milkeux, Hmwe, Laii, Shin, Cali တို့ပဲ ဖြစ်ပါတယ်။ Genre..... Action & Adventure, Comedy, Sci-Fi & Fantasy Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Milkeux, Hmwe, Laii, Shin, Cali Encoder ..... Aaron

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း